Exit print mode Print Data A+ A- Undo all

Step Mom (1998)

Be there for the joy. Be there for the tears. Be there for each other.
Step Mom (1998)Step Mom (1998)

Synopsis:

လောကကြီးမှာ မိဘရဲ့ မေတ္တာတရားဟာ အလွန်ကြီးမားကြောင်း ဒီကားလေးနဲ့ သက်သေပြသွားခဲ့တယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်…
 
လူတိုင်းဟာ…သာယာတဲ့ မိသားစုလေးတစ်ခုကို လိုချင်ကြပါတယ်…
မိသားစုတွေ သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ပျော်ရွင်ရွင်နဲ့နေချင်ကြတယ်…
ကံကြမ္မာရဲ့ အလှည့်အပြောင်းမှာ မုန်တိုင်းမထန်ဖို့ အရေးကြီးတယ်….
ဘယ်သူမှတော့ ပထွေး မိထွေးကို လိုချင်ကြမှာ မဟုတ်ဘူး တကယ်လို့များ ဖြစ်လာခဲ့ကြရင်ရော်….
ဒီဇာတ်ကားလေးဟာ… မိသားစုအိမ်ထောင်ရေးပြသာနာကို ဘယ်လိုဖြေရှင်းသွားလဲ…ဆိုတာနဲ့
ကိုယ်ချစ်တဲ့ ယောကျာ်းက နောက်မိန်းမယူတာကို မယားကြီးက သားသမီးတွေ မိထွေးကို လက်ခံနိုင်အောင်
ဘယ်လိုသင်ပေးသလဲ အဖေကိုလည်း မမုန်းအောင်…မိထွေးကိုလည်း အမေတစ်ယောက်လို ဖြစ်အောင်
ဘယ်လိုသင်ပေးသလဲ…ဆိုတာတွေကို အနှစ်သာရ အပြည့်နဲ့ကြည့်ရှုရမှာပါ… ဘာလို့ မယားကြီးက မယားငယ်ကို
သားသမီးတွေ မမုန်းအောင် သင်ပေးလဲဆိုတော့ မယားကြီးကိုယ်တိုင်က လောကကြီးမှာ
 နေရမယ့်အချိန်ဟာ ကြာကြာမနေရတော့ဘူးဆိုတာကို သိလိုက်ရလို့ပါ…
 
မှတ်ချက်… >>> ဒီဇာတ်ကားကြည့်ရင် မျက်ရည် အလိုလိုကျမိသည်နှင့် မိသားစုတွေ စုပြီးကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ…
 
အညွန်း
 
******
 
Step Mom ဆိုတဲ့ဇာတ်ကားလေးကတော့ အစ္စဘယ် အမျိုးသမီး လုခ်ရဲ့ ဘဝထဲဝင်လာတဲ့အခါ
 
လုခ်ရဲ့ ကလေးနှစ်ယောက်နဲ့ အဆင်ပြေအောင်ဘယ်လိုပဲကြိုးစားကြိုးစား ကလေးတွေနဲ့ လုခ်ဇနီးဟောင်းရဲ့ အကောင်းမြင်ခြင်းကို မခံရပါဘူး။
 
အစ္စဘယ်ကလဲဇွဲမလျော့ပဲဆက်ကြိုးစားတယ်။အလုပ်တောင်ပြုတ်တဲ့အထိပေါ့။ကလေးတွေနဲ့ သူမဘယ်လိုအဆင်ပြေအောင်
 
လိုက်ပြီးညှိနှိုင်းနေထိုင်သလဲ ကလေးတွေရဲ့အမေနဲ့ သူမ ဘယ်လိုရင်ဆိုင်ရသလဲ နောက်ဆုံးမှာ
 
အစ္စဘယ်ကို ကလေးတွေရော သူတို့အမေကပါ ဘယ်လိုလက်ခံသွားသလဲဆိုတာ ကြည့်ရမှာပါ။
 
ကလေးတွေအမေမှာ ကင်ဆာရှိလာတာကြောင့် သားသမီးတွေကိုအသိပေးတဲ့အခါ ဖြေသိမ့်နိုင်အောင်
 
ဘယ်လိုတွေ ပြောဆိုကြလဲ မှာကြားကြလဲ ဆိုတာကိုလဲ ကြည့်ရမှာပါ။ ကလေးတွေကိုငဲ့နေရလို့ဆိုပြီး
 
ဒီမှာတော့ မပျော်ရွှင်တဲ့အိမ်ထောင်ရေးဘဝနဲ့ တဘဝလုံးသွားကြတာပဲ။ဒါပေမဲ့ ဒီကားထဲမှာတော့
 
မိဘတွေအဆင်မပြေလို့ ကွာရှင်းထားကြလို့ ကလေးတွေစိတ်ဒဏ်ရာမရအောင် မိဘတွေဘယ်လိုသင်ပြပေးလဲ။
 
အဖေ နောက်မိန်းမယူမှာကို သားသမီးတွေ လက်ခံအောင် အဖေရော အမေရောက ဘယ်လိုပြောပြကြလဲ ဆိုတာ ကြည့်ရမှာပါ။
 
ကဲဇာတ်လမ်းကတော့ အရမ်းကောင်းတဲ့ အိမ်ထောင်ရေးဇာတ်ကား ဒရာမာ ကားလေးပါ။
 
ဒီဇာတ်ကားလေးကို ဘာသာပြန်ပေးထားပြီး အညွန်းရေးပေးထားသူကတော့ Lwae Thandar Htwe ဖြစ်ပြီး Sai Wunna[Pyinmana] က တင်ဆက်ပေးထားပါတယ်…..
Original title
Stepmom
Director
Chris Columbus, Eva Z. Cabrera
Stars
Andre B. Blake, Ed Harris, Jason Maves, Jena Malone, Julia Roberts, Liam Aiken, Mak Gilchrist, Mary Louise Wilson, Naama Kates, Susan Sarandon
Release Date
25 Dec 1998
Rated
PG-13
Runtime
125 min
Awards
Nominated for 1 Golden Globe. Another 8 wins & 6 nominations.
Country
USA
Popularity
7.498
Status
Released
ID IMDb.com
tt0120686
IMDB Rating
6.7
IMDB votes
54,536
ID Themoviedb.org
9441
TMDb Rating
7
TMDb votes
548