Exit print mode Print Data A+ A- Undo all

The Classic (2003)

The Classic (2003)The Classic (2003)

Synopsis:

The Classic (2003)
******************

လူတိုင်း လူတိုင်းမှာ အချိန်တန် အရွယ်ရောက်လာရင် မလဲမသွေ ကြုံတွေ့ရမယ့် အရာတစ်ခု ရှိနေမှာပါ။ အဲဒါကတော့ အချစ်ပါပဲ။ ကျွန်တော်တို့တွေတစ်ဦးချင်းဆီမှာ အချစ်နဲ့ပတ်သက်တဲ့ ခံစားချက်တွေ ရှိနေသလို ကျွန်တော်တို့ရဲ့ အဖေတွေ အမေတွေ အဖိုးတွေ အဖွားတွေ တစ်ဦးချင်းဆီမှာလဲ အချစ်ဆိုတာ ရှိနေမှာပါ။ အချစ်ဆိုတာ ဝါဒတစ်ခု မဟုတ်သလို စနစ်တစ်ခု မဟုတ်တဲ့အတွက် ခေတ်တိုင်း ခေတ်တိုင်းမှာ ရှင်သန်နေမယ့် အရာတစ်ခုလဲ ဖြစ်ပါတယ်။

အချစ်ဆိုတာတော့ အများကြီး ရှိပါလိမ့်မယ်။ အမျိုးအစားအများကြီးရှိမယ့် အချစ်တွေထဲကမှ တွေးမိတိုင်း ရင်ထဲနွေးကနဲ ရှိန်းကနဲ ဖိန်းကနဲ ဖြစ်ရတဲ့ အချစ်မျိုးက ဘယ်လိုအချစ်မျိုး ဖြစ်မလဲ။ ကျွန်တော့်အမြင်အရဆို ရင်ခုန်တတ်စမှာ ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ ပထမဆုံးအချစ်ဟာ အနူးညံ့ဆုံးနဲ့ ရင်အခုန်ရဆုံး ဖြစ်မယ်ထင်ပါတယ်။

ငယ်ရွယ်စဉ်မှာ ထိတွေ့ရတဲ့အချစ်ဟာ ရိုးသားဖြူစင်ပါတယ်။ ဘာအရောင်မှ မပါသလို ဘာမျှော်လင့်ချက်မှလဲ မရှိပါဘူး။ တဏှာပေမတွေလဲ ကင်းသလို တွေဝေမှုနဲ့ ဆင်ခြင်ထိန်းချုပ်မှုတွေရဲ့ ပြင်ပမှာပဲ ရှိသေးတဲ့ အချစ်မျိုး ဖြစ်ပါတယ်။ ဒီအချစ်ထဲမှာ နူးညံ့မှုတွေ ရှိနေတယ်၊ ရင်ခုန်စရာတွေ ရှိနေတယ်၊ လွမ်းဆွတ်မှုတွေ ရှိနေတယ်ဆိုတာ အသေအချာပါပဲ။

လူတိုင်းဟာ ဒီလိုအချစ်မျိုးနဲ့ ထိတွေ့ကြီးပြင်းလာကြတယ်။ အချစ်ဦးနဲ့ ပေါင်းဖက်ရတာရှိမယ်။ ဝေးခဲ့ရတာရှိမယ်။ ဘယ်လိုပဲဖြစ်ဖြစ် အကြောင်းတိုက်ဆိုင်လို့ ဒီအကြောင်းကို သတိရမိရင်တော့ ရင်ထဲမှာ တမျိုးတမည်ခံစားကြရမယ် ထင်ပါတယ်။ ဒီလိုခံစားရတဲ့ အခိုက်အတန့်လေးဟာ ကြည်နူးစရာ လွမ်းဆွတ်စရာ အခိုက်အတန့်လေးဆိုတာတော့ ဘယ်သူမှ ငြင်းမယ်မထင်ပါဘူး။

ကျွန်တော်တို့ရဲ့ နေ့စဉ်ဖြတ်သန်းမှုဘဝတွေက ဘယ်လောက်ပဲ အဆင်ပြေတဲ့သူဖြစ်ဖြစ် အနည်းနဲ့အများတော့ စိတ်ပင်ပန်းရတဲ့ သူတွေကြီးပါပဲ။ ဒီအတွက် အားလပ်လို့ အနားယူချိန်မှာ စိတ်ပင်ပန်းမှုကို တစ်ခုခုနဲ့ ဖြေဖျောင်ချင်ကြတယ်။ ဒီလိုဖြေဖျောက်ကြတဲ့အချိန်မှာ တခါတလေ အက်ရှင်ကားတွေနဲ့ ဖြေဖျောက်မယ်၊ တခါတလေကျတော့လဲ ဟာသကားတွေနဲ့ ဖြေဖျောက်မယ်။ တခါတလေကျရင်တော့ နူးညံ့တဲ့ အချစ်ရဲ့ အငွေ့အသက်၊ လွမ်းဆွတ်ဖို့ကောင်းတဲ့ အတိတ်ရဲ့ အငွေ့အသက်တချို့နဲ့ ဖြေဖျောက်သင့်တာ အမှန်ပါပဲ။

အဲဒီအတွက်လဲ ဒီကားလေးကို တင်ဖြစ်ပါတယ်။ ဒီကားလေးကို ကြည့်ရင် ငယ်ငယ်တုန်းက ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ အချစ်တစ်ခုကို ပြန်လည်ပုံဖော်မိမယ်၊ အချစ်ဆိုတဲ့ ကြီးမြတ်သော အရာတစ်ခုရဲ့ ရသတချို့ကို ခံစားရမယ်။

ဇာတ်ကားလေးက ထွက်တာ ကြာပြီဆိုပေမယ့် ကြည့်ပြီးသား သူတွေအတွက်ရော ကြည့်ရသေးတဲ့သူတွေအတွက်ရော တစ်စုံတစ်ခုသော ရသကို ခံစားမိစေမယ်လို့ ယုံကြည်တဲ့အတွက် တင်ပြလိုက်ရပါတယ်။

ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ ကျွန်တော်တို့ရဲ့ BS မှ စစ်သားကြီး ကိုဥက္ကာကျော် ဘဲဖြစ်ပါတယ်

Original title
Keulraesik
Director
Kwak Jae-yong
Stars
Cho Seung-woo, Jo In-sung, Lee Ki-woo, Lee Sang-In, Lee Seo, Seo Young-hee, Son Ye-jin
Release Date
30 January 2003
Rated
N/A
Runtime
127 min
Awards
4 wins & 1 nomination.
Country
South Korea
Popularity
6.299
Status
Released
ID IMDb.com
tt0348568
IMDB Rating
7.8
IMDB votes
7,519
ID Themoviedb.org
42190
TMDb Rating
7.6
TMDb votes
79