မိုက်ကယ်အန်ဂျလို၊ ဒိုနာ တယ်လို၊ လီယိုနာဒိုနဲ့ ရက်ဖဲလ် တို့ ညီအစ်ကို လေးယောက်ဟာ မဟာမဟာလူဆိုးတွေကို အေပ ရယ်အိုနေး၊ ဗန်ဖန်ဝစ်နဲ့ ကေစီဂျုံးစ်တို့နဲ့အတူ တိုက်ပွဲဝင်တဲ့ စွန့်စား ခန်းတွေကို ရိုက်ကူးတင်ဆက် ထားတာပါ။
လိပ်နင်ဂျာလေးကောင်ဟာ T.C.R.I သိပ္ပံပညာရှင် ဒေါက်တာ ဘက်စတာစတော့မန်းနဲ့ သူတို့ လေးကောင်ရဲ့ ရန်သူဖြစ်တဲ့ ရှရက်ဒါတို့ဟာ သန္ဓေပြောင်း သတ္တ၀ါနှစ်ကောင်ဖြစ်တဲ့ ဘီပေါ့ နဲ့ ရော့ခ်စတက်ဒီတို့ကို ဖန်တီးခဲ့တဲ့အတွက် ပဋိပက္ခတွေ ဖြစ်ခဲ့ပါ တယ်။ ဒီလိုနဲ့ တိုက်ပွဲတွေဖြစ်ကြ ရင်း လိပ်နင်ဂျာလေးကောင်ဟာ ရီထရိုမြူတာဂန်လို့ခေါ်တဲ့ လူသားဘ၀ကို ပြန်ပြောင်းနိုင်စွမ်းရှိတဲ့ ဓာတုပစ္စည်းကိုရှာဖွေတွေ့ရှိခဲ့ တာကြောင့် လူသားဘ၀ပြန်ရဖို့ မျှော်လင့်ချက်တွေ ရသွားခဲ့ပါ တယ်။
တစ်ဖက်မှာလည်း နယူး ယောက်မြို့တော်ကို အခြားကမ္ဘာ ဂြိုဟ်က ကျူးကျော်ဝင်ရောက်နေ ထိုင်တဲ့ စူပါဗီလိန်ခရန်က သိမ်း ပိုက်ထားတဲ့အတွက် ပြန်ကယ် တင်နိုင်ဖို့ အရေးကြိုးပမ်းရပါတော့တယ်။ ခရန်ကို အပြတ်ရှင်းရာမှာ လည်း သူတို့ရဲ့ မာစတာစပလင် တာနဲ့အတူ လူသားမိတ်ဆွေတွေ ဖြစ်တဲ့ အေပရယ်အိုနေး၊ ဗန်ဖန် ပစ်၊ ကေစီဂျုံးတို့နဲ့ အတူ တိုက်ပွဲ ၀င်ကြတာကို ရှုစားရမှာ ဖြစ်ပါ တယ်။ အထူးပြုလုပ်ချက်တွေ အ များကြီးသုံးထားတဲ့အတွက် အချို့ ပရိသတ်တွေသဘောမကျလောက်ဘူးထင်ပေမယ့် နင်ဂျာလေးကောင်ရဲ့ သွက်လက်တဲ့ တိုက်ကွက်တွေ နဲ့ ရယ်စရာ ဇာတ်ကွက်တချို့ လည်းပါသေးတာမို့ ကြည့်လို့အ ဆင်ပြေမယ် ထင်ပါတယ်။
ဒီဇာတ်ကားထဲမှာ အေပ ရယ်အိုးနေးအဖြစ် မီဂန်ဖောက်စ်၊ ကေစီဂျုံးစ်အဖြစ် စတီဖန်အေ မဲလ်၊ ဗန်ဖန်ဝစ်အဖြစ် ၀ီလ်အာ နက်၊ ရှရက်ဒါအဖြစ် ဘရိုင်ရန်တီ၊ဒေါက်တာ ဘက်စတာစတော့မန်း အဖြစ် တိုင်လာပယ်ရီတို့က သရုပ်ဆောင်ထားကြပါတယ်။
(ဇာတ်လမ်းအကျဉ်းကိုတော့ 7daydaily မှကူးယူဖော်ပြထားတာဖြစ်ပါတယ်)
File Size – 1.75 GB
Quality – Blu-Ray 1080P 6CH
Running Time – 1h 52min
Format – mkv
Subtitle – Myanmar HardSub
Genre – Action, Adventure, Comedy
Translator – Leo
Encoded By – Htet Aung Moe