Exit print mode Print Data A+ A- Undo all

The Cabin in the Woods (2011)

You think you know the story.
The Cabin in the Woods (2011)The Cabin in the Woods (2011)

Synopsis:

The Cabin In The Woods (2012)

 

ဆယ်ကျော်သက်လူငယ် ငါးယောက်ရဲ့ အားလပ်ရက်အပန်းဖြေခရီးက တောထဲက သစ်လုံးအိမ်လေးဆီကို ဦးတည်နေပါတယ်။ အသေးစားပါတီလေးလုပ်ပြီး သောက်စားပျော်ပါးကြမယ်ပေါ့။ ဒါပေမယ့် သူတို့သေချာမသိထားတာက သူတို့သွားမယ့် သစ်လုံးအိမ်လေးအကြောင်း။ အရွယ်အစားသေးငယ်လှတဲ့ အဆိုပါသစ်လုံးအိမ်လေးမှာ စိတ်ဝင်စားဖွယ်ကြီးမားလှတဲ့ လျို့ဝှက်ချက်တွေရှိနေတယ်။

အစီအစဉ်တကျဖန်တီးယူထားတဲ့ အစိုးရစီမံကိန်းတစ်ခုအောက်မှာရှိနေတဲ့ ဒီသစ်လုံးအိမ်လေးကို သူတို့တွေသွားဖို့ဖြစ်လာတာ အကြောင်းမဲ့မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်နေတဲ့ ဖြစ်ရပ်ကြီးတစ်ခုဖြစ်မလာဖို့ကို တစ်နှစ်တစ်ကြိမ် နိုင်ငံအသီးသီးက ကာကွယ်ကြရတယ်။ အဲလိုကာကွယ်ရတဲ့ အခါမှာ နိုင်ငံတိုင်းအောင်မြင်ဖို့မလိုဘူး။ တစ်နိုင်ငံအောင်မြင်ရင်ရပြီ။ ဒီနှစ်မှာတော့ သူတို့ငါးယောက်ကို အသုံးချပြီး ဒီစီမံကိန်းအောင်မြင်နိုင်မလား။

ဒီသစ်လုံးအိမ်လေးကို ထိန်းချုပ်နေတဲ့ အဖွဲ့အစည်းက ဒီအိမ်လေးရဲ့ မြေအောက်တစ်နေရာမှာတင် စခန်းချနေရာယူထားတယ်။ သူတို့ရဲ့ အစီအစဉ်ကတော့ ဒီအိမ်ကိုရောက်လာတဲ့ လူရွယ်ငါးယောက်ထဲက အပျိုစင်မိန်းကလေးကလွဲပြီး ကျန်တဲ့သူတွေအားလုံးကိုသေအောင် သတ်ဖို့ကြိုးစားရမှာပါ။ သတ်တယ်ဆိုတဲ့နေရာမှလည်း ကိုယ်တိုင်ကိုယ်ထိလက်ရောက်သတ်တာမျိုး မဟုတ်ပဲ ဒီငါးယောက်က ရွေးချယ်တဲ့ အခြေအနေတစ်ခုပေါ်မူတည်နေပါတယ်။ ဒီစီမံကိန်းမှာ စုဆောင်းဖန်တီးထားတဲ့ သရဲတစ္ဆေမိစ္ဆာမကောင်းဆိုးဝါး သတ္တ၀ါမျိုးစုံရှိပါတယ်။ ဒီသရဲတစ္ဆေတွေထွက်လာအောင် ခေါ်ထုတ်ဖို့အတွက် သက်ဆိုင်ရာ ပစ္စည်းတွေကိုလည်း အိမ်ထဲမှာနေရာချထားပြီးပါပြီ။ သူတို့ငါးယောက်ရွေးချယ်တဲ့ ကံကြမ္မာက သူတို့ရဲ့ အသက်ကို နှုတ်ယူသွားမှာပါ။

ထိန်းချူပ်ရေး အဖွဲ့က အခြေအနေအချို့ကိုစောင့်ကြည့်ပြီး ထိန်းပေးရုံပါပဲ။ ဒီသစ်လုံးအိမ်လေးရဲ့ အတွင်းအပြင်နဲ့ ပတ်ဝန်းကျင် ရာသီဥတု အနေအထားအစုံကိုသူတို့ထိန်းချုပ်နိုင်ပါတယ်။ ဓာတ်ငွေ့တွေအသုံးပြုပြီး သူတို့ငါးယောက်ရဲ့ စိတ်တွေကိုပါထိန်းချုပ်နိုင်ပါသေးတယ်။

သူတို့ငါးယောက်ရဲ့ ရွေးချယ်မှုကဘာဖြစ်မလဲ။ ထိန်းချုပ်ရေးအဖွဲ့ကရော သူတို့လိုချင်တဲ့ အနေအထားတစ်ခုရအောင် ဒီလူငယ်ငါးယောက်ကို ထိန်းချုပ်ဖန်တီးထားနိုင်မှာလား။

Movie Review Credit

Original title
The Cabin in the Woods
Director
Drew Goddard, Susan Lambie
Stars
Amy Acker, Anna Hutchison, Bradley Whitford, Brian J. White, Chris Hemsworth, Fran Kranz, Jesse Williams, Kristen Connolly, Richard Jenkins, Tim DeZarn
Release Date
13 Apr 2012
Rated
R
Runtime
95 min
Awards
20 wins & 33 nominations.
Country
USA
Budget
USD $30 000 000,00
Revenue
USD $70 742 948,00
Popularity
17.516
Status
Released
ID IMDb.com
tt1259521
IMDB Rating
7.0
IMDB votes
336,463
ID Themoviedb.org
22970
TMDb Rating
6.5
TMDb votes
4190