Burmese Subtitle
BluRay 1080p 6CH Sanju (2018)
Report error

Report error

[Unicode]

ဇာတ်ကားတစ်ကား ကို နောက်တစ်ခေါက် ပြန်ကြည့်ရသည်က ကျွန်တော့်အတွက် သိပ်ရှားပါးခဲ့တယ်။ 3 idiots / Kal Ho Na Ho တို့လို ဇာတ်ကားတွေလို အခေါက်ခေါက် ပြန်လှည့်ကြည့်ရင်းမှ
Sanju သည်လည်း အထပ်ထပ်ကြွေပြီး
အခါခါ ဝေရတဲ့ ခံစားမှု မြောက်များစွာနဲ့ပဲ
ဖြစ်ပါတယ်။

ဇာတ်ကားကောင်း တစ်ခုရဲ့ အရည်အသွေးဟာ ရိုက်ကူးမှုဆန်းသစ်ခြင်းကြောင့် သီးသန့်မဟုတ်ဘဲ ပရိသတ်ရဲ့စိတ်အစဉ်မှာ တစ်ခုခု ကျန်ရစ်တွေးမိစေတဲ့ ရွက်ကြွေလေးကြောင့်ပဲ ဖြစ်ပါတယ်။

ဒီလိုပါပဲ။ အတ္ထုပ္ပတ္တိဇာတ်ကား တစ်ခုလို့ ထင်မှတ်ထားခဲ့ပေမယ့် ဒုတိယအကြိမ် ပြန်ကြည့်ခဲ့ရတဲ့အခါ အရင်ကထက် ပိုမို ထင်းလင်းလာခဲ့တယ်။

အဖေနဲ့သား နှစ်ဦးကြားက ဆက်ဆံရေးတစ်ခုဟာလည်း ဒီဇာတ်ကားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ တည်မြဲခဲ့တယ်။ အဖေရဲ့ လောင်းရိပ်အောက်မှာ ရှင်သန်ခဲ့ရတဲ့သား ဆန်ဂျူး။

အပေါင်းအသင်းကြောင့် ဆေးစွဲ အရက်စွဲခဲ့တဲ့ ဆန်ဂျူး ။ အပေအတေ ဘဝမျိုးနဲ့ ကျရှုံးနေခဲ့တဲ့ ဆန်ဂျူး။

ဒီလို အခြေအနေမှာ ဖြစ်တည်နေခဲ့တဲ့ ဆန်ဂျူးကို ပြန်လည်ဖေးမခဲ့တာကတော့ သူငယ်ချင်းကောင်း ကမ်မလီနဲ့ ဆန်ဂျူးရဲ့အဖေ ။

ဒီလိုမျိုး သူတို့နှစ်ဦးရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက ဆန်ဂျူးအတွက် အထောက်အပံ့ကောင်းဖြစ်ခဲ့ရပါတယ်။ ဆေးသမားဘဝကနေ ပြန်လည်ထူထောင်ခဲ့ပြီးဆန်ဂျူးရဲ့ဘဝတဆစ်ချိုးဟာလည်း
ပြောင်းလဲခဲ့ရပါတယ်။

ဒီဇာတ်ကားဟာ မင်းသားကြီးဆတ်ဂျေးဒတ်ရဲ့ ဘဝဖြစ်ရပ်မှန် ဖြစ်လင့်ကစား
ဇာတ်အိမ်ဆန်းသစ်မှုကြောင့် ဒရာမာ ဆန်သည်က တစ်သွယ် / ခွန်အားတစ်ဖုံ ရသည်က တကြောင်းကြောင့် ပိုမိုထူးခြားတဲ့
ဇာတ်လမ်းဖြစ်ခဲ့ရတယ်။

ဒါ့ပြင် ခွန်အားပေးတဲ့ သီချင်းများနဲ့ အလန်းဆုံး ဒိုင်ယာလော့တွေက ဇာတ်လမ်းကို
ထိန်းကွပ်လှပစေခဲ့တယ်။ အဖေနဲ့သား သားနဲ့အဖေ အပြန်အလှန် နားလည်ကြတဲ့ မြင်ကွင်းတွေဟာ ရင်ဘတ်ထဲမှာ တသသ ကျန်ခဲ့တဲ့ အထိဖြစ်ခဲ့ရပါတယ်။

ဒါတင်မက သတင်းလောက မီဒီယာအခင်းအကျင်းတွေနဲ့ လူသားချင်းကျင့်ဝတ်
ဖောက်ဖျက်မှု တွေကိုလည်း တင်ဆက်ပြခဲ့ပါတယ်။ ဒီကားဟာ အရည်အချင်း
သာပြီး အရည်အသွေး မနိမ့်တဲ့ ဇာတ်ကားကောင်းဟုလည်း ထင်မြင်နေမိပါတော့တယ်။

ဒါဟာ 3idiots / PK တို့လို
ကျောက်သားရိုင်းတွေကို သွေးခဲ့တဲ့
ဒါရိုက်တာကြီးရဲ့ နောက်ထပ်လက်ရာ
တစ်ခု သို့မဟုတ်
Sanju ဇာတ်ကားဟာ
အရည်အသွေးတောက်လာခဲ့တဲ့
ကျောက်ရိုင်းတုံးတစ်ခု ဖြစ်ပါလိမ့်မယ် ဟု ထင်မြင်ရင်း။

အညွှန်းကိုတော့ လင်းခယံ ရဲ့ FB Page ကနေကူးယူထားခြင်းဖြစ်ပါတယ်။

.

[Zawgyi]

ဇာတ္ကားတစ္ကား ကို ေနာက္တစ္ေခါက္ ျပန္ႀကည့္ရသည္က ကြ်န္ေတာ့္အတြက္ သိပ္ရွားပါးခဲ႔တယ္။ 3 idiots / Kal Ho Na Ho တို႕လို ဇာတ္ကားေတြလို အေခါက္ေခါက္ ျပန္လွည့္ႀကည့္ရင္းမွ
Sanju သည္လည္း အထပ္ထပ္ေႀကြျပီး
အခါခါ ေ၀ရတဲ႔ ခံစားမႈ ေျမာက္မ်ားစြာနဲ႔ပဲ
ျဖစ္ပါတယ္။

ဇာတ္ကားေကာင္း တစ္ခုရဲ႕ အရည္အေသြးဟာ ရိုက္ကူးမႈဆန္းသစ္ျခင္းေႀကာင့္ သီးသန္႔မဟုတ္ဘဲ ပရိသတ္ရဲ႕စိတ္အစဥ္မွာ တစ္ခုခု က်န္ရစ္ေတြးမိေစတဲ႔ ရြက္ေႀကြေလးေႀကာင့္ပဲ ျဖစ္ပါတယ္။

ဒီလိုပါပဲ။ အတၳဳပၸတၱိဇာတ္ကား တစ္ခုလို႕ ထင္မွတ္ထားခဲ႔ေပမယ့္ ဒုတိယအႀကိမ္ ျပန္ႀကည့္ခဲ႔ရတဲ႔အခါ အရင္ကထက္ ပိုမို ထင္းလင္းလာခဲ႔တယ္။

အေဖနဲ႔သား ႏွစ္ဦးႀကားက ဆက္ဆံေရးတစ္ခုဟာလည္း ဒီဇာတ္ကားရဲ႕ အနက္ရိႈင္းဆံုးေနရာမွာ တည္ျမဲခဲ႔တယ္။ အေဖရဲ႕ ေလာင္းရိပ္ေအာက္မွာ ရွင္သန္ခဲ႔ရတဲ႔သား ဆန္ဂ်ဴး။

အေပါင္းအသင္းေႀကာင့္ ေဆးစြဲ အရက္စြဲခဲ႔တဲ႔ ဆန္ဂ်ဴး ။ အေပအေတ ဘ၀မ်ိဳးနဲ႔ က်ရႈံးေနခဲ႔တဲ႔ ဆန္ဂ်ဴး။

ဒီလို အေျခအေနမွာ ျဖစ္တည္ေနခဲ႔တဲ႔ ဆန္ဂ်ဴးကို ျပန္လည္ေဖးမခဲ႔တာကေတာ့ သူငယ္ခ်င္းေကာင္း ကမ္မလီနဲ႔ ဆန္ဂ်ူးရဲ႕အေဖ ။

ဒီလိုမ်ိဳး သူတို႔ႏွစ္ဦးရဲ႕ ပူးေပါင္းေဆာင္ရြက္မႈေတြက ဆန္ဂ်ဴးအတြက္ အေထာက္အပံ႕ေကာင္းျဖစ္ခဲ႔ရပါတယ္။ ေဆးသမားဘ၀ကေန ျပန္လည္ထူေထာင္ခဲ႔ျပီးဆန္ဂ်ဴးရဲ႕ဘ၀တဆစ္ခ်ိဳးဟာလည္း
ေျပာင္းလဲခဲ႔ရပါတယ္။

ဒီဇာတ္ကားဟာ မင္းသားႀကီးဆတ္ေဂ်းဒတ္ရဲ႕ ဘ၀ျဖစ္ရပ္မွန္ ျဖစ္လင့္ကစား
ဇာတ္အိမ္ဆန္းသစ္မႈေႀကာင့္ ဒရာမာ ဆန္သည္က တစ္သြယ္ / ခြန္အားတစ္ဖံု ရသည္က တေႀကာင္းေႀကာင့္ ပိုမိုထူးျခားတဲ႔
ဇာတ္လမ္းျဖစ္ခဲ႔ရတယ္။

ဒါ့ျပင္ ခြန္အားေပးတဲ႔ သီခ်င္းမ်ားနဲ႔ အလန္းဆံုး ဒိုင္ယာေလာ့ေတြက ဇာတ္လမ္းကို
ထိန္းကြပ္လွပေစခဲ႔တယ္။ အေဖနဲ႔သား သားနဲ႔အေဖ အျပန္အလွန္ နားလည္ႀကတဲ႔ ျမင္ကြင္းေတြဟာ ရင္ဘတ္ထဲမွာ တသသ က်န္ခဲ႔တဲ႔ အထိျဖစ္ခဲ႔ရပါတယ္။

ဒါတင္မက သတင္းေလာက မီဒီယာအခင္းအက်င္းေတြနဲ႔ လူသားခ်င္းက်င့္၀တ္
ေဖာက္ဖ်က္မႈ ေတြကိုလည္း တင္ဆက္ျပခဲ႔ပါတယ္။ ဒီကားဟာ အရည္အခ်င္း
သာျပီး အရည္အေသြး မနိမ့္တဲ႔ ဇာတ္ကားေကာင္းဟုလည္း ထင္ျမင္ေနမိပါေတာ့တယ္။

ဒါဟာ 3idiots / PK တို႔လို
ေက်ာက္သားရိုင္းေတြကို ေသြးခဲ႔တဲ႔
ဒါရိုက္တာႀကီးရဲ႕ ေနာက္ထပ္လက္ရာ
တစ္ခု သို႕မဟုတ္
Sanju ဇာတ္ကားဟာ
အရည္အေသြးေတာက္လာခဲ႔တဲ႔
ေက်ာက္ရိုင္းတံုးတစ္ခု ျဖစ္ပါလိမ့္မယ္ ဟု ထင္ျမင္ရင္း။

အၫႊန္းကိုေတာ့ လင္းခယံ ရဲ႕ FB Page ကေနကူးယူထားျခင္းျဖစ္ပါတယ္။

Sanju (2018)
Sanju (2018)
Sanju (2018)
Sanju (2018)
Sanju (2018)
Sanju (2018)
Sanju (2018)
Sanju (2018)
Sanju (2018)
Sanju (2018)
Sanju (2018)
Sanju (2018)
Sanju (2018)
No downloads available

Related movies