Exit print mode Print Data A+ A- Undo all

Talaash (2012)

The Answer Lies Within
Talaash (2012)Talaash (2012)

Synopsis:

[Unicode]

၀ိညာဉ် ရှိတာ ယုံနိုင်မလားဆိုတဲ့

မေးခွန်းမျိုးအမေးခံရဖူးလား မိတ်ဆွေ ????

သိပ္ပံပညာ ထွန်းကားနေတဲ့ခေတ်မှာ
ပရလောက ကိုလက်မခံလည်းမရဘူးဆိုတာကို
ဒီဇာတ်ကားလေးက ပြောပြနေမှာပါ။

IMDB 7.3/10 ရရှိထားတဲ့အတွက်
အတော်အတန်အောင်မြင်ထားတဲ့
ဇာတ်ကားလေးလို့ ဆိုနိုင်ပါသေးသည်။

(ဇာတ်လမ်းအကျဉ်း)

ညတစ်ညမှာပေါ့ ။

ရုပ်ရှင်မင်းသား အမန်ကပူးဟာ
အက်စီးဒင့်ဖြစ်ပွားခဲ့ပြီး
သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။
ဖြစ်ပွားတဲ့နေရာကလည်း
လူခြေတိတ် နေပြီး လမ်းကလည်း
အရှင်းသားဖြစ်နေပါတယ်။
ဒီအဖြစ်ဟာ သမရိုးကျတော့မဖြစ်နိုင်ဘူးဆိုတာကို
အင်စပက်တာ Surjan ကသုံးသပ်လိုက်ပါတယ်။

Surjan ဟာ ထူးချွန်တဲ့ ရဲမှူးတစ်ဦးဖြစ်ပြီး
လက်အောက်ငယ်သားတွေရဲ့ လေးစားမှုက်ို
အပြည့်အဝရရှိထားသူပါ။

ထို့နောက် အမန်ကပူးသေဆုံးမှုကိုဖော်ထုတ်ရန်
Surjan ကြိုးပမ်းခဲ့တယ်။

တစ်ဖက်မှာလည်း
ရှရှီ ဆိုတဲ့ပြည့်တန်ဆာခေါင်း ဟာလည်း
အမန်ကပူးသေဆုံးမှုကို ကြားရှိပြီးနောက်
သူရဲ့အိမ်ကနေ ထွက်ပြေးရှောင်ပြေးဖို့
ကြိုးပမ်းခဲ့ပါတယ်။

ရှရှီမှာ ခြေတစ်ဖက်မသန်တဲ့ တပည့်လေးတစ်ယောက်ရှိပါတယ်။
သူ့နာမည်က တာမြူး။

ရှရှီဟာ သူရဲ့အသုံးအဆောင်တွေက်ိုထုပ်ပိုးရင်း
နေရာရှောင်ခဲ့ပါတယ်။သူ သုံးနေတဲ့ဆင်းကဒ်ကိုလည်း
အသစ်ပြောင်းသုံးခဲ့ပါသေးတယ်။

ထိုအချိန်မှာတော့
လွင့်ပစ်လိုက်တဲ့ ဆင်းကဒ်ကို တာမြူးအသုံးပြုလေသော်အခါ ။
ဘာတွေဆက်ဖြစ်မှာလဲ။
ဘာတွေကွင်းဆက်ပေါ်လာမလဲ ဆိုတာကို
စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမှာပါ။

အင်စပက်တာ Surjan အကြောင်းထပ်ပြောရရင်
သူဟာ
မိသားစုရေးရာ စိတ်ထိခိုက်မှူ ရှိထားခဲ့သူပါ။
သူရဲ့သား ကရန်ဟာ
ရေနစ်သွားခဲ့တာကြောင့်
သူကိုယ်သူ့အပြစ်ရှိသလို မှတ်ယူထားသူပါ။
ဒါပေမဲ့ သူ့သားဝိညာဉ် ရှိနေတာက်ိုတော့
မယုံသူတစ်ဦးပါ။

သူ့မိန်းမကတော့ သူ့ဝိညာဉ်နဲ့ဆက်သွယ်ပြောဆိုလိုသူပါ။
တစ်နေ့မှာတော့ သူတို့အိမ်နီးချင်းတစ်ယောက်ဟာ
သူတို့ရဲ့သား ကရန် ၀ိညာဉ်နဲ့တွေ့ဆုံသည်ဟု
သတင်းကြားမိလေသည်။

ထိုအခါမှာ သူ့သားဝိညာဉ်နှင့်ဆက်သွယ်လိုသော
Surjan မိန်းမ /
အယုံအကြည်မရှိသော Surjan /
သူတို့နှစ်ဦးကြား ပြဿနာတွေကလည်း
Surjan အတွက် စိတ်ဖိစီးမှုများစေခဲ့ပါတယ်။

Surjan ဟာ အမန်ကပူးရဲ့ သေဆုံးခြင်း အတွက်
မှူခင်းရှာဖွေရင်း ရိုဆီ ဆိုတဲ့ပြည့်တန်ဆာလေးနဲ့
ဆုံတွေ့ခဲ့ပါသေးတယ်။

ရိုဆီ ဟာ Surjan အတွက်
ကူညီသူတစ်ဦးဟု ယူဆကာ
အမှုအတွက် အရေးပါသူတစ်ဦးလည်း
ဖြစ်ခဲ့ပါသေးတယ်။

ဒီဇာတ်ကားမှာတော့

ရုတ်ခြည်းတွေ့ဆုံခဲ့ရတဲ့ ရိုဆီဟာ
Surjan အတွက်
ဘာတွေဖော်ထုတ်ပေးနိုင်ခဲ့သလဲ။

ရိုဆီရဲ့အတိတ်ဇာတ်ကြောင်းနဲ့
ဘဝဖြစ်ပျက်မှုအကြောင်းကရော။

၀ိညာဉ် မယုံသော Surjan အတွက်
မည်သို့သော ဖြစ်ရပ်မျိုး
မည်သို့သော လုပ်ရပ်မျိုးက
အံ့အားသင့်စေခဲ့မလဲ။

သူ့သားလေး ကရန်ကရော
၀ိညာဉ်ဖြစ်နေခဲ့မည်လော။

Surjan ရဲ့မိသားစုအခြေအနေ
အမှုအခင်းအောင်မြင်မှုတွေကရော။

အမန်ကပူးသေဆုံးမှုက
မတော်တဆလား။
လုပ်ကြံသတ်ဖြတ်မှုလား။

အမန်ကပူးရဲ့ လူမသိသော
နောက်ကွယ်အတိတ်ဖြစ်ရပ်တွေကရော။

စတဲ့ မေးခွန်းပေါင်းများစွာက
သင့်အား စိတ်လှုပ်ရှားစေမှာပါ။
အတန်ငယ်ရှုပ်ထွေးသည်ဟု
ထင်မြင်ရသော်လည်း
ဇာတ်ကားရဲ့ရည်ရွယ်ချက်က အရသာမပျက်သွားပါဘူး။

မေတ္တာ တရားတွေပေါင်းစည်းပြီး
ဖြစ်လေ့ဖြစ်ထရှိတဲ့လူ့သဘာဝနဲ့
ပရလောက ကိုပါထည့်သွင်းရောနှောထားသောကြောင့်
အထူးစိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။
ဒါကြောင့် ကြည့်ရှုရင်းရင်ခုန်လိုက်ကြပါဦးလို့။

Review Credit CM

 

[Zawgyi]

၀ိညာဥ္ ႐ွိတာ ယံုႏိုင္မလားဆိုတဲ့

ေမးခြန္းမ်ိဳးအေမးခံရဖူးလား မိတ္ေဆြ ????

သိပၸံပညာ ထြန္းကားေနတဲ့ေခတ္မွာ
ပရေလာက ကိုလက္မခံလည္းမရဘူးဆိုတာကို
ဒီဇာတ္ကားေလးက ေျပာျပေနမွာပါ။

IMDB 7.3/10 ရ႐ွိထားတဲ့အတြက္
အေတာ္အတန္ေအာင္ျမင္ထားတဲ့
ဇာတ္ကားေလးလို႔ ဆိုႏိုင္ပါေသးသည္။

(ဇာတ္လမ္းအက်ဥ္း)

ညတစ္ညမွာေပါ့ ။

႐ုပ္႐ွင္မင္းသား အမန္ကပူးဟာ
အက္စီးဒင့္ျဖစ္ပြားခဲ့ၿပီး
ေသဆံုးမႈျဖစ္ပြားခဲ့ပါတယ္။
ျဖစ္ပြားတဲ့ေနရာကလည္း
လူေျခတိတ္ ေနၿပီး လမ္းကလည္း
အ႐ွင္းသားျဖစ္ေနပါတယ္။
ဒီအျဖစ္ဟာ သမ႐ိုးက်ေတာ့မျဖစ္ႏိုင္ဘူးဆိုတာကို
အင္စပက္တာ Surjan ကသံုးသပ္လိုက္ပါတယ္။

Surjan ဟာ ထူးခြၽန္တဲ့ ရဲမႉးတစ္ဦးျဖစ္ၿပီး
လက္ေအာက္ငယ္သားေတြရဲ႕ ေလးစားမႈက္ို
အျပည့္အ၀ရ႐ွိထားသူပါ။

ထို႔ေနာက္ အမန္ကပူးေသဆံုးမႈကိုေဖာ္ထုတ္ရန္
Surjan ႀကိဳးပမ္းခဲ့တယ္။

တစ္ဖက္မွာလည္း
႐ွ႐ွီ ဆိုတဲ့ျပည့္တန္ဆာေခါင္း ဟာလည္း
အမန္ကပူးေသဆံုးမႈကို ၾကား႐ွိၿပီးေနာက္
သူရဲ႕အိမ္ကေန ထြက္ေျပးေ႐ွာင္ေျပးဖို႔
ႀကိဳးပမ္းခဲ့ပါတယ္။

႐ွ႐ွီမွာ ေျခတစ္ဖက္မသန္တဲ့ တပည့္ေလးတစ္ေယာက္႐ွိပါတယ္။
သူ႔နာမည္က တာျမဴး။

႐ွ႐ွီဟာ သူရဲ႕အသံုးအေဆာင္ေတြက္ိုထုပ္ပိုးရင္း
ေနရာေ႐ွာင္ခဲ့ပါတယ္။သူ သံုးေနတဲ့ဆင္းကဒ္ကိုလည္း
အသစ္ေျပာင္းသံုးခဲ့ပါေသးတယ္။

ထိုအခ်ိန္မွာေတာ့
လြင့္ပစ္လိုက္တဲ့ ဆင္းကဒ္ကို တာျမဴးအသံုးျပဳေလေသာ္အခါ ။
ဘာေတြဆက္ျဖစ္မွာလဲ။
ဘာေတြကြင္းဆက္ေပၚလာမလဲ ဆိုတာကို
စိတ္လႈပ္ရွားစြာ ေစာင့္ၾကည့္ရမွာပါ။

အင္စပက္တာ Surjan အေၾကာင္းထပ္ေျပာရရင္
သူဟာ
မိသားစုေရးရာ စိတ္ထိခိုက္မႉ ႐ွိထားခဲ့သူပါ။
သူရဲ႕သား ကရန္ဟာ
ေရနစ္သြားခဲ့တာေၾကာင့္
သူကိုယ္သူ႔အျပစ္႐ွိသလို မွတ္ယူထားသူပါ။
ဒါေပမဲ့ သူ႔သား၀ိညာဥ္ ႐ွိေနတာက္ိုေတာ့
မယံုသူတစ္ဦးပါ။

သူ႔မိန္းမကေတာ့ သူ႔၀ိညာဥ္နဲ႔ဆက္သြယ္ေျပာဆိုလိုသူပါ။
တစ္ေန႔မွာေတာ့ သူတို႔အိမ္နီးခ်င္းတစ္ေယာက္ဟာ
သူတို႔ရဲ႕သား ကရန္ ၀ိညာဥ္နဲ႔ေတြ႕ဆံုသည္ဟု
သတင္းၾကားမိေလသည္။

ထိုအခါမွာ သူ႔သား၀ိညာဥ္ႏွင့္ဆက္သြယ္လိုေသာ
Surjan မိန္းမ /
အယံုအၾကည္မ႐ွိေသာ Surjan /
သူတို႔ႏွစ္ဦးၾကား ျပႆနာေတြကလည္း
Surjan အတြက္ စိတ္ဖိစီးမႈမ်ားေစခဲ့ပါတယ္။

Surjan ဟာ အမန္ကပူးရဲ႕ ေသဆံုးျခင္း အတြက္
မႉခင္း႐ွာေဖြရင္း ႐ိုဆီ ဆိုတဲ့ျပည့္တန္ဆာေလးနဲ႔
ဆံုေတြ႔ခဲ့ပါေသးတယ္။

႐ိုဆီ ဟာ Surjan အတြက္
ကူညီသူတစ္ဦးဟု ယူဆကာ
အမႈအတြက္ အေရးပါသူတစ္ဦးလည္း
ျဖစ္ခဲ့ပါေသးတယ္။

ဒီဇာတ္ကားမွာေတာ့

႐ုတ္ျခည္းေတြ႔ဆံုခဲ့ရတဲ့ ႐ိုဆီဟာ
Surjan အတြက္
ဘာေတြေဖာ္ထုတ္ေပးႏိုင္ခဲ့သလဲ။

႐ိုဆီရဲ႕အတိတ္ဇာတ္ေၾကာင္းနဲ႔
ဘ၀ျဖစ္ပ်က္မႈအေၾကာင္းကေရာ။

၀ိညာဥ္ မယံုေသာ Surjan အတြက္
မည္သို႔ေသာ ျဖစ္ရပ္မ်ိဳး
မည္သို႔ေသာ လုပ္ရပ္မ်ိဳးက
အံ့အားသင့္ေစခဲ့မလဲ။

သူ႔သားေလး ကရန္ကေရာ
၀ိညာဥ္ျဖစ္ေနခဲ့မည္ေလာ။

Surjan ရဲ႕မိသားစုအေျခအေန
အမႈအခင္းေအာင္ျမင္မႈေတြကေရာ။

အမန္ကပူးေသဆံုးမႈက
မေတာ္တဆလား။
လုပ္ၾကံသတ္ျဖတ္မႈလား။

အမန္ကပူးရဲ႕ လူမသိေသာ
ေနာက္ကြယ္အတိတ္ျဖစ္ရပ္ေတြကေရာ။

စတဲ့ ေမးခြန္းေပါင္းမ်ားစြာက
သင့္အား စိတ္လႈပ္႐ွားေစမွာပါ။
အတန္ငယ္႐ႈပ္ေထြးသည္ဟု
ထင္ျမင္ရေသာ္လည္း
ဇာတ္ကားရဲ႕ရည္ရြယ္ခ်က္က အရသာမပ်က္သြားပါဘူး။

ေမတၱာ တရားေတြေပါင္းစည္းျပီး
ျဖစ္ေလ့ျဖစ္ထ႐ွိတဲ့လူ႔သဘာ၀နဲ႔
ပရေလာက ကိုပါထည့္သြင္းေရာေႏွာထားေသာေၾကာင့္
အထူးစိတ္၀င္စားဖြယ္ေကာင္းလွပါတယ္။
ဒါေၾကာင့္ ၾကည့္႐ႈရင္းရင္ခုန္လိုက္ၾကပါဦးလို႔။

Review Credit CM

Original title
Talaash
Director
Abdul Quadir Amin, Mihir Lath, Reema Kagti
Stars
Aamir Khan, Aditi Vasudev, Gulfam Khan, Kareena Kapoor Khan, Nawazuddin Siddiqui, Om Prakash, Rajkummar Rao, Rani Mukerji, Shernaz Patel, Subrat Dutta
Release Date
30 Nov 2012
Rated
Not Rated
Runtime
140 min
Awards
5 wins & 12 nominations.
Country
India
Budget
USD $8 510 000,00
Popularity
6.64
Status
Released
ID IMDb.com
tt1787988
IMDB Rating
7.3
IMDB votes
36,371
ID Themoviedb.org
86004
TMDb Rating
6.8
TMDb votes
98