ရဲအရာရှိဘန်နီဟာ မည်သူမှန်းအတိအကျမသိတဲ့ မြေအောက် လျို့ဝှက် ဒုစရိုက်ခေါင်းဆောင်တစ်ဦးကို
ဖော်ထုတ်ဖို့ကြိုးစားနေခဲ့ ပါတယ်။ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ရဲ့ အမည်ဝှက်ကိုတော့ တုံညိုရှီ ( ကျွဲရိုင်းသတ်သမား )
လို့ပဲ သိထားသလို တုံညိုရှီ ကိုဖော်ထုတ်ဖို့ကြိုးစားရင်း သူ့ရဲ့ သူငယ်ချင်း အသတ်ခံခဲ့ရပြီးနောက် သူငယ်ချင်းရဲ့
ကို ကတိပေးထားတဲ့အတိုင်း သူငယ်ချင်းရဲ့သမီး ဆမန်သာ ကို ဆက်စောင့်ရှောက်ခဲ့ပါတယ်။
ဆမန်သာဟာ တုန်ညိုရှိလို့ သံသယရှိသူပိုင်တဲ့ ကာစီနိုရုံမှာ သူလျိုဝင်လုပ်ရင်း အန္တရာယ်နဲ့ကြုံလာသလို၊
အမေရိကန် လူမျိုး ဖဲသမားလူလိမ် ကော်နာဝက်စ်ကလည်း အဲဒီကာစီနိုဝိုင်းမှာဘဲ လူသတ်မှုတစ်ခုကို
မျက်မြင်သက်သေဖြစ်ပြီး လူသတ်မှုအတွက်အရေးကြီးတဲ့ စမတ်ဖုန်းနဲ့အတူ ထွက်ပြေးလာခဲ့ပါတယ်။
စမတ်ဖုန်းကတော့ fingerprint နဲ့ပိတ်ထားတာမို့ ဖုန်းရဲ့ပိုင်ရှင်ဖြစ်သူကိုယ်တိုင်ဖွင့်ပေးမှရမှာပါ။
ဇာတ်လမ်းကတော့ ဘန်နီ ဟာ ဖဲသမားလူလိမ် ကော်နာဝက်စ် ကို မကာအိုကနေ ဟောင်ကောင်ကို
အခက်အခဲတွေ ကြားထဲက ခေါ်လာဖို့ ကြိုးစားရင်း လမ်းတစ်လျှောက်ကြုံရတာတွေကို ဟာသတွေ
ရယ်စရာတွေ နဲ့ တရုတ်ရိုးရာပွဲတော်အလှတွေ ရောပြီး လှလှပပပြသ ထားတာပါပဲ။
အသက်အရွယ်ကြီးရင့်လာပြီ ဖြစ်ပေမယ့် အခုအချိန်အထိ သူရဲ့ action comedy ပုံစံလေးတွေအတိုင်း
အကောင်းဆုံး သရုပ်ဆောင် ထားတာမို့ ဂျက်ကီရဲ့ ပရိတ်သတ်တွေအတွက် စိတ်ကျေနပ်စရာကောင်း
မယ့်ဇတ်ကားတစ်ကားဆိုတာတော့ အသေအချာပါဘဲ။
Review Credit to Original
File Size – 1.71 GB
Quality – Blu-Ray 1080p 6CH
Running Time – 1h 47min
Format – mkv
Genre – Action, Adventure, Comedy
Subtitle – Myanmar (Hard Sub)
Translator – Wunna Kyaw
Encoded By – Htet Aung Moe