Burmese Subtitle
Web-DL 1080p 6CH The Billionaire (2011)
Report error

The Billionaire (2011)

The Billionaire    

N/A 131 min Drama

7.9
IMDB: 7.9/10 1,185 votes

, , ,

4 nominations.

Thailand

512

Report error

ကျွန်တော်တို့ မြန်မာလူမျိုးတွေ တော်တော်များများက အသက် ၁၆ နှစ်ဆို စာတွေကြည့် ဖင်ကုန်းကျက်နေရတဲ့ ၁၀တန်းအရွယ်ပေါ့…
ဘီလီယံနာ ဖြစ်ဖို့မပြောနဲ့ စီးပွားရေးလုပ်မယ်ဆိုတဲ့အတွေးတောင်မတွေးနိုင်တဲ့အချိန်ဘဲလေ…
ဒီဇာတ်ကားလေးမှာတော့ စာမတတ်ပေမယ့် ပညာတတ်တော့ ဘီလီယံနာဖြစ်တဲ့အကြောင်းလေးကို အခြေခံရိုက်ကူးထားတဲ့ အသက် ၁၆ နဲ့အရွယ် တော့ပ်ဆိုတဲ့ကောင်လေးအကြောင်းဘဲဖြစ်ပါတယ်။
ဒီဇာတ်ကားကအဖြစ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ထိုင်းပညာပေးရုပ်ရှင်တွေထဲကတစ်ကားဘဲဖြစ်ပါတယ်။
ဇာတ်ကားအညွှန်း
———————
အသက် ၁၆ နဲ့ ကျောင်းစာမှာအားနည်းပေးမယ့် ဂိမ်းမှာ ကျွမ်းကျင်အဆင့်ဖြစ်နေတဲ့ တော့ပ်တစ်ယောက် ဂိမ်းဆော့ရင်းသူ့စီကို ပစ္စည်းတွေလာဝယ်ရာကနေပြီး သူ့ရဲ့ ပထမဆုံး သူစိမ်းကိုရောင်းလိုက်တာ US$1200 လောက် (မြန်မာငွေဆို 18သိန်း ပေါ့)ပထမဆုံးဝင်ငွေကိုရလိုက်ပီးတော့
စီးပွားရေးအကွက်ကိုစပြီးမြင်ပါတယ်။
ထုံးစံအတိုင်း အသက် ၁၆ နှစ်ဆိုတော့ မိဘရဲ့အရိပ်အာဝါသ အောက်မှာရှိတဲ့ တော့ပ်တစ်ယောက်တော့ စပြီး ပြန်ကန်စပြုလာပါပြီ။ကိုယ်ပိုင်ဝင်ငွေလေးတွေ ဂိမ်းဆော့ရင်းရလာသည်ကို အိမ်က လောင်းကစားလုပ်နေသည်ဟုပင်ထင်နေသည်။
အသက် ၁၇ နှစ်ကျတော့ ကျောင်းစာကိုအလွန်အမင်းအားနည်းသွားခဲ့ပြီးစီးပွားရှာဖို့ဘဲစိတ်အားထက်သန်နေတဲ့ တော့ပ်တစ်ယောက် စီးပွားရှာဖို့အတွက် လမ်းစတွေအမျိုးမျိုး သုံးခဲ့ပါတယ်။ သူ့မိသားစုစီးပွားရေးကလည်း မပြေလည်တဲ့အပြင်ကို အကြွေးတွေလည်း ကြေအောင်မလုပ်နိုင်တဲ့အတွက် တော့ပ်တစ်ယောက် DVD စက်တွေရောင်းဖို့အတွက်ပထမဆုံးစီးပွားရေးကို စခဲ့ပါတယ်။ ဒီလိုနဲ့ DVD စက်တွေက ညာရောင်းခံရပြီးတော့ ပထမဆုံးမှာအရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒီမှာဆိုတော်တော်များများက လက်လျှော့သွားမှာအမှန်ပါဘဲ။ ဒါပေမယ့်တော့ပ်တစ်ယောက်ကတော့ ဒီလိုမျိုးလွယ်လွယ် လက်မလျှော့ခဲ့ဘဲ
သူ့ရဲ့ ဒုတိယ အကြံဖြစ်တဲ့ သစ်ချသီးရောင်းဖို့ ထပ်ပြီးပြင်ဆင်ပါတော့တယ်။ ဒီလိုနဲ့ သစ်ချသီးတွေလည်း ရောင်းတော့အကျိုးအမြတ်ကရပေမယ့်
အမြတ်ထက် အရှုံးပိုများနေတာကတစ်ကြောင်းဈေးဝယ်စင်တာရဲ့ နေရာတွေမှာ မီးခိုးမွှန်လို့ ကတစ်ကြောင်းနဲ့ ဒုတိယအကြံလည်းထပ်မံပျက်စီးသွားခဲ့ပြန်တယ်။ နောက်ဆုံးမှာတော့ သူ့ကောင်မလေးစားနေတဲ့ရေညှိကိုစားပြီးအိုင်ဒီယာလေးတစ်ခုရသွားပြန်တယ် ဒီလောက်ဆိုရင်တော့
ဘာတွေလုပ်မယ်ဆိုတာ စဉ်းစားမိပြီလို့ထင်တယ်…။
အဆုံးသတ်ကတော့ ဘာဘဲလုပ်လုပ် လက်သာမလျော့လိုက်ပါနဲ့အားတင်းထားပါ ပြဿနာတွေက ဆက်တိုက်လာနေဦးမှာဘဲ “အနာခံမှအသာစံ” ရမယ်ဆိုတာအားလုံးသိပြီးသားနေမှာပါ ဒီစကားပုံထဲကလိုဘဲ ဒီကောင်လေးတော့ပ်တစ်ယောက် သေချာအသုံးချသွားတာတွေ့ရမှာပါ။
အခုလက်ရှိတော့ ကျွန်တော်တို့မြန်မာနိုင်ငံကိုဝင်နေတဲ့စားသောက်ကုန်တစ်မျိုးဖြစ်တဲ့ရေညှိထုပ်လေးတွေက တော့ပ်ရဲ့ ကြိုးစားအားထုတ်မှုတွေထဲကအအောင်မြင်ဆုံးတစ်ခုဘဲဖြစ်ပါတယ်။

(အတွေးအခေါ်လေးတွေပြောင်းလဲပြီး အောင်မြင်တဲ့စီးပွားရေးပညာရှင်ကြီးတွေဖြစ်နိုင်ပါစေ)

File Size – 1.99 GB
Quality- WEB-DL 1080p 6CH
Running Time – 2hr 04min
Format – mkv
Genre – Drama
Subtitle – Myanmar (Hard Sub)
Translator – Hnin Wai Wai Aung
Encoded By – Htet Aung Moe

The Billionaire (2011)
The Billionaire (2011)
No downloads available

Related movies