Burmese Subtitle
BluRay 1080p 6CH Rules of Engagement (2000)
Report error

Rules of Engagement (2000)

Rules of Engagement    

R 128 min DramaThrillerWar

6.4
IMDB: 6.4/10 40,850 votes

, ,

, , , , , , , , ,

1 win & 2 nominations.

UK, Germany, Canada, USA

94

Report error

ဒီရက်ပိုင်း ပျင်းပျင်းနဲ့ ဇာတ်ကားတွေ လိုက်ရှာကြည့်ရင်း အသိအစ်ကိုတစ်ယောက်
ထည့်ပေးထားတဲ့ ထဲက ဇာတ်ကား တစ်ကား ကြည့်ဖြစ်လိုက်တယ် ကောင်းနိုး ကောင်းနိုးနဲ့ 
ဇာတ်ကားတွေ လိုက်ရှာကြည့်ရင်း ကြည့်မိလိုက်တာက rules of engagement ဆိုတဲ့ကား
ဇာတ်လမ်းက စစချင်း အမေရိကန် ဗီယက်နမ် စစ်ပွဲထဲက တိုက်ပွဲတစ်ခုကနေ စတည်ထားတယ်
စိတ်ထဲထင်လိုက်တာက စစ်ကားတစ်ကားပေါ့ စစ်ကားတွေလည်း မကြည့်ဖြစ်တာလည်း ကြာ
နောက်ပြီး Marvel heroes ဇာတ်ကားတွေက မျက်စိတစ်ဖက်လပ်နဲ့ ခပ်ကြမ်းကြမ်းဘဲကြီး Agents of shield
ဒါရိုက်တာ Nick Fury အနေနဲ့ လူသိများတဲ့ မင်းသား ကြီး Samuel L. Jackson တစ်ယောက် ဘယ်လိုပွဲထွက်လာမလဲ
သိချင်လို့ ဆက်ကြည့်ဖြစ်လိုက်တယ်

ကြည့်နေရင်း ကြည့်နေရင်းနဲ့ ဇာတ်ကားက အသွင်ပြောင်းလာတယ် သေနတ်သံတွေ တစ်ဒိုင်းဒိုင်းပစ်တာ
မမြင်ရတော့ဘဲ စကားသံတွေပဲ အဆက်မပြတ်ကြားလာရတယ် ရုပ်ဆိုးဆိုး အဘိုးကြီး နှစ်ယောက်ဦးဆောင်ထားတဲ့
ကား စကားတွေချည်းပဲ ပြောနေလို့ ဇာတ်ကားပေါ် အာရုံတစ်ချက် လွတ်မသွားစေရဘူး သေသပ်တဲ့ ဒိုင်ယာလော့တွေ
ဖုံးကွယ်ထားတဲ့ မျြုပ်ကွက်တွေ နဲ့ ဘာဆက်ဖြစ်မလဲ ဆိုတဲ့ စိတ်ကိုနှိုးဆွပြီး ဇာတ်ကားဆုံးတဲ့အထိ ဆွဲဆောင်သွားတယ်
ထူးထူးခြားခြားလို့ ပြောရမလား အကြမ်းအရမ်းခန်းတွေနဲ့ နာမည်ကြီး ဇာတ်ကောင် Samuel L. Jackon (Nick Fury)
ကိုတစ်ခါမှမမြင်ဖူးတဲ့ပုံစံနဲ့ မြင်လိုက်ရတယ်

ဇာတ်ကားအကြောင်းကိုအတိုချုပ်ပြောရရင် ကာနယ် Childers (Jackson) တစ်ယောက် ယီမင်မှာရှိတဲ့
အမေရိကန်သံရုံးကသံအမတ်မိသားစုကို ဆန္ဒပြမှုတွေကြားကနေ သွားခေါ်ဖို့ အမိန့် ပေးခံရတယ် သူရောက်တဲ့
အချိန်မှာအခြေအနေ ကတော်တော်ဆိုးနေပြီ ဆန္ဒပြလူအုပ်စုက ခဲတွေ မီးတုတ်တွေနဲ့ ပစ်ခတ်နေသလို
ခေါင်းမိုးပေါ်ကနေလည်း သေနတ်တွေနဲ့ ပစ်ခတ်နေပြီကယ်ထုတ်မှရမယ့် အခြေအနေမှာမို့ သံအမတ်
လင်မယားကို ကယ်ထုတ်နေတဲ့အချိန်မှာတင်တပ်သားသုံးယောက် ကျသွားတယ်

ကျည်ဆံတွေကြား တပ်ဖွဲ့ ဝင်တွေ ခေါင်းမဖော်ရဲတဲ့ အခြေအနေမှာ Childers အနေနဲ့ သူ့ ရဲဘော်တွေကို ဆန္ဒပြ
လူအုပ်ကြားပစ်မိန့် ပေးလိုက်တယ် ကလေးတွေ သက်ကြီးရွယ်အိုတွေ မိန်းမတွေ ပါဝင်တဲ့ ဆန္ဒပြလူအုပ်ကြား
ပစ်ခတ်အပြီးမှာ တစ်ဖက်ကသေနတ်သမားတွေ ရပ်သွားသလို သံရုံးလည်း စုတ်ပြတ်ကျန်နေခဲ့တယ်

ပြသာနာက အဲ့မှာစတာပဲ အမေရိကန်တပ်ဖွဲ့ ဝင် သုံးယောက်သေဆုံးသွားသလို ဆန္ဓပြလူအုပ်ဘက်ကလည်း
၈၃ ယောက်သေဆုံးသွားတယ် သေဆုံးသူတွေထဲမှာ ကလေးသူငယ်တွေ အမျိုးသမီးတွေ
သက်ကြီးရွယ်အိုတွေလည်း ပါလာခဲ့တယ်။အဲ့ဖြစ်ရပ်အပြီးမှာတော့ နိုင်ငံတကာ သတင်းစာတွေကြား
ခေါင်းကြီးပိုင်းမှာပါလာခဲ့ပြီး အမေရိကန် လုံခြုံရေးဆိုင်ရာ အကြံပေးအနေနဲ့ ကာနယ် Childers
တစ်ယောက်ကို စစ်ခုံရုံးတင်ဖို့ လုပ်ပါတော့တယ် ဘာတွေဖြစ်ခဲ့လဲ ဘယ်လိုဖြစ်ခဲ့လဲ သူမသိချင်ဘူး
သူသိတာက နိုင်ငံတကာက ပေးလာမယ့် ဖိအားတွေ အားလုံးကို ကာနယ် Childers နဲ့ ပဲ
စတေးလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်

အဲ့အချိန်မှာ ကာနယ် Childers အနေနဲ့ လုံးဝ တုန်လှုပ်သွားတယ် တစ်သက်လုံး သူအသက်ပေးကာကွယ်လာတဲ့
တာဝန်ထမ်းဆောင်လာတဲ့ သူ့ အမိမြေက သူ့ ကို ငြိမ်းချမ်းရေးပျက်ပြားစေမှု မလျော်ကန်သော
ပြစ်မှုလုပ်ဆောင်မှု လူသတ်မှုစတာတွေနဲ့ စွဲချက်တင်လာခဲ့တယ် သူအမှုနိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ
သူမြတ်နိုးတဲ့ စစ်သားဘဝ က နိထ္ထိ တံသွားပြီ သူသေဒဏ်ကျနိုင်တယ် နှစ်ရှည်လများ တစ်သက်လုံး
ထောင်ထဲမှာ နေသွားရနိုင်တယ် ဆယ်ခုနှစ်များစွာ တာဝန်ကျေပွန်စွာ ထမ်းဆောင်လာခဲ့သမျှ
နေ့ ချင်းညချင်း တရားခံ တစ်ယောက်လိုသတ်မှတ်ခံလိုက်ရတယ် ဒီအချိန်မှာ
သူဆွဲမိ ဆွဲရာ ဆွဲလိုက်တဲ့ကောက်ရိုး တစ်မျှင်က သူ့ ရဲ့အချစ်ဆုံး သူငယ်ချင်း လည်းဖြစ်
ရဲဘော်ရဲဘက်ဟောင်းလည်း ဖြစ်တဲ့ Hodges ဗီယက်နမ် စစ်ပွဲမှာ တိုက်ပွဲဝင်ပြီးကတည်းက ရုံးပိုင်းဆိုင်ရာ
တွေနဲ့ ပဲ ကျင်လည်နေခဲ့ရသူ စစ်ဘက်ရှေ့ နေ တစ်ယောက်ဆိုပေမယ့် အမှုတောင် ကောင်းကောင်းမလိုက်ခဲ့ဘူး
သလို ရက်ပိုင်းအတွင်းမှာပဲ အငြိမ်းစားယူတော့မယ်သူ အသိုင်းအဝိုင်းတွေ မိဘတွေက တားတဲ့ကြားက
သူ့ အချစ်ဆုံးသူငယ်ချင်းလည်း ဖြစ် သူ့ အသက်သခင်လည်း ဖြစ်တဲ့ Childers ကို အမှုလိုက်ပေးဖို့ 
ဆုံးဖြတ်လိုက်တဲ့အခါ သူတို့ ရင်ဆိုင်ရမှာက စစ်ဘက်ရှေ့ နေ့ တွေထဲက အတော်ဆုံး ဆွဲချရှေ့
နေတစ်ယောက်ဒါ့အပြင် နိုင်ငံတော် လုံခြုံရေးအကြံပေးရဲ့ဖိအားတွေနဲ့ သက်သေခံတွေ
သူကိုယ်တိုင် ကယ်တင်ပေးခဲ့တဲ့ သံအမတ်ကိုယ်တိုင်က သူ့ ဘက်မှာမရှိ သူတို့ အဖြစ်က
သတ်ကွင်းထဲက သိုးငယ်တွေလို

ဒီလို အခြေအနေနဲ့  နှစ်ဦးသား တရားခွင်မှာ ရင်ဆိုင်ရတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို
မှန်းလို့ မရအောင် ရိုက်ပြသွားတာကိုက စိတ်ဝင်စားဖွယ်ကောင်းလွန်းလှတယ် ဒီအခြေအနေမှာ ဇာတ်လမ်းကို
အမြင့်ဆုံး ရောက်အောင် ဆွဲခေါ်သွားသူတစ်ယောက်က Childers အဖြစ် သရုပ်ဆောင်သွားတဲ့
မင်းသားကြီး Jackon ပါပဲ တစ်ခြားသော သူရိုက်ခဲ့သမျှ ဇာတ်ကောင်တွေနဲ့ လုံးဝတစ်သီးတခြား
သရုပ်ဆောင်သွားတယ် စစ်သည်တော်ကောင်း တစ်ယောက် ရဲဘော်ရဲဘက်တွေ အတွက်ဆို ဘာပဲလုပ်ရ
လုပ်ရဆိုတဲ့ သူတစ်ယောက်အဖြစ်သရုပ်ဆောင်သွားတယ် ကျည်ဆံတွေ တစ်ဖွဲဖွဲကျ နေတာတောင်
နိင်ငံတောင် အလံကို ရအောင်ပြန်ယူတဲ့သူ မထင်မှတ်ထားတဲ့ အချို့ အကွေ့  သေဒဏ်ကျခံရနိုင်တဲ့
အခြေအနေမှာ ဝမ်းနည်းစိတ်နဲ့ မျက်ရည်ကျမိပေမယ့် အထက်က အစောင့်တစ်ယောက်ချထား စရာမလိုအောင်
ယုံကြည်ရတဲ့သူ ရန်သူဖြစ်တဲ့ ဗီယက်နမ် ဗိုလ်ချုပ်ဟောင်းကတောင် အလေးပြုရတဲ့သူ တော်လှပါတယ်ဆိုတဲ့
ရှေ့ နေတွေကိုခေါက် အချစ်ဆုံး သူငယ်ချင်းကြီးကိုသာ အကူအညီတောင်းတဲ့သူ သူပြောတဲ့စကားက
တစ်ခွန်းတည်း တိုက်ပွဲဆိုတာကို လက်တွေ့ မကြုံဘူးတဲ့သူတွေကို ငါ့ဘက်က မလိုက်စေချင်ဘူးတဲ့
ယောက်ျားရင့်မာ စစ်သားကြီးတစ်ယောက် ဝမ်းနည်းစိတ် တွေနဲ့ မျက်ရည်ကျမိပုံက ပရိတ်သတ် ရင်ထဲ
ကူးစက်လာအောင် သရုပ်ဆောင် ကောင်းလွန်းလှတယ်

ကြည့်ကြည့်ပါ မြှုပ်ကွက်တွေ ဒိုင်ယာလော့တွေ လိုက်ဖက်ကောင်းမွန်တဲ့ ဇာတ်ရုပ်တွေက
သင့်ကို ဇာတ်လမ်းပြီးဆုံးတဲ့အထိ ဆွဲဆောင်သွားမှာအသေအချာပါ Imdb 6.4 ရထားတဲ့ ဒီကားက
သင့်ကို စိတ်မပျက်စေရုံမက သင့်ကို အမြင်အသစ်တွေ ခံစားချက်အသစ်တွေပေးစွမ်းနိုင်မှာပါ
ဇာတ်လမ်းအရသာ ပျက်မှာဆိုးလို့ ဇာတ်လမ်းကို အပျိုးလေးပဲ ရေးပေးထားပါတယ်
ဘာတွေ ဆက်ဖြစ်မလဲသေချာသိချင်ရင်တော့ကြည့်ကြည့်လိုက်ပါ မိတ်ဆွေ..

(ရုပ်ရှင်အညွှန်းကို Waiyan Naung’s Facebook မှကူးယူဖော်ပြပါသည်။)

File Size – 2.02 GB
Quality – Blu-Ray 1080p 6CH
Running Time – 1hr 45min
Format – mkv
Genre – Drama, Thriller, War
Subtitle – Myanmar (Hard Sub)
Translator – La Has
Encoded By – K#/4nt_M1nn_K0

Rules of Engagement (2000)
Rules of Engagement (2000)
Rules of Engagement (2000)
Rules of Engagement (2000)
Rules of Engagement (2000)
Rules of Engagement (2000)
Rules of Engagement (2000)
Rules of Engagement (2000)
Rules of Engagement (2000)
Rules of Engagement (2000)
No downloads available

Related movies