တိရိစ္ဆာန်လေးတွေကို ချစ်တက်သူတွေအတွက်
ဒီကားလေးကို မြန်မာစာတန်းထိုးမဟုတ်ဘဲ
ကြည့်ခဲ့ဖူးရင် သင့်အသက်မငယ်တော့ပါဘူး
ဒီဇာတ်ကားလေးကတော့ မိသားစုဟာသဇာတ်မြူးရုပ်ရှင်ကားလေးဖြစ်ပါတယ်။
Mr. နဲ့ Mrs. Little တို့က Little မိသားစုနဲ့ လိုက်လျောညီထွေဖြစ်မယ့် မိသားစုဝင်အသစ်မွေးစားဖို့အတွက် မိဘမဲ့ကျောင်းတစ်ကျောင်းကို သွားရောက်ရှာဖွေကြပါတယ်။ Stuart ဆိုတဲ့ ကြွက်ဖြူ လေးက အဲဒီမိဘမဲ့ကျောင်းက မိဘမဲ့ကလေးတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ Little ဇနီးမောင်နှံက Stuart ကိုမွေးစားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲလိုနဲ့ မိဘမဲ့လေး Stuart ဟာ Little မိသားစုဝင် Stuart Little ဖြစ်လာပါတယ်။
ဒါပေမဲ့ Little အိမ်ကို ရောက်ရှိသွားတဲ့အခါမှာတော့ Little မိသားစုရဲ့ သားဖြစ်သူ George ကတော့ သူနဲ့ သက်တူရွယ်တူတွေလိုဆော့ကစားနိုင်ခြင်းမရှိတဲ့ Stuart ကို သဘောမကျခဲ့ပါဘူး။ အဲလိုပဲ Little အိမ်က ကြောင်လေး Snowbell ကလည်း Stuart ကို အမြဲ အမြင်မကြည်ခဲ့ပါဘူး။
ဒီလိုအဆင်မပြေမှုတွေကို Stuart ဘယ်လိုဖြေရှင်းမလဲ… အဲလိုဖြေရှင်းရင်းနဲ့ ဘယ်လိုပြဿ နာတွေ ကြုံတွေ့ရမလဲ… Stuart နဲ့ သူချစ်ရတဲ့ Little မိသား စုတို့ ရဲ့ ပြဿ နာတွေနဲ့ မိသားစုမေတ္တာတွေကို ကြည့်ရှုရမယ့် မိသားစုဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်
Review Credit to Gold Channel