၂၀၁၆ ထွက် စုံထောက် ဟာသကားကို တင်ပေးလိုက်ပါတယ်။ Imdb 6.6 နဲ့ပါ။
ဇာတ်လမ်းအကျဉ်းကတော့ ဂရင်းစ်ဘေးသား အရမ်းချစ်ကြတဲ့ ညီအစ်ကို ၂ ယောက်ဟာ ငယ်စဉ်ကတည်းက ကွဲကွာသွားခဲ့ပါတယ်။ အစ်ကိုကြီးက အပေအတေ ဘောလုံးအားပေးသူ တစ်ယောက်ဖြစ်လာပြီး ညီငယ်ကတော့ MI-6 ရဲ့ လျို့ဝှက်စုံထောက်တစ်ယောက်ဖြစ်လာပါတယ်။ နှစ်ပေါင်း ၃၀ တောင် ညီငယ်ဖြစ်သူကို ရှာဖွေနေတဲ့ အစ်ကိုကြီးဟာ ပါတီပွဲတစ်ခုမှာ စစ်ဆင်ရေးနဲ့ရောက်နေတဲံ ညီငယ်ကိုပြန်ရှာတွေ့သွားလို့ ၀မ်းသာအားရ နှုတ်ဆက်မိချိန်မှာ… အလွဲတွေ ဖြစ်ကုန်ပြီး လူသတ်သမားအစစ်လဲ လွတ်မြောက်သွားစေပြီး ဟယ်ရီပေါ်တာမင်းသားကို AIDS ကူးသွားစေတဲ့အပြင် WHO ဥက္ကဌပါ သေဆုံးသွားစေတဲ့အခါမှာတော့ ညီအစ်ကို ၂ ယောက် ကမ္ဘာပတ်ပြေးပြီး သူတို့ အရှုပ်ထုပ်တွေကို ပြန်ရှင်းရပါတော့တယ်။
ဇာတ်လမ်းဟာ လိင်အသားပေးဇာတ်ကားမဟုတ်ပေမဲ့ ညစ်ညမ်းတဲ့ အသုံးအနှုန်းအချို့နဲ့ ပြကွက်အချို့ ပါဝင်နေတာကြောင့် မိသားစုလိုက်ကြည့်ဖို့နဲ့ ကလေးများကြည့်ဖို့ မသင့်တော်ကြောင်း သတိပေးပါတယ်။ NC-17 rating ပါ။
Review Credit To Channel Myanmar
File Size – 1.25 GB
Quality- Blu-Ray 1080p 6CH
Running Time – 1hr 23min
Format – mkv
Genre – Action, Adventure, Comedy
Translator – Thura Nyein
Encoder – Robinn Hood