Burmese Subtitle
BluRay 1080p 6CH Soldier (1998)
Report error

Report error

ကမ္ဘာမြေပေါ်မှာ အနာဂါတ်ကိုမျှော်ကြည့်တတ်ပြီး ခေတ်ရှေ့ပြေးတဲ့ အဖွဲ့အစည်းတစ်ခုဟာ ကလေးငယ်တွေကို လူသတ်လက်နက်စစ်သားတွေအဖြစ် လေ့ကျင့်ပေးဖို့မွေးကင်းစအရွယ်မှာပဲရွေးချယ်ခဲ့ကြတယ်. . .

အဲ့ဒီစစ်သားတွေထဲမှာမှ ဆာဂျင်တော့ဒ်(Kurt Russell)ကတော့ ငယ်ငယ်ကတည်းက ပြင်းထန်တဲ့လေ့ကျင့်ပေးမှုတွေနဲ့ အတူ ကြီးပြင်းလာခဲ့တဲ့ အတော်ဆုံး အကြမ်းအခံဆုံး နဲ့ တိုက်ပွဲတွေအလီလီ အောင်မြင်လာခဲ့တဲ့ စစ်သားဟောင်းကြီး တစ်ယောက်ပေါ့…

တစ်နေ့တော့ သူတို့ရဲ့ အာကာသယာဉ်ကို အသစ်ရောက်လာတဲ့ Colonel Mekum(ကာနယ်မက်ကွန်)နဲ့ တော့ဒ်ရဲ့ ကပ္ပတိန်တို့ အကြွားပြိုင်ရာက တော့ဒ်တို့စစ်သားဟောင်းတွေနဲ့ ကာနယ်မက်ကွန်ရဲ့တပ်သားအသစ်တွေယှဉ်ပြိုင်တဲ့ပွဲမှာ တော့ဒ်တို့ရှုံးသွားလို့အပြတ်ရှင်းပေမယ့် ကံကောင်းထောက်မစွာနဲ့ မသေပဲ အာကာသအမှိုက်စွန့်ယာဉ်ပေါ်တင်ပြီး အမှိုက်တွေနဲ့အတူ ယာဉ်ပေါ်ကနေ ပစ်ချခံခဲ့ရပါတော့တယ်

အသက်မသေတဲ့ တော့ဒ်တစ်ယောက် ဟိုးနှစ်ပေါင်း12နှစ်ကျော်လောက်က ယာဉ်ပျက်ကျပြီး အမည်အသိဂြိုလ်တစ်ခုပေါ် သောင်တင်နေတဲ့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ရွာကို ရောက်သွားခြင်းခြင်းဖြစ်တယ်

သူနေမကောင်းဖြစ်နေချိန် မေတ္တာဂရုဏာတွေနဲ့ ထုံမွှန်းထားတဲ့ မိသားစုလေးတစ်ခုနဲ့ အတူနေခွင့်ရစဉ်မှာ တော့ဒ်တစ်ယောက် လူသားဆန်လာခဲ့ပါပြီ. . .

ဘဝအသစ်မှာ ခံစားတတ်တဲ့နှလုံးသားနဲ့ ကြမ်းပေ့ရမ်းပေ့စစ်သားကြီးတစ်ယောက်ရဲ့ အဖြစ်ကို သနားဂရုဏာသက်စရာ မြင်တွေ့ရမှာဖြစ်ပါတယ်
စစ်သားတစ်ယောက်ဖြစ်ရတာ ဘာနဲ့တူသလဲ. . .ဆိုတဲ့မေးခွန်းကို Fear and Discipline အကြောက်တရားနဲ့ စည်းကမ်းလို့ဖြေသွားတဲ့အဖြေရယ်. . Soldiers deserve soldiers,Sir.စစ်သားဆိုတာ စစ်သားဘဝနဲ့ပဲ တန်ပါတယ်ဆိုတဲ့ စကားတွေက ဒီဇာတ်ကားကို အမှတ်ရစရာ. . .စစ်သားတွေရဲ့ ဘဝကို စာနာ နားလည်မိစေမှာပါ. . .

ဒီလိုနဲ့ သူကွန်းခိုရာ နေရာအသစ်ကို အာကာသယာဉ်ပေါ်က စစ်သားတွေဆင်းပြီး “မဲမဲမြင်ရာ သတ်”ဆိုတဲ့အမိန့်နဲ့ နယ်မြေရှင်းလင်းရေးလုပ်ချိန်သူ့ကျေးဇူးရှင်ရွာကလေးကို ကာကွယ်ဖို့. . .မကျေသေးတဲ့ အမုန်းကြွေးကို ဆပ်ဖို့ပြင်ဆင်ပါတော့တယ်

ဒီဇာတ်ကားဟာ အက်ရှင်ကား ပီပီ အတိုက်အခိုက် အပစ်အခတ် အသတ်အပုတ်တွေနဲ့. . .Old but Gold ဟောင်းပေမယ့် ရွှေလိုတန်ဖိုးရှိတဲ့ ကားလေးတစ်ကားပါလို့ညွှန်းဆိုရင်း. . . . အပြည့်အစုံ အစအဆုံးကြည့်ရှုအားပေးကြဖို့တိုက်တွန်းလိုက်ရပါကြောင်း. . .

ရုပ်ရှင်အညွှန်း – မြင့်သူ (ငှက်ကလေး – နည်းပညာ)

Soldier (1998)
Soldier (1998)
Soldier (1998)
Soldier (1998)
Soldier (1998)
Soldier (1998)
Soldier (1998)
Soldier (1998)
Soldier (1998)
Soldier (1998)
Soldier (1998)
Soldier (1998)
No downloads available

Related movies