Burmese Subtitle
BluRay 1080p 6CH Star Trek Into Darkness (2013)
Report error

Star Trek Into Darkness (2013)

Star Trek Into Darkness    

PG-13 132 min ActionAdventureSci-Fi

7.7
IMDB: 7.7/10 453,176 votes

, ,

, , , , , , , , ,

Nominated for 1 Oscar. Another 7 wins & 56 nominations.

USA

170

Report error

တစ်ကယ်တော့ ဒီဇာတ်ကားဟာ တစ်ကယ်ကို ကောင်းမွန်တဲ့ Star Trek ဇာတ်ကားကောင်းတစ်ကားအဖြစ် ယခုဆို ရပ်တည်နိုင်ခဲ့ပြီလေ။

တစ်ကားလုံးကို ခြုံပြောရမယ်ဆိုရင် Actions တွေ၊ Actions တွေ အရမ်းများလွန်းတယ်။ တစ်ကားလုံးကို ဇာတ်လမ်းထက် Actions တွေက များလွန်းတော့ တစ်ခါတစ်ခါ အာရုံကိုမနည်းပြန်ဖမ်းရတယ်။ သို ့သော် Star Trek ရဲ ့ပုံပန်းထဲကတော့ ထွက်မသွားခဲ့ပါဘူး။ Star Trek ရဲ ့ဇာတ်ကားတစ်ကားဆိုတဲ့အတိုင်း Star Trek ခံစားချက်ကိုတော့ ရနေပါသေးတယ်။ ဒါဟာ Justin Lin ကို ချီးကျူးရမှာ ဖြစ်တယ်။ သူ ကျွမ်းကျင်တဲ့ Action ခန်းတွေကို ပရိသတ်သဘောကျအောင် ထည့်နိုင်ခဲ့သလို Star Trek theme ထဲကနေလည်း ထွက်မသွားစေရအောင် စွမ်းဆောင်နိုင်ခဲ့တာပဲ။ Justin Lin ကို သရုပ်ဆောင်တွေရဲ ့ပြောချက်အရဆိုရင် ပို၍ စဉ်းစားတွေးခေါ်တတ်တဲ့ Director တဲ့။ ဒီလို ပြောကြလို ့J.J. Abrams ကို စဉ်းစားဉာဏ်မရှိဘူးလို ့ဆိုလိုတာမဟုတ်ဘူး။ J.J. Abrams က ရိုက်ကွင်းမှာ လူတိုင်းကို အားတက်အောင် အမြဲပြုလုပ်လေ့ရှိပြီး Justin Lin ကတော့ စကားနည်းကာ ပိုမိုအသေးစိပ်ဆန်တယ်ဆိုတဲ့ သဘောပါပဲ။

Fear of death ဆိုတာကို စာဖတ်သူအနေနဲ ့မည်ကဲ့သို ့မြင်ပါသလဲ။ သက်ရှိလူသားတိုင်းလိုလိုဟာ မိမိရဲ ့သေခြင်းတရားကို ကြောက်လန် ့မိကြမှာအမှန်ပါပဲ။ ကြောက်လန် ့တယ်ဆိုပေမဲ့လည်း တစ်နေ ့နေ ့ကျရင် မိမိဆီကို မရောက်လာမှာမှ မဟုတ်တာ။ တစ်နေ ့နေ ့ကျရင်တော့ ကျိန်းသေရောက်ရှိလာမှာပဲလေ။ ဒီနေရာမှာ Spock က “Fear of death is illogical.” ဆိုပြီး သေခြင်းတရားကို ငြီးတွားရေရွတ်လိုက်တယ်။ သူပြောတာတော့ဟုတ်တာပဲလေ။ လူတိုင်းဟာ တစ်နေ ့နေ ့ကျရင် သေကြရမှာပဲ။ မဖြစ်မနေ ရင်ဆိုင်ရမဲ့ အရာကို ဘာကြောင့် ကိုယ်က ကြောက်စိတ်ဝင်နေရတာလဲ။ ကြောက်စိတ်ဝင်နေတော့လည်း ထိုသေချင်းတရားက မိမိဆီ ရောက်မလာမှမ မဟုတ်တာ။ သိသိကြီးနဲ ့ဘာကြောင့် ကြောက်နေကြတာလဲပေါ့။ ဒီတော့ Bones က ပြန်ပြောလိုက်တယ်။ “Fear of death is what keeps us alive.” တဲ့။ ဒါဆို သူပြောတာရော မှားလားဆိုတော့ မမှားဘူး။ သင်ယနေ ့အထိ အသက်ရှင်နေတာ မသေချင်တဲ့စိတ်ကို ရှင်သန်အောင် ကြောက်စိတ်က နှိုးဆော်ပေးနေခြင်းကြောင့်ပဲ။ ဒါကြောင့်ပြောတာ။

Spock နဲ ့Bones ဟာ ကျွန်တော်အကြိုက်ဆုံး Star Trek ဇာတ်ကောင်တွေပဲ။ သူတို ့နှစ်ယောက်ရဲ ့ဆန် ့ကျင်ဘက်စကားတွေဟာ နှစ်ယောက်စလုံးမှန်တဲ့အတွက် အလွန်ကို နားထောင်လို ့ကောင်းတယ်။ ဒါဆို စာဖတ်သူရော။ မည်သူ ့စကားက မှန်တယ်လို ့ထင်သလဲ။ မိမိဘာသာ စဉ်းစားကြည့်ပြီး အဖြေရှာကြပေါ့။Star Trek နဲ ့ပတ်သက်ပြီး လေ့လာချက်အရ Star Trek ဇာတ်လမ်းတွဲတွေ စထွက်တဲ့အချိန်တုန်းက ပြောချင်တဲ့ Messages တွေက လူမျိုးရေးခွဲခြားခြင်းတွေနဲ ့လိင်ပိုင်းဆိုင်ရာ ဖိုမ ခွဲခြားခြင်းတွေကို တွန်းလှန်ပစ်ဖို ့ပဲ။ ပြီးတော့ ငြိမ်းချမ်းရေးကို လိုလားခြင်းကို တင်ပြထားပြီး ဇာတ်လမ်းရဲ ့ဖွဲ ့စည်းထားပုံဟာ Democary ထက် Socialism ကို ပိုမိုရောက်တယ်လို ့မြင်မိတယ်။ ဒါပေမဲ့ သေချာစွာ တွေးကြည့်လာရင်တော့ Individulisim လို ့ပြောရင် ပိုမိုမှန်ကန်ပါလိမ့်မယ်။

အကယ်၍ ကျွန်တော်တို ့ကမ္ဘာပေါ်ကလူသားတွေဟာ မိမိတစ်ကမ္ဘာထဲမှာ ရှိတဲ့တစ်ခြားလူမျိုးခြားတွေနဲ ့တောင် စစ်ဖြစ်နေပြီး ခွဲခြားနေရင် တစ်ခြားဂြိုလ်က သက်ရှိလူသားတွေနဲ့ (တစ်ခြားကမ္ဘာများတွင် အသိဉာဏ်ရှိ သက်ရှိများရှိလျှင်) မည်ကဲ့သို ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး ဖော်ဆောင်နိုင်မှာလဲဆိုတဲ့ မေးခွန်းရဲ ့အဖြေကို Star Trek ဟာ ဖြေကြားလာခဲ့တာ ယခုဆိုရင် နှစ် 50 တောင် ပြည့်ခဲ့ပြီပေါ့။ ကျွန်တော်တို ့ကမ္ဘာကျဉ်းကျဉ်းလေးထဲမှာ ဘာကြောင့် တစ်ယောက်ကိုတစ်ယောက် မုန်းတီးစိတ်တွေနဲ ့တိုက်ခိုက်နေကြတာလဲ။ ဘာကြောင့် ဖိုမ ဆိုပြီး နေရာတိုင်းမှာ ခွဲခြားနေကြရတာလဲ။ ဘာကြောင့် ကိုယ်အရေပြားပေါ်က အသားအရောင်ကို ကြည့်ပြီး ခွဲခြားပြောဆို ဆက်ဆံနေကြတာလဲ။ အကယ်၍ အကယ်၍ ပေါ့။ တစ်ခြားကမ္ဘာက လူသားတွေကို စတင်တွေ ့ရှိလာတဲ့တစ်နေ ့ကျွန်တော်တို ့ကမ္ဘာက လူသားတွေ ထိုစရိုက်တွေကို ဘယ်လိုပြောင်းလဲကြတော့မှာလဲ။ ကြည့်ကြတာပေါ့ဗျာ …..
Credit…CM

Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
Star Trek Into Darkness (2013)
No downloads available

Related movies