Exit print mode Print Data A+ A- Undo all

Snowpiercer (2013)

AD 2031, the passengers in the train are the only survivors on Earth.
Snowpiercer (2013)Snowpiercer (2013)

Synopsis:

(Zawgyi)

Apocalyptic Future နဲ႕ Action ေရာစပ္ထားတဲ့ ဇာတ္ကားေတြထဲမွာ ဒီကားဟာ ေတာ္ေတာ္ေလး အေတြးအေခၚျမင့္တဲ့ကားမွာပါပါတယ္။ ဒီအမ်ိဳးအစားေတြထဲက တစ္ျခားကားေတြလိုပဲ သူရဲေကာင္းက အကုန္လံုးကို ကယ္တင္မယ္ဆိုတဲ့ ေက်ာရိုးကို အေျခခံထားေပမယ့္ ရွားရွားပါးပါး morale/ethic လွည့္ကြက္ေတြကို လွလွပပ ထည့္ေပးထားတဲ့အတြက္ ဇာတ္ကားျပီးသြားတဲ့တိုင္ ကိုယ့္ကိုကို ေမးခြန္းေတြ ျပန္ျပန္ ေမးေနရတဲ့ ကားေကာင္းတစ္ကားျဖစ္ပါတယ္။
Chris Evans ဟာ Captain ဇာတ္ရုပ္ရဲ႕ အေခ်ာအလွ အကြက္ေတြကို ခဏေဖ်ာက္ထားျပီး ခပ္ၾကမ္းၾကမ္းတုန္းတုန္း သရုပ္ေဆာင္ထားတာ ေတာ္ေတာ္ေလး မိုက္ပါတယ္။

ေရွ႕ပိုင္းက ၾကမ္းခန္းရမ္းခန္းေတြေကာင္းသလို ေနာက္ဆံုးပိုင္းေတြမွာလည္း Curtis ရဲ႕ ခံစားမွုေတြကို အေကာင္းဆံုး ပံုေဖာ္သြားနိုင္ပါတယ္။ ဒါေပမယ့္ ၾကည့္ေနတဲ့ေတာက္ေလွ်ာက္ေတာ့ သူ႕ေနရာမွာ Tom Hardy ၾကီး ဆိုပိုေကာင္းမွာဆိုတဲ့အေတြးက ေပၚေပၚလာတယ္ဗ်။ ဇာတ္ပို႕ဇာတ္ရန္ေတြရဲ႕ သရုပ္ေဆာင္မွုေတြ၊ အထူးသျဖင့္ villain ေတြရဲ႕ သရုပ္ေဆာင္မွုေတြလည္း ဒီကားရဲ႕ အားတစ္အားျဖစ္ပါတယ္။ Character Introduction/building သိပ္မပါေတာ့ အစပိုင္းမွာ နားလည္ေအာင္ လိုက္ၾကည့္ရေပမယ့္ အဲ့လိုမပါတာကပဲ ဒီကားရဲ႕ ထူးျခားတဲ့ ဝိေသသ တစ္ရပ္ျဖစ္ေနပါတယ္။

ဇာတ္ညြွန္းေတြကလည္း ဇာတ္ေကာင္တစ္ေကာင္ခ်င္းစီနဲ႕ လိုက္ဖက္ေအာင္ အခန္းတိုင္းနဲ႕ လိုက္ဖက္ေအာင္ေရးထားျပီး တစ္ကားလံုးရဲ႕ ပံုစံနဲ႕လည္း ကြက္တိဝင္ပါတယ္။ ျပီးေတာ့ ဇာတ္ကားရဲ႕ setting, makeup/dressing ေတြကိုလည္း ေသေသခ်ာခ်ာ လုပ္ထားျပီး တစ္ကားလံုးရဲ႕ ဇာတ္လမ္းပိုင္းအရဆြဲေဆာင္မွု၊ အရည္အေသြး၊ ျပီးေတာ့ ၾကည့္ေနတဲ့ ပရိတ္သတ္ရဲ႕ စိတ္ခံစားခ်က္ကို ထိန္းခ်ဳပ္တဲ့ေနရာမွာ တစ္ျခားကားေတြထက္စာရင္ ပိုအေရးပါေနပါတယ္။
ဒီလိုအနာဂတ္ကာလေခတ္ပ်က္ကားေတြတိုင္းမွာ ရွိတတ္တဲ့ Theme ကလည္း ဒီကားမွာပိုျပီးထူးျခားေပၚလြင္ေနပါတယ္။ ရထားရဲ႕ အတြဲေတြၾကားမွာ အဆင့္အတန္းကြာျခားပံုကို ဇာတ္ေကာင္ေတြရဲ႕ ေျပာစကား၊ အမူအရာ၊ အဝတ္အစား၊ ျပီေတာ့ setting ေတြနဲ႕ ရိုက္ျပထားျပီး လိုခ်င္တဲ့ Theme ကိုရေအာင္ အစအဆံုးထိ ထိန္းထားႏိုင္ပါတယ္။

ဒီကားကိုရိုုက္ထားတာ ကိုရီးယားဒါရုိက္တာ Joon-ho Bong ျဖစ္ပါတယ္။ ကိုရီးယား ဒါရိုက္တာတစ္ေယာက္ရဲ႕ အေရွ႕တိုင္းဆန္ဆန္အယူအဆ ေတြနဲ႕ Hollywood သရုပ္ေဆာင္ေတြ ေပါင္းစပ္ထားမွဳက ေတာ္ေတာ္ေလးၾကည့္ေကာင္းပါတယ္။ အထူးသျဖင့္ တိုက္ခန္းခိုက္ခန္းေတြမွာ ေတာ္ေတာ္ေလး ေပၚလြင္တဲ့ Asian touch ေတြဟာ ဒီကားရဲ႕ အေကာင္းဆံုးအခန္းေတြျဖစ္လာပါတယ္။

အခ်ဳပ္အေနနဲ႕ ေျပာရရင္ေတာ့ snowpiercer ဟာ ျမင္ေနက် ပံုေတြနဲ႕ေတာ့ ကြာျခားေနမွာပါ။ ဒါေပမယ့္ သူတို႕ ရထားတြဲတစ္တြဲကတစ္တြဲကူးလာေလေလ ဇာတ္လမ္းရဲ႕ ပံုစံက အဘက္ဘက္ကျမင့္လာေလေလ ၾကည့္လို႕ေကာင္းလာေလေလ ျဖစ္မွာပါ။ ရုပ္ရွင္ခ်စ္ပရိတ္သတ္ၾကီး လက္မလႊတ္သင့္တဲ့ ကားေကာင္းတစ္ကား အျဖစ္ တင္ဆက္လိုက္ပါတယ္။

Review Credit to DatShin Page

 

(Unicode)

Apocalyptic Future နဲ့ Action ရောစပ်ထားတဲ့ ဇာတ်ကားတွေထဲမှာ ဒီကားဟာ တော်တော်လေး အတွေးအခေါ်မြင့်တဲ့ကားမှာပါပါတယ်။ ဒီအမျိုးအစားတွေထဲက တစ်ခြားကားတွေလိုပဲ သူရဲကောင်းက အကုန်လုံးကို ကယ်တင်မယ်ဆိုတဲ့ ကျောရိုးကို အခြေခံထားပေမယ့် ရှားရှားပါးပါး morale/ethic လှည့်ကွက်တွေကို လှလှပပ ထည့်ပေးထားတဲ့အတွက် ဇာတ်ကားပြီးသွားတဲ့တိုင် ကိုယ့်ကိုကို မေးခွန်းတွေ ပြန်ပြန် မေးနေရတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။
Chris Evans ဟာ Captain ဇာတ်ရုပ်ရဲ့ အချောအလှ အကွက်တွေကို ခဏဖျောက်ထားပြီး ခပ်ကြမ်းကြမ်းတုန်းတုန်း သရုပ်ဆောင်ထားတာ တော်တော်လေး မိုက်ပါတယ်။

ရှေ့ပိုင်းက ကြမ်းခန်းရမ်းခန်းတွေကောင်းသလို နောက်ဆုံးပိုင်းတွေမှာလည်း Curtis ရဲ့ ခံစားမှုတွေကို အကောင်းဆုံး ပုံဖော်သွားနိုင်ပါတယ်။ ဒါပေမယ့် ကြည့်နေတဲ့တောက်လျှောက်တော့ သူ့နေရာမှာ Tom Hardy ကြီး ဆိုပိုကောင်းမှာဆိုတဲ့အတွေးက ပေါ်ပေါ်လာတယ်ဗျ။ ဇာတ်ပို့ဇာတ်ရန်တွေရဲ့ သရုပ်ဆောင်မှုတွေ၊ အထူးသဖြင့် villain တွေရဲ့ သရုပ်ဆောင်မှုတွေလည်း ဒီကားရဲ့ အားတစ်အားဖြစ်ပါတယ်။ Character Introduction/building သိပ်မပါတော့ အစပိုင်းမှာ နားလည်အောင် လိုက်ကြည့်ရပေမယ့် အဲ့လိုမပါတာကပဲ ဒီကားရဲ့ ထူးခြားတဲ့ ဝိသေသ တစ်ရပ်ဖြစ်နေပါတယ်။

ဇာတ်ညွှန်းတွေကလည်း ဇာတ်ကောင်တစ်ကောင်ချင်းစီနဲ့ လိုက်ဖက်အောင် အခန်းတိုင်းနဲ့ လိုက်ဖက်အောင်ရေးထားပြီး တစ်ကားလုံးရဲ့ ပုံစံနဲ့လည်း ကွက်တိဝင်ပါတယ်။ ပြီးတော့ ဇာတ်ကားရဲ့ setting, makeup/dressing တွေကိုလည်း သေသေချာချာ လုပ်ထားပြီး တစ်ကားလုံးရဲ့ ဇာတ်လမ်းပိုင်းအရဆွဲဆောင်မှု၊ အရည်အသွေး၊ ပြီးတော့ ကြည့်နေတဲ့ ပရိတ်သတ်ရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်တဲ့နေရာမှာ တစ်ခြားကားတွေထက်စာရင် ပိုအရေးပါနေပါတယ်။
ဒီလိုအနာဂတ်ကာလခေတ်ပျက်ကားတွေတိုင်းမှာ ရှိတတ်တဲ့ Theme ကလည်း ဒီကားမှာပိုပြီးထူးခြားပေါ်လွင်နေပါတယ်။ ရထားရဲ့ အတွဲတွေကြားမှာ အဆင့်အတန်းကွာခြားပုံကို ဇာတ်ကောင်တွေရဲ့ ပြောစကား၊ အမူအရာ၊ အဝတ်အစား၊ ပြီတော့ setting တွေနဲ့ ရိုက်ပြထားပြီး လိုချင်တဲ့ Theme ကိုရအောင် အစအဆုံးထိ ထိန်းထားနိုင်ပါတယ်။

ဒီကားကိုရိုုက်ထားတာ ကိုရီးယားဒါရိုက်တာ Joon-ho Bong ဖြစ်ပါတယ်။ ကိုရီးယား ဒါရိုက်တာတစ်ယောက်ရဲ့ အရှေ့တိုင်းဆန်ဆန်အယူအဆ တွေနဲ့ Hollywood သရုပ်ဆောင်တွေ ပေါင်းစပ်ထားမှုက တော်တော်လေးကြည့်ကောင်းပါတယ်။ အထူးသဖြင့် တိုက်ခန်းခိုက်ခန်းတွေမှာ တော်တော်လေး ပေါ်လွင်တဲ့ Asian touch တွေဟာ ဒီကားရဲ့ အကောင်းဆုံးအခန်းတွေဖြစ်လာပါတယ်။

အချုပ်အနေနဲ့ ပြောရရင်တော့ snowpiercer ဟာ မြင်နေကျ ပုံတွေနဲ့တော့ ကွာခြားနေမှာပါ။ ဒါပေမယ့် သူတို့ ရထားတွဲတစ်တွဲကတစ်တွဲကူးလာလေလေ ဇာတ်လမ်းရဲ့ ပုံစံက အဘက်ဘက်ကမြင့်လာလေလေ ကြည့်လို့ကောင်းလာလေလေ ဖြစ်မှာပါ။ ရုပ်ရှင်ချစ်ပရိတ်သတ်ကြီး လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကား အဖြစ် တင်ဆက်လိုက်ပါတယ်။

Review Credit to DatShin Page

Original title
Snowpiercer
Director
Bo Eun Park, Bong Joon-ho, Jakub Dvorak
Stars
Alison Pill, Chris Evans, Ed Harris, Ewen Bremner, Go Ah-sung, Jamie Bell, John Hurt, Octavia Spencer, Song Kang-ho, Tilda Swinton
Release Date
11 Jul 2014
Rated
R
Runtime
126 min
Awards
33 wins & 103 nominations.
Country
South Korea, Czech Republic
Budget
USD $39 200 000,00
Revenue
USD $86 758 912,00
Popularity
14.851
Status
Released
ID IMDb.com
tt1706620
IMDB Rating
7.1
IMDB votes
243,751
ID Themoviedb.org
110415
TMDb Rating
6.8
TMDb votes
4954