Step Up ရဲ့ ဒုတိယမြောက်ကားလေးပါ ။ ဒီ ကားမှာတော့ ပထမကားကတိုင်လ်လာ ဂေချ့် က ဧည့်သည်သရုပ်ဆောင်
အဖြစ်လောက်သာပါဝင်ခဲ့ပြီး Street Dancer လေး အန်ဒီရဲ့ဇာတ်လမ်းလေးပါ ။ အန်ဒီတယောက် မယ်ရီလန်းအနုပညာကျောင်းကို
Street Dancer တယောက်အဖြစ်ရောက်သွားခဲ့တဲ့နောက်မှာ ဘယ်လိုအခက်အခဲတွေကြုံရမလဲ ၊ အရည်အချင်းရှိတဲ့သူတွေကို
အခက်အခဲတွေကြားကရှာဖွေပြီး သူဝါသနာပါတဲ့ Street Dance ပြိုင်ပွဲမှာ သူ့ကိုအရင်က ပြစ်ပယ်ခဲ့တဲ့အဖွဲ့နဲ့
ဘယ်လိုတွေရှင်ပြိုင်မလဲဆိုတာ ပိုလန်းလာတဲ့ကကွက်တွေနဲ့ ကြည့်ကြရမှာပါ ။
Review by GC Team