The Bourne Identity (2002)
He was the perfect weapon until he became the target.Synopsis:
မတ်ဒေမွန် (Matt Damon) က စီအိုင်အေ အေးဂျင့်ဟောင်း ဂျေဆန်ဘွန်း အဖြစ် သရုပ်ဆောင်ထားတဲ့ Jason Bourne ဆိုတဲ့ ရုပ်ရှင်ကို ရုပ်ရှင်ရုံမှာ အစိမ်းသက်သက် သွားကြည့်ရင် တစ်လုံးမှ နားမလည်ပဲ သွက်သွက်ခါ သွားနိုင်စရာရှိပါတယ်။
၁-ဂျေဆန်ဘွန်း ဘာကြောင့် အသက်လုပြေးနေရတာလဲ ?
၂-ဂျေဆန်ဘွန်းကို စီအိုင်အေ က ဘာကြောင့် တွေ့ရာသင်္ချိုင်း ဓားမဆိုင်း လိုက်သတ်ချင်နေရတာလဲ ?
၃-ဂျေဆန်ဘွန်း ပါဝင်ပတ်သက်ခဲ့ရတဲ့ အော်ပရေးရှင်းထရက်စတုန်း (Operation Treadstone) ရဲ့ လျှို့ဝှက်ချက် တွေကရော ဘာတွေလဲ ?
၎-အော်ပရေးရှင်းဘလက်ခ်ဘရိုင်ယာ (Operation Blackbriar) ကရော ဘယ်လို ဘယ်လိုစစ်ဆင်ရေးမျိုးလဲ ?
၅-တစ်ခါ အော်ပရေးရှင်းအောက်တ်ကမ်း (Operation Outcome) နဲ့ ပတ်သက်မိတဲ့ အေးဂျင့် အေရွန်ခရော့စ် ကပါ ဘာကြောင့် ခွေးပြေးဝက်ပြေး ပြေးနေရတာလဲ ?
ဒါတွေသိထားမှ ဒီဇာတ်လမ်းကို ကြည့်လို့ နားလည်မှာ။ ဒါကြောင့် Jason Bourne ကိုကြည့်ချင်ရင် အရှေ့က ရုပ်ရှင်လေးကားကို အစဉ်အတိုင်း ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။
1-The Bourne Identity
2-The Bourne Supremacy
3-The Bourne Ultimatum
4-The Bourne Legacy
ဆိုတဲ့ ရုပ်ရှင်လေးကားပါ။
Jason Bourne က ပဉ္စမမြောက် ရုပ်ရှင်ဇာတ်လမ်းတွဲ ဖြစ်နေလို့ပါပဲ။