Split (2016)
Kevin has 23 distinct personalities. The 24th is about to be unleashed.Synopsis:
X-Men ကားတွေမှာ ပရော်ဖက်ဆာ X အဖြစ်သရုပ်ဆောင်ပြီး wanted ရုပ်ရှင်ဇာတ်ကားမှာကတည်းက မြန်မာပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့
မင်းသား James McAvoy ဦးဆောင်ပါဝင်ထားတဲ့ရုပ်ရှင်ဇာတ်ကားသစ်ပါ။ ဒီဇာတ်ကားဟာ psychological horror thriller အမျိုးအစားလို့ဆိုရအောင်
ရသပေါင်းစုံနဲ့ခံစားရမယ့်ရုပ်ရှင်ဖြစ်ပါတယ်။ လူတစ်ဦးတည်းမှာ လူနှစ်ယောက်စရိုက်ပါဝင်နေတာတို့၊ ဗီဇနှစ်မျိုးနဲ့အသက်ရှင်နေတဲ့လူဆိုတာမျိုးတို့ကို
တခြား thriller ရုပ်ရှင်တွေမှာ ကျွန်တော်တို့ကြည့်ဖူးနေပါပြီ။ ဒါပေမယ့် ဒီရုပ်ရှင်မှာတော့ နှစ်ဦးမကပဲ လူပေါင်းများစွာအနေနဲ့ လူတစ်ယောက်တည်းကိုယ်ထဲမှာ
အသွင်တွေကွဲနေတဲ့စိတ်ရောဂါမျိုး ခံစားနေရတဲ့ သူကိုမြင်တွေ့ရမှာပါ။ ဇာတ်လမ်းကို အကြမ်းအရမ်းကြီးဖြစ်အောင် ဖန်တီးထားတာမျိုးမဟုတ်ပေမယ့်
ဇာတ်လမ်းအစကတည်းက ပရိသတ်ကို သို့လောသို့လောဖြစ်အောင်ဆွဲဆောင်ခေါ်ယူသွားနိုင်တာကိုတွေ့ရပါတယ်။ ဘယ်ကမှန်းမသိတဲ့လူတစ်ယောက်က
မိန်းကလေးသုံးယောက်ကို ဖမ်းခေါ်သွားပြီး အဲဒီလူက ဘာလဲ၊ သူ့ရည်ရွယ်ချက်ကဘာများလဲဆိုတာကို အဖမ်းခံရတဲ့ မိန်းကလေးတွေသာမက ကြည့်နေတဲ့သူကပါ
မရိုးမရွဖြစ်လာအောင် တင်ဆက်ထားပါတယ်။ တဖြည်းဖြည်း ဇာတ်လမ်းဇာတ်ရည်လည်လာတဲ့အခါကျပြန်တော့လည်း လူတစ်ယောက်ရဲ့ငယ်ဘ၀မှတ်ဥာဏ်တွေ
child abuse လိုကိစ္စမျိုးတွေခံစားခဲ့ရသူတွေရဲ့ဘ၀ကိုပါ စာနာနားလည်လာအောင် ရိုက်ကူးပြသထားပြန်ပါတယ်။ ကျွန်တော်ကတော့ wanted ကားမှာကတည်းက
James McAvoy ကြီး မျက်နှာကြောနဖူးကြောကြီးထောင်လာအောင် စိတ်ဆိုးပြတာကို သဘောကျခဲ့တာမို့ အခုရုပ်ရှင်မှာလည်း လူ့စရိုက်ပေါင်းစုံကိုတစ်ယောက်တည်းအနေနဲ့
သရုပ်ဆောင်ထားတဲ့ဇာတ်ရုပ်ကိုသဘောကျမိပါတယ်။ အထူးပြုလုပ်ချက်တွေမပါပဲ သရုပ်ဆောင်စွမ်းရည်ကောင်းကောင်းနဲ့ စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်းဇာတ်သွားနဲ့အတူ
thriller ဇာတ်ကားအသစ်ကိုကြည့်ရှုရင်ခုန်ချင်တယ်ဆိုရင်တော့ split ရုပ်ရှင်ကားကိုရွေးချယ်လိုက်ပါ။
Review Credit to Scarlet Phoenix