Solo: A Star Wars Story (2018)
Plot
Star Wars ရုပ်ရှင်တွေထဲက နာမည်ကျော် Smuggler ကြီး Han Solo ရဲ့ငယ်စဉ်ကပါ။ Empire ရဲ့ ကြမ်းတမ်းလှတဲ့ အုပ်စိုးမှုအောက် ကိုယ့်အိပ်မက်တွေအကောင်အထည်ဖော်အောင် ရုန်းကန်ရပုံတွေ တွေ့မြင်ရမှာပါ။
Review
Solo ရုပ်ရှင်ဟာ A Star Wars Story ဆိုတဲ့ နာမည်နဲ့ လိုက်ခဲ့တယ်လို့ မြင်ပါတယ်။ တခြား Star Wars ရုပ်ရှင်တွေမှာဆို တစ်ခါလာလည်း Skywalker မိသားစု၊ Dark Side vs Light Side, Sith vs Jedi, Rebel vs Empire/First Order စတာတွေပဲ မြင်ကြရမှာပါ။ Spinoff တစ်ကားဖြစ်တဲ့ Rogue One တောင်မှ plot ပိုင်းမှာ ဒီဇာတ်လမ်းတွေထဲက သိပ်ကွဲမထွက်ခဲ့ဘဲ Save the Galaxy ဆိုတာကြီးပဲရှိခဲ့တယ်။ ဒါပေမဲ့ Solo မှာတော့ ဒါတွေလုံးဝမြင်ရမှာမဟုတ်ပါဘူး။ အပ်ကြောင်းထပ်နေတဲ့ ဒီ plot တွေ setting တွေထက် တစ်ဖက်မှာ ကြမ်းတမ်းခက်ခဲလှတဲ့ Empire ရဲ့ အုပ်စိုးမှုအောက်က ရုန်းကန်နေရတဲ့ လူတွေအကြောင်းကို ပိုအဓိကပြထားတယ်။ တခြား ကိုယ်တွေမမြင်ဖူးတဲ့ Star Wars universe ထဲက အဖြစ်အပျက်၊ အခြေအနေတွေကို ရှုထောင့်တစ်ခုကနေ မြင်ကြရလိမ့်မယ်။ ဥပမာ ခါတိုင်း Star Wars ရုပ်ရှင်တွေ အားလုံးနီးပါး scale အရမ်းကြီးတယ်။ Storm Trooper တွေအုပ်လိုက်ကြီး၊ မရေမတွက်နိုင်အောင်များတဲ့ TIE Fighter တွေ X-Wing တွေ မိုးပေါ်ပလူပျံပြီး တိုက်ပွဲကြီးဖြစ်နေကြမယ်။ ဒါပေမဲ့ ဒီကားမှာတော့ Empire Trooper တစ်ယောက်ချင်းစီလောက်ထိ Scale အသေးနဲ့ မြင်ရမယ်။ Galaxy နဲ့ ချီတဲ့ အတွေးအခေါ်တွေ၊ အမြင်တွေမပါဘဲ သာမန် pilot ဖြစ်ချင်ပါတယ်ဆိုသူသာရှိသေးတဲ့ Han ရဲ့ အမြင်ကို မြင်ရမယ်။
အပေါ်မှာပြောခဲ့သလိုပဲ plot က Han အတွက် တော်တော်ကြီးပြီး ဘဝရဲ့ တစ်ဆစ်ချိုးဖြစ်လာမဲ့ ကိစ္စဖြစ်ပေမဲ့ တခြားကားတွေလို ကြီးကြီးမားမား Hero ကြီးကွ ဆိုတာမျိုးတော့ မဟုတ်ခဲ့ဘူး။ ဒီအတွက် သာမန် Star Wars ရုပ်ရှင်တွေလို ကြမ်းကြမ်း ဇာတ်လမ်းကြီးကြီးကိုသဘောကျသူတွေအတွက်တော့ အဆင်ပြေမှာမဟုတ်လောက်ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ်တိုင်ရုံမှာကြည့်ဖြစ်ခဲ့တဲ့ Episode 7 နဲ့ 8 တို့လောက် သိပ်သဘောမကျမိခဲ့ဘူး။ ပုံမှန်ရုပ်ရှင်တွေမှာ မြင်ရသလို cliché တွေလည်း နည်းနည်းတော့ပါတယ်။ နောက် side kick droid တွေတိုင်းက ကြမ်းရမ်းပြီး sarcastic ဖြစ်နေတာလည်း formula တစ်ခုလိုဖြစ်နေတယ်။ Cinematic နဲ့ visual ပိုင်းမှာတော့ Disney ဆိုတဲ့အတိုင်း လုံးဝအားရစရာကြီးပါပဲ။ Colour tone, VFX တွေ အရမ်းကောင်းတယ်။ Solo ရဲ့ pilot skill တွေကိုပြသွားတာလည်း လန်ထွက်တွေပဲ။
သရုပ်ဆောင်ပိုင်းမှာလည်း တော်တော်လေးမိုက်တဲ့ အထဲမှာပါတယ်။ Alden Ehrenreich ရော Donald Glover ကိုရော Solo နဲ့ Lando အငယ်စားတွေအဖြစ် ခံစားပေးလို့ရတယ်။ Mother of Dragon ကြီးကလည်း Cute af ပဲ။ ရုပ်ရှင်ထဲမှာ ထုံးစံအတိုင်း Star Wars easter egg တွေ ထည့်ထားတယ်။ မထင်ထားတဲ့ Cameo ကြီးတွေ့လိုက်ရတော့ wtf ဆိုပြီး တစ်ယောက်ထဲထအော်မိတော့ ကိုယ်ပဲသူ့ကိုသိတာလား၊ သူပါတာ ကိုယ်တစ်ယောက်ပဲ မသိတာလား မသဲကွဲဘူးပဲ။
Solo: A Star Wars Story က သေချာတာကတော့ နံပါတ်စဉ်တပ်ထားတဲ့ Star Wars ကားတွေလောက် weight လည်းမရှိပါဘူး။ Plot လည်းမရှိဘူး။ Star Wars တို့ဇာတ်လမ်းတွေနဲ့ ချိတ်ထားတဲ့ပုံမဟုတ်တဲ့အတွက် Star Wars မကြည့်ဖူးသူတွေ ကြည့်လို့အဆင်ပြေနိုင်သလို Star Wars Fan တွေတိုင်းလည်း ကြိုက်မယ်မဟုတ်လောက်ဘူး။ ကျွန်တော်အတွက်တော့ အရမ်းမိုက်တယ်ဟေ့ ဆိုတာတော့ မဖြစ်ခဲ့ပေမဲ့ တော်တော်လေးသဘောကျမိတဲ့အထဲမှာတောာ့ ပါခဲ့ပါတယ်။
(ရုပ်ရှင်အညွှန်းကိုတော့ DatShin Facebook Page မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်)
File Size – 923.62MB, 1.82GB
Quality – Blu-Ray 720P, Blu-Ray 1080P 6CH
Running Time – 2h 15min
Format – mkv
Subtitle – Myanmar HardSub
Genre – Action, Adventure, Sci-Fi
Translator – Bhone Myat
Encoded By – Htet Aung Moe