Burmese Subtitle
BluRay 1080p 8CH Sui Dhaaga (2018)
Report error

Sui Dhaaga (2018)

Sui Dhaaga: Made in India    

N/A 122 min BollywoodComedyDrama

6.8
IMDB: 6.8/10 3,200 votes

, , , ,

N/A

India

174

Report error

“အားလုံး အဆင်ပြေပါတယ်၊
ဘဝမှာ စိတ်တိုင်းမကျစရာတွေ၊ညည်းညူ အော်ဟစ်ပစ်ချင်တာတွေ ရှိနေပေမယ့် အရာအားလုံး အဆင်ပြေပါတယ်”

မော်ဂျီ့အိမ်မှာ မော်ဂျီရယ် သူ့မိန်းမရယ်
သူ့အဖေနဲ့ သူ့မေတို့ လေးယောက် အတူနေကြတယ်။
အမေနဲ့ သူ့မိန်းမ မာမတာတို့က
အိမ်မှာပဲ နေပြီး အိမ်မှုကိစ္စဝိစ္စတွေလုပ်ပြီး မော်ဂျီက အပ်ချုပ်စက်တွေ ရောင်းတဲ့ဆိုင်မှာ လက်တိုလက်တောင်းနဲ့
အထွေထွေလုပ်သားအဖြစ် နေတယ်။
လုပ်ခလစာလေးက ထောင်ဂဏန်း ကျော်ကျော်ဆိုပေမယ့် ဖင်ပေါ့တဲ့ မော်ဂျီ့ကို သူဌေးနဲ့ သူဌေးသားတို့က သဘောကျကြလို့ မော်ဂျီကျေနပ်တယ်။
သူဌေးသားအဖ နဲ့ ဖောက်သည်တွေ ပျော်ဖို့အတွက် မော်ဂျီဟာ သူ့ကိုယ်သူ ခွေး နွား ဝက်ဝံ စတဲ့ ပုံစံမျိုးတွေ သရုပ်ဆောင် ပြတတ်သေး။
ရွာကနေတက်လာကြတဲ့ သူတို့တစ်တွေအတွက်တော့ လက်လုပ်လက်စားဘဝမှာ နေပျော်သလိုလိုပါပဲ။
သူတို့နေတဲ့ ပတ်ဝန်းကျင်မှာက လက်မှုပညာသည်၊လက်မှုပညာရှင်တွေချည်း ရှိတယ်။
မော်ဂျိ့အဘိုးကိုယ်တိုင်က
အပ်ချုပ်သမားဘဝနဲ့ အရိုးထုတ်သွားတဲ့သူဆိုတော့ မော်ဂျီ့မှာလည်း အပ်ချုပ်တဲ့အတတ်ကို ပါရမီပါတယ် ပြောရမယ်။အိမ်သားတွေရဲ့ အဝတ်တွေ စုတ်တာ ပြဲတာ ပေါက်တာ ကျယ်သွားတာ စသဖြင့် ပြသနာတစ်စုံတစ်ခု တက်လာရင် မော်ဂျီကိုယ်တိုင် ပြာပြင်ဖာထေး ချုပ်ပေးတယ်။သူ့ ပါရမီကို သူကိုယ်တိုင် မသိပေမယ့်
သူ့ ဇနီးဖြစ်သူကတော့ သိတယ်။
သူများဆိုင်မှာ ကူလီလုပ်နေမယ့် အစား
ဈေးနားမှာ လမ်းဘေးဆိုင်လေးဖြစ်ဖြစ်
ဖွင့်ပြီးတော့ ပိုမိုလွတ်လပ်ပြီး
စိတ်ချမ်းသာစေမယ့် ကိုယ်ပိုင်အလုပ်လေး လုပ်စေချင်တာ…

ဒီလိုနဲ့ တစ်နေ့တော့
မော်ဂျီ့အမေ နှလုံးဖောက်တယ်။
ဆေးရုံကို သွားပြီး ဆေးကုသမှုခံယူနေစဉ်မှာ မော်ဂျီဟာ သူ့အမေအတွက် Maxi လို့ခေါ်တဲ့ အထည်တစ်မျိုးကို ချုပ်ပေးလိုက်သေး…

Maxi ဆိုတာက ဆာရီထက်ပိုပေါ့ပါး လွတ်လပ်ပြီး
သက်ကြီးရွယ်အိုတွေ ဝတဲ့သူတွေအတွက် အထူးသင့်လျော်တဲ့ အမျိုးသမီးဝတ် အထည်တစ်မျိုးပါ။
သူ့ဖန်တီးမှုနဲ့ လက်ရာကို သဘောကျသွားတဲ့ ဆေးရုံက လူနာတွေ၊လူနာစောင့်တွေဟာ မော်ဂျီ့ဆီမှာ Maxi အထည်အပ်ကြတယ်။အော်ဒါတွေလက်ခံပြီးကာမှ
သူချုပ်နေကျ အငှါးအပ်ချုပ်စက်ကို ပိုင်ရှင်က လာသိမ်းသွားလို့ မော်ဂျီတို့လင်မယား နယ်စပ်ကိုသွားပြီး
ဆင်းရဲသားတွေကို ချပေးတဲ့ အပ်ချုပ်စက်တွေထဲက တစ်လုံးကို အခက်အခဲတွေကြားကနေ
နေပူကြဲကြဲ စက်ဘီးစီးပြီး သွားယူရသေးတယ်။. . .

တကယ့်တကယ် အပ်ချုပ်စက် ရလာချိန်မှာလည်း အခက်အခဲတွေက​ မော်ဂျီ့အတွက်
ဆက်တိုက်ကို ဆီးကြိုနေတာပါ …

အိန္ဒိယကားတွေကို ကြိုက်ရတဲ့
အကြောင်းတစ်ခုက သူတို့တွေဟာ
သူတို့နိုင်ငံတွင်းက ယဉ်ကျေးမှု၊
သမိုင်း၊ဒဏ္ဍာရီ စတာတွေကို တင်ပြတဲ့နေရာမှာ တကယ့်ကို ထောင့်စေ့အောင်
ဇာတ်လမ်းဇာတ်ကွက်နဲ့ တင်ပြတတ်တယ်။

ဒီကားမှာဆိုရင်လည်း အပ်ချုပ်သမား
ဆင်းရဲသားမိသားစုတစ်ခုရဲ့ဘဝအကြောင်းကို ရိုက်ပြသွားတာများ အင်မတန် အသေးစိတ်ဆန်ပြီး
အတုယူဖို့ကောင်းတယ်။

အညတရဘဝက​နေ နိုင်​ငံတကာအသိအမှတ်​ပြုတဲ့အဆင့်​​ထိ​အောင်​ တက်​လှမ်းနိုင်​ဖို့ မဆုတ်​မနစ်​ကြိုးစားရင်း
အောင်​မြင်​မှုလမ်း​ကြောင်း​​ပေါ် အ​ရောက်​သွားဖို့ ကြိုးစားတဲ့ ဇာတ်​လမ်း​ကောင်း​လေးမို့ ကြည်​ရှုသူ​တွေအတွက်​လည်း motivation ရ​စေမဲ့ ဇာတ်​ကား​လေးပါ…

အဆုံးထိသာ အားပေးလိုက်ပါ
အကြိုက်တွေ့စေမယ်ဆိုတာ အာမခံပါတယ်နော်. . . .။

အညွှန်းနဲ့ ဘာသာပြန်သူကတော့ Ko Myint Thu Kay Kay ဘဲဖြစ်ပါတယ်။

File Size – 1.94 GB
Quality- Blu-Ray 1080p 8CH
Running Time – 2hr 02min
Format – mkv
Genre – Comedy, Drama
Subtitle – Myanmar (Hard Sub)
Translator – Myint Thu Kay Kay
Encoded By – Htet Aung Moe

No downloads available

Related movies