ဒီကနေ့ကဏ္ဍမှာတော့ ပရိသတ် တွေအတွက် သည်းထိတ်ရင်ဖို မှုခင်းအက်ရှင်ဇာတ်ကားလေး ဖော်ပြလိုက်ပါတယ်။ ၂၀၁၅ က ထွက်ရှိခဲ့တဲ့ Sicario ဇာတ်ကားရဲ့ အဆက်အဖြစ် ထွက်ရှိလာတာ ဖြစ်ပြီး ဒါရိုက်တာ စတီဖန်နိုဆော် လီမာရဲ့ လက်ရာဖြစ်ပါတယ်။
မက္ကဆီကန်မူးယစ်မှောင်ခို ဂိုဏ်းတွေဟာ အမေရိကန်နယ် စပ်ကနေ အကြမ်းဖက်သမားတွေ ခိုးသွင်းတယ်ဆိုတာ စုံစမ်းသိရှိ ပြီးနောက်မှာတော့ အက်ဖ်ဘီအိုင် အေးဂျင့်မက်ဂရေဗာဟာ သူလျှို ဟောင်းတစ်ယောက်ဖြစ်တဲ့ အလီဂျန်ဒရိုနဲ့အတူ ဖော်ထုတ်တားဆီး ဖို့ လုပ်ခဲ့ပါတယ်။
အလီဂျန်ဒရိုဟာ မူးယစ်ရာ ဇာရဲ့သမီး အစ္စဘယ်လာရီရက်စ် ကို ပြန်ပေးဆွဲခဲ့တာဟာ မူးယစ် ဂိုဏ်းတွေနဲ့ အခြေအနေကို ပိုပြီး တော့ တင်းမာစေခဲ့ပါတယ်။ အလီဂျန်ဒရိုရဲ့ မိသားစုဟာ အဲဒီ မူးယစ်ရာဇာရဲ့ သတ်ဖြတ်ခြင်းခံခဲ့ ရတာမို့ မူးယစ်ရာဇာကို လက်တုံ့ ပြန်ဖို့ဆိုရင် ဘယ်လိုနည်းလမ်းပဲ ဖြစ်ဖြစ် သုံးမယ့်သူတစ်ယောက် လည်း ဖြစ်ပါတယ်။
အဲဒီနောက် ဂရေဗာတို့ရဲ့ စစ်ဆင်ရေးကို မက္ကဆီကန်အစိုးရ သိရှိပြီးနောက်မှာတော့ သူတို့ရဲ့ စစ်ဆင်ရေးဟာ မှန်းထားချက် တွေနဲ့ လွဲသွားခဲ့ပါတော့တယ်။ ပြန်ပေးဆွဲထားတဲ့ အစ္စဘယ်လာ ကို အပြတ်ရှင်းပစ်ဖို့ ဂရေဗာကို ဖိအားပေးခဲ့ပေမယ့် အလီဂျန်ဒရို ကတော့ လက်မခံခဲ့ပါဘူး။
ဂရေဗာတို့ကို လွှတ်ထား တာဟာ မက္ကဆီကန် မူးယစ်မှောင် ခိုဂိုဏ်းကို တိုက်ခိုက်ပေမယ့် တကယ်ဖြစ်နေတာက မက္ကဆီ ကန် အစိုးရနဲ့ ထိပ်တိုက်တွေ့နေ တာမို့ အခြေအနေတွေကတော့ ပိုဆိုးလာခဲ့ပါတယ်။ အစ္စဘယ် လာဟာ ဖြစ်သမျှအကြောင်းအ ရာမှန်သမျှအတွက် သက်သေဖြစ် နေတာမို့ ဂရေဗာနဲ့ အလီဂျန်ဒရို တို့ အစ္စဘယ်လာကို အကာအ ကွယ်ပေးခဲ့ရပါတယ်။
အဲဒီအခါမှာ ဂရေဗာ၊ အလီ ဂျန်ဒရိုတို့တွေ မူလစစ်ဆင်ရေးအ တွက် ဘယ်လိုတွေ တိုက်ပွဲဝင်ကြ မှာလဲ၊ အပြောင်းအလဲတွေဖြစ် ကုန်တဲ့အခြေအနေတွေအပေါ်မှာ ဘယ်လိုတွေလှုပ်ရှားကြမှာလဲဆို တာ မူးယစ်မှောင်ခိုဂိုဏ်း၊ လူဆိုး ဂိုဏ်းတွေနဲ့ အကြမ်းစားတိုက်ပွဲ တွေ၊ အမိုက်စားအက်ရှင်တွေနဲ့ အတူ ဆက်ကြည့်ဖို့ ဖော်ပြလိုက် ပါတယ်။
ဒီဇာတ်ကားမှာ ပါဝင်သရုပ် ဆောင်ထားသူတွေက Benicio del Toro, Josh Brolin, Isabela Monen Jeffrey Donovan, Catherine Keenen Manuel Garcia-Rulfo, Matthew Modine တို့ပဲဖြစ်ပါတယ်။
(အညွန်းကိုတော့ 7daydaily မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။)
File Size – 1.94 GB
Quality – Blu-Ray 1080p 8CH
Running Time – 2h 02min
Format – mkv
Genre – Action, Crime, Drama
Subtitle – Myanmar (Hard Sub)
Translator – Ye Marn Aung
Encoded By – K#/4nt_M1nn_K0