Exit print mode Print Data A+ A- Undo all

Star Trek Beyond (2016)

Star Trek Beyond (2016)Star Trek Beyond (2016)

Synopsis:

Star Trek Beyond ဇာတ်ကားကို စဖွင့်တော့ ထုံးစံအတိုင်း Captain Kirk က တစ်ခြားဂြိုလ်တစ်ခုပေါ်မှာ ထိုဂြိုလ်က အကြီးအကဲတွေကို လက်ဆောင်သွားပေးနေတာ။ အဆင်မပြေဖြစ်ပြီး သူပြန်ပြေးလာတဲ့အချိန်မှာတော့ သူပေးမဲ့ လက်ဆောင်ဆိုတဲ့ အရာလေးဟာ သူနဲ ့ပြန်ပါလာခဲ့တယ်။ ဒီတစ်ခါ ခရီးစဉ်ကြီးက 5 နှစ်သက်တမ်း။ အချိန်က 3 နှစ်ခန် ့တောင် ကျော်လာပြီ။ USS Enterprise က သူတို ့နားခိုလေ့ရှိတဲ့ နေရာတစ်ခုဖြစ်တဲ့ Yorktown ကို ရောက်တဲ့အခါ Captain Krik နဲ ့Spock တို ့မှာကိုယ်ပိုင် အနာဂတ်အတွက် စီစဉ်ချမှတ်ထားပြီးသား ဆုံးဖြတ်ချက်ကိုယ်စီရှိကြတယ်။ ဒါပေမဲ့ တစ်ယောက်ကို တစ်ယောက် ဖွင့်ပြောပြဖို ့တော့ အခွင့်အလမ်း မသာခဲ့ဘူး။ Vice Admiral အဖြစ်ရာထူးတိုးဖို ့Captain Kirk တစ်ယောက် အထက်ကို လျှောက်ထားပြီးလေ။ Spock တစ်ယောက်ကတော့ Uhura နဲ ့လမ်းခွဲပြီးခါစ အချိန်ဖြစ်သလို Ambassador Spock တစ်ယောက်လည်း သေဆုံးသွားပြီလို ့ဝမ်းနည်းဖွယ်ရာ သတင်းကို ကြားသိခါစအချိန်လည်း ဖြစ်နေပြန်တယ်။

ထိုဝန်းကျင်တစ်ဝိုက်နားမှာ ရှိတဲ့ Nebula တစ်ခုကနေ ရောက်လာတဲ့ Kalara အမျိုးသမီးတစ်ဦးရဲ တောင်းဆိုချက်အရ ရပ်တန် ့နေတဲ့သူမတို ့ယာဉ်ကြီးက အဖွဲ ့ဝင်တွေကို သွားကယ်ပေးဖို ့ပဲ။ ဒီလိုနဲ ့Captain Kirk ဦးဆောင်တဲ့ သူတို ့အဖွဲ ့ကြီး ထိုသူတွေကို ကယ်တင်ဖို ့ထွက်ခွာလာတော့တာပေါ့။ ဒါပေမဲ့ ထိုနေရာအရောက်မှာပဲ အလွန်တရာများပြားလှတဲ့ ယာဉ်ငယ်တွေရဲ ့ခြောင်းမြောင်းတိုက်ခိုက်ခြင်းကို ရုတ်တရက် ခံလိုက်ရကာ သူတို ့ရဲ ့USS Enterprise ယာဉ်ကြီးတစ်ခုလုံး ပျက်ဆီးတဲ့ အနေအထားထိ ရောက်ရှိခဲ့ကာ Sulu နဲ ့Uhura တို ့ အပါအဝင် USS Enterprise အဖွဲ ့ဝင်အများစု အဖမ်းခံရတော့တယ်။ Captain Kirk နဲ ့Chekov တို ့ကတစ်နေရာ၊ Scotty က တစ်နေရာ၊ Bones နဲ ့Spock တို ့ကတစ်နေရာစီ ကွဲသွားကြကာ ထိုအနီးက ဂြိုလ်တစ်ခုအပေါ်မှာ သောင်တင်ကြရတော့တယ်။

သူတို ့ကို တိုက်ခိုက်တဲ့ သူနာမည်က Krall တဲ့။ Krall ဟာ ဘာကြောင့် သူတို ့ကို တိုက်ခိုက်တာလဲ။ Krall ရဲ ့အကြံအစည်ဟာ ဘာလဲ။ Star Trek Beyond ရဲ ့ဇာတ်လမ်းဟာ ခုမှ စတင်လာပါတော့တယ်။

တစ်ကားလုံးကို ခြုံပြောရမယ်ဆိုရင် Actions တွေ၊ Actions တွေ အရမ်းများလွန်းတယ်။ တစ်ကားလုံးကို ဇာတ်လမ်းထက် Actions တွေက များလွန်းတော့ တစ်ခါတစ်ခါ အာရုံကိုမနည်းပြန်ဖမ်းရတယ်။ သို ့သော် Star Trek ရဲ ့ပုံပန်းထဲကတော့ ထွက်မသွားခဲ့ပါဘူး။ Star Trek ရဲ ့ဇာတ်ကားတစ်ကားဆိုတဲ့အတိုင်း Star Trek ခံစားချက်ကိုတော့ ရနေပါသေးတယ်။ ဒါဟာ Justin Lin ကို ချီးကျူးရမှာ ဖြစ်တယ်။ သူ ကျွမ်းကျင်တဲ့ Action ခန်းတွေကို ပရိသတ်သဘောကျအောင် ထည့်နိုင်ခဲ့သလို Star Trek theme ထဲကနေလည်း ထွက်မသွားစေရအောင် စွမ်းဆောင်နိုင်ခဲ့တာပဲ။ Justin Lin ကို သရုပ်ဆောင်တွေရဲ ့ပြောချက်အရဆိုရင် ပို၍ စဉ်းစားတွေးခေါ်တတ်တဲ့ Director တဲ့။ ဒီလို ပြောကြလို ့J.J. Abrams ကို စဉ်းစားဉာဏ်မရှိဘူးလို ့ဆိုလိုတာမဟုတ်ဘူး။ J.J. Abrams က ရိုက်ကွင်းမှာ လူတိုင်းကို အားတက်အောင် အမြဲပြုလုပ်လေ့ရှိပြီး Justin Lin ကတော့ စကားနည်းကာ ပိုမိုအသေးစိပ်ဆန်တယ်ဆိုတဲ့ သဘောပါပဲ။

တစ်ခြားကမ္ဘာက လူသားတွေကို စတင်တွေ ့ရှိလာတဲ့တစ်နေ ့ကျွန်တော်တို ့ကမ္ဘာက လူသားတွေ ထိုစရိုက်တွေကို ဘယ်လိုပြောင်းလဲကြတော့မှာလဲ။ ကြည့်ကြတာပေါ့ဗျာ …..

(ရုပ်ရှင်အညွှန်းကို Movies-we watch,we feel. ၏ Facebook Page မှကူးယူဖော်ပြပါသည်။)

Original title
Star Trek Beyond
Director
Douglas Plasse, Justin Lin, Misha Bukowski, Nick Satriano, Valeria Migliassi Collins
Stars
Anton Yelchin, Chris Pine, Idris Elba, Joe Taslim, John Cho, Karl Urban, Simon Pegg, Sofia Boutella, Zachary Quinto, Zoe Saldana
Release Date
22 July 2016
Rated
PG-13
Runtime
122 min
Awards
Nominated for 1 Oscar. Another 3 wins & 27 nominations.
Country
USA
Budget
USD $185 000 000,00
Revenue
USD $343 471 816,00
Popularity
18.274
Status
Released
ID IMDb.com
tt2660888
IMDB Rating
7.1
IMDB votes
217,697
ID Themoviedb.org
188927
TMDb Rating
6.7
TMDb votes
4635