Burmese Subtitle
BluRay 1080p 6CH The Addams Family (2019)
Report error

The Addams Family (2019)

N/A    

PG 86 min AnimationComedyFamily

5.8
IMDB: 5.8/10 12,922 votes

, ,

, , , , , , , , ,

3 nominations.

USA

187

Report error

ဟိုးအရင်ကတည်းက ရုပ်ရှင်တွေအမြဲကြည့်လာတဲ့လူတွေအတွက်တော့ The Addams Family ဟာ မစိမ်းပါဘူး။ Addams တွေအကြောင်း မသိရင်တောင် အင်တာနက်မှာ Wednesday ရဲ့meme တွေ မြင်ဖူးကြမှာပါ။ သာမန်လူတွေလို မဟုတ်ဘဲ Negative ဖြစ်တဲ့ဟာတွေ၊ ဥပမာ လွမ်းဆွေးစရာ ကြောက်စရာ စိတ်ညစ်စရာ နာကျင်စရာ လိုအရာတွေက သူတို့အတွက်တော့ positive ပါပဲ။ ဒီလို အရမ်းကွာခြားတဲ့အချက်တွေနဲ့ သူတို့ရဲ့ ထူးခြားပြီး unique ဖြစ်တဲ့ ဇာတ်ကောင်တွေကြောင့် လူကြိုက်များခဲ့ကြတာပေါ့။

ဇာတ်လမ်းက ရိုးရှင်းတယ်။ ပေါ့ပါးတယ်။ မျက်နှာပြောင်တယ်။ အမြဲတမ်းမဟုတ်တောင် တစ်ချက်တစ်ချက် အသံထွက်ပြီး ထရယ်ရလောက်အောင် ပျော်ဖို့ကောင်းတယ်။ Music က လန်ထွက်။ ကြည့်ပြီးသွားတာနဲ့ ရင်ထဲစွဲနေတာက Theme song ပဲ။

ဒါပေမဲ့ Addams Family မှာ ကျွန်တော့အတွက်တော့ ပြသနာ နှစ်ခုရှိနေပါတယ်။

ပထမတစ်ခုက remake တို့ရဲ့ထုံးစံအတိုင်း မူရင်းတွေကို မကျော်နိုင်တာပါ။ ရိုက်ထားတာ ကြာပြီဖြစ်ပြီး အထူးပြုလုပ်ချက်တွေက ဒိတ်အောက်နေပြီဖြစ်ပေမဲ့ The Addams Family ရုပ်ရှင်ဟာ ခုထိ ရင်ထဲစွဲနေတုန်းပါပဲ။ ဇာတ်ကောင်တွေနဲ့သူတို့ရဲ့ စရိုက်တွေ၊ သူတို့ရဲ့ unique ဖြစ်ပုံတွေနဲ့ အထူးသဖြင့် plot ပိုင်းက အရင်ရုပ်ရှင်မှာ ပိုလေးနက်သလိုခံစားရတယ်။ အခု Animated film မှာတော့ ကလေးကြည့်လိုမျိုး အရမ်းပေါ့ပါးအားကြီးနေတယ်။ နောက်ပြသနာ တစ်ခုကတော့ Hotel Transylvania ပါ။ ဟိုးအရင်တုန်းကတော့ The Addams Family က တကယ့်ကို သူမတူတဲ့ အရသာပေးစွမ်းနိုင်ပါတယ်။ ဒီလို ထူးခြားပြီး လူတွေနဲ့ပြောင်းပြန်ဖြစ်နေတဲ့ မိသားစု က သူတို့ပဲရှိတာကိုး။ အဲအပြင် ရုပ်ရှင်ဆိုတော့ အဆင်ပြေတယ်။ အခုမှာတော့ ဒီစရိုက်နဲ့ ဇာတ်ကောင်တွေဟာ Hotel Transylvania နဲ့ သိပ်မကွဲပြားမှု မရှိတော့ဘူးဖြစ်နေတယ်။ ဆိုတော့ HT ကြည့်ဖူးထားတဲ့လူတွေအတွက်တော့ ဘာမှ သိပ်ထူးခြားမှု မရှိ၊ သိပ်ပြီးအရသာ ရှိမှာမဟုတ်လောက်ပါဘူး။ HT မရှိထားဖူးဆိုရင်တော့ အရမ်းအလုပ်ဖြစ်မှာပါ။

အဲဒီအတွက်တော့ The Addams Family ဟာ မှန်းထားသလောက်တော့ ရင်ထဲမရောက်ခဲ့ပါဘူး။ ကြည့်ရတဲ့အခိုက်တော့ ပျော်ဖို့ကောင်းတယ်၊ တော်တော်လေးအထာကျတဲ့ အကွက်အချို့ပါတယ်။ ဒီလောက်ပါပဲ။ HT လိုကားမျိုးတွေ ကြိုက်တယ်ဆိုတဲ့ပရိတ်သတ်ကြီးအတွက်၊ အထူးသဖြင့် The Addams Family နဲ့ပတ်သက်ပြီး တခါမှ မကြည့်ဖူး မသိဖူးတဲ့ ပရိတ်သတ်ကြီးအတွက်တော့ အားရကျေနပ်မှု အတိုင်းအတာတစ်ခုအထိ ပေးနိုင်မယ်ထင်ပါတယ်။

Review Credit to DatShin FB Page

The Addams Family (2019)
The Addams Family (2019)
The Addams Family (2019)
The Addams Family (2019)
  • Download Links Server Size Quality