နျူးကလီးယားဗုံးကို အမေရိကန်တွေက ဂျပန်တွေကို စစ်အောင်နိုင်ဖို့အတွက် ၁၉၄၅ ခုနစ် ဩဂုတ်လ ၆ ရက်နေ့ ၈ နာရီ ၁၅ မိနစ်တိတိမှာ ဟီရိုရှီးမားမြို့ပေါ်ကို ပထမဆုံးအကြိမ် ကြဲချခဲ့ပါတယ်။ နာမည်က Little Boy ဖြစ်ပြီး plutonium အမျိုးအစားဗုံးပါ။ လူပေါင်း ၈ သောင်းနီးပါး သေဆုံးခဲ့ပါတယ်။ ဩဂုတ်လ ၉ ရက်နေ့မှာ Nagasaki မြို့ပေါ် ထပ်မံ ကြဲချခဲ့ပါတယ်။ နာမည်က Fat Man ဖြစ်ပြီး Uranium Gun Type ဗုံးအမျိုးအစားဖြစ်ပါတယ်။ လူပေါင်း ၁ သိန်း ၇ သောင်းထိ သေဆုံးစေခဲ့ပါတယ်။ တစ်ခြားသောဗုံးနဲ့ ကွာခြားချက်ကို ရိုးရိုး ရှင်းရှင်းပြောရရင်တော့ ပြင်းအားပဲ ဖြစ်ပါတယ်။ လောင်စာနည်းနည်းနဲ့ ပြင်းအား အလွန်များတာကို လိုချင်ရင်တော့ နျူကလီးယားလောင်စာကို ပြောင်းလဲအသုံးပြုဖို့လိုပါတယ်။ ဒါကြောင့်မလို့ ဒိလောင်စာကို တွေ့ရှိပြီးတဲ့နောက်ပိုင်းမှာ စစ်လက်နက်ပစ္စည်းတွေမှာ နျူးကလီးယားကို ထည့်သွင်းအသုံးပြုတာတွေ များလာတာဖြစ်ပါတယ်။
.
ဒီ video မှာတွေ့ရမယ့် အဓိက အကြောင်းအရာတွေကတော့ ဒီမေးခွန်းလေးတွေကို မိတ်ဆွေတို့ ကိုယ်တိုင် ဖြေကြည့်ရင်းနဲ့ ခန့်မှန်းနိုင်ပါတယ်။
.
*ဗုံးရဲ့ theory ကို ဘယ်နိုင်ငံကစတွေ့ပြီး ဘယ်နိုင်ငံက စထုတ်လုပ်ခဲ့သလဲ။
*ယူရေနီယံ ဘယ်လိုအမျိုးအစားကို အသုံးပြုရသလဲ…ပြီးတော့ ယူရေနီယံ ဘယ်လိုထုတ်ခဲ့ရသလဲ။
*ပထမဆုံး စမ်းသပ်မှုပြီးတော့ ဗုံးဘယ်နှစ်လုံးအသုံးပြုခဲ့သလဲ။ အသုံးပြုခဲ့တဲ့ ဗုံးတွေက ဘာအမျိုးအစားတွေလဲ။ ပြင်းအားဘယ်လောက်ထိရှိလဲ။
*ဂျပန်တွေ လက်နက်ချပြီး ဗုံးတွေကို ဘာဆက်လုပ်ခဲ့သလဲ။
*စတာလင် ကကော နျူကလီးယားဗုံးကို ဘယ်လိုပိုင်ဆိုင်သွားတာလဲ။
*မေရိကန်နဲ့ ဆိုဗီယက်တို့ ဘယ်လိုမျိုးတွေ အင်အားပြိုင်ဆိုင်ခဲ့သလဲ။
*နျူးကလီးယားဗုံးကို ဘယ်ကာကွယ်နိုင်မလဲ။
*နျူကလီယားဗုံးထက် ပြင်းတာ ဘာဗုံးလဲ။ အဲ့ဗုံးကို ဘယ်လိုတီထွင်ခဲ့တာလဲ။
*Cuba အရေးအခင်းက ဘာကြောင့် စဖြစ်တာလဲ။
*ဆိုဗီယက်ပြိုကွပြီး ဘာတွေအားပြိုင်မှုရှိသေးလဲ။
*အမေရိကန်တွေ အနေနဲ့ နျူးကလီးယား ဖောက်ခွဲမှုဘယ်နှကြိမ်ရှိခဲ့လဲ
*ယနေ့ခေတ် ဘယ်နိုင်ငံတွေက ဒီဗုံးတွေ ပိုင်ဆိုင်ထားလဲ (2015 ခုနစ်အထိသာ)
စတဲ့မေးခွန်းတွေရဲ့ အဖြေကို သိချင်တယ်ဆိုရင်တော့ ဒီ video ကို ကြည့်လိုက်ပါ။ ဒီမေးခွန်းတွေအပြင် တစ်ခြားစိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်းအရာတွေ အများကြီးပါဝင်နေပါတယ်။ ဇာတ်ကားဖန်တီးမှုမဟုတ်တဲ့အတွက် တကယ့်ဖြစ်ရပ်မှန်တွေကို သိရှိမှတ်သားရမှာပါ။
.
အမေရိကန်တွေရဲ့ ဖျံကျမှုနဲ့ အရှုပ်ဇာတ်ကို သိသိ သားသားမြင်တွေ့ရမှာပါ။ နျူကလီးယားဗုံး သမိုင်းအကြောင်းကို လေ့လာချင်တဲ့ သူတွေအတွက် ဒီ Documentary Video လေးက အသင့်တော်ဆုံးဖြစ်မှာပါ။ တကယ်ဖြစ်ရပ်မှန် Footage တွေကို colour ပြန်ထည့်ပြီး ဖော်ပြထားတာကိုလည်း တွေ့ရမှာပါ။ ဒီ video လေးက အမေရိကန်ဘက်က ရိုက်ကူးဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အယူမစွဲပဲနဲ့ အရှိကို အရှိအတိုင်း ဖော်ပြထားတဲ့ ဘက်မလိုက်တဲ့ video ကောင်းတစ်ခုပါ။ ဒီ video ထဲမှာ နျူကလီးယား ဗုံးအကြောင်း သက်သက်မဟုတ်ပဲ စစ်အေးခေတ်ရဲ့ အရှုပ်တော်ပုံကို လည်း အချိတ်အဆက်မိမိ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီ video ရဲ့ IMDb rating ကတော့ 7.7/10 ရှိပါတယ်။
ဒီ Documentary ဇာတ်ကားရဲ့အညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Senior Thet Naing Zaw ဘဲဖြစ်ပါတယ်။