San Andreas (2015) ဇာတ်ကားက 2015 ခုနှစ်မှာရိုက်ကူးခဲ့တဲ့ Action , Drama , Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ပရိတ်သတ်ကြိုက်မင်းသားကြီး Dwayne Johnson (The Rock) နဲ့ ပရိတ်သတ်ကြိုက်မင်းသမီး Alexandra Daddario တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းကို တစ်ကြောင်းထဲရေးရမယ်ဆိုရင်တော့ California ပြည်နယ်မှာ အလွန်ပြင်းထန်တဲ့ ငလျှင်ကြီးလှုပ်ပြီး ပျက်စီးသွားတဲ့အခါမှာ ကယ်ဆယ်ရေးလုုပ်သားဖြစ်တဲ့ Ray (The Rock) ကသူ ့သမီးကို လိုက်လံကယ်ဆယ်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ငလျင်ပညာရှင် Hayes ရဲ့ ငလျင်လှုပ်တော့မဲ့အကြောင်းကိုအသိပေးပေမဲ့ လူတွေက စိတ်မဝင်စားပဲ တကယ်မဖြစ်သေးတဲ့အခါမှာ ဒီလိုပဲ အမှုမဲ့ အမှတ်မဲ့နေလိုက်ကြရာကနေ တစ်ကယ်လဲဖြစ်ရော. အကုန်တန်းစီပြီး ဒုက္ခတွေတစ်လှေကြီးနဲ ့တွေ့ရတဲ့ဇာတ်ကားပါ။
— Review —
ဒီဇာတ်ကားကိုကြည့်တဲ့အခါမှာ ထင်ထားတာထက်တော့ပိုကောင်းပါတယ်။ Ray အဖြစ်သရုပ်ဆောင်တဲ့ The Rock ကလဲ ဒီ ဇာတ်လမ်းရဲ့ Character နဲ ့လုုိက်ပါတယ်။ ဇာတ်လမ်းက သဘာဝဘေးအန္တရာယ်အကြောင်းရိုက်ပြထားတဲ့ အတွက် ဘာမှထူးထူးခြားခြားတော့မပါပါဘူး။ ဒါပေမဲ့ Special Effect တွေလုပ်ထားတာတော့ တော်တော်မိုက်ပါတယ်။ သဘာဝဘေး အန္တရာယ်ဇာတ်ကားဆိုတော့ ဇာတ်လမ်းအပြီးကို ခန် ့မှန်းလို ့ရနေတယ်။ စိတ်ကူးယဉ်ဇာတ်လမ်းမို ့လို ့လားတော့မသိဘူး တစ်ချို့ အခန်းတွေဆိုရင် တော်တော်လေး ယုတ္တိမတန်ပါဘူး။ လှိုင်းလုံးကြီးအပေါ်ကိုရောက်အောင် တက်တဲ့အခန်းဆိုရင် သူ ့ထက် Power ပိုကောင်းတဲ့ မော်တော်ဘုတ်တွေတောင် အထက်မတက်နိုင်ပဲအောက်ပြန်ပြုတ်ကျပေမဲ့ သူ ့ရဲ့ မော်တော်ဘုတ်လေးကတော့ လှိုင်းလုုံးကိုကျော်ပြီး တက်နိုင်တာမျိုးတွေပေါ့။ The Rock ကြီးမို ့လို ့သူ ့အားကြီးနဲ ့အပေါ်ရောက်အောင်ပို ့ပေးလိုက်တယ်လို ့ပဲသဘောထားလိုက်ပါတယ်လေ။ ဒီဇာတ်ကားကိုကြည့်ရတာ ကောင်းလဲ ကောင်းတယ်… ကောင်းလဲ မကောင်းဘူးလို ့ပြောလို ့ရတယ်။ ကြည့်နေတုန်းမှာတော့ ကြည့်လို ့ကောင်းပေမဲ့ ကြည့်ပြီးရင်တော့ စိတ်ထဲမှာ ဟုတ်တိပတ်တိ ဘာမှမကျန်ဘူး။သည်းထိတ်ရင်ဖို Genre ထဲပါပေမဲ့ ကြည့်ရတာ သိပ်လဲ သည်းထိပ်ရင်ဖိုမဖြစ်ပါဘူး။ ဒါပေမဲ့ ဒီဇာတ်ကားက ဝင်ငွေတော့တော်တော်ကောင်းပါတယ်။ စာရေးသူရဲ့ အမြင်မှာတော့ ဒီဇာတ်ကားဟာ အပျင်းပြေအနေနဲ ့ကြည့်မယ်ဆိုရင်တော့ ကြည့်လို ့ကောင်းတဲ့ဇာတ်ကားတစ်ကားလို ့အကြံပေးပါတယ်။
(ဇာတ်လမ်းအညွှန်းကိုတော့ Datshin Page မှ ကူးယူဖော်ပြထားသည်)