Exit print mode Print Data A+ A- Undo all

The Conjuring

Based on the true case files of the Warrens
The ConjuringThe Conjuring

Synopsis:

ဒီကားက ၁၉၇၁ ခုနှစ်က Rhode Island မှာရှိတဲ့ အိမ်မှာ ထိတ်လန့်ခြောက်ခြားမှုတွေ ဖြစ်ခဲ့တာကို ပြန်လည်ရိုက်ကူး
ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။ ဒီအိမ်ကြီးက ယနေ့တိုင် ရှိပြီး ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်စရာ နေရာအဖြစ်
ရှိဆဲပါ။

ပရောဂဆရာမ Lorraine Warren နဲ့ သူ့အမျိုးသား Ed Warren တို့ဟာ Carolyn and Roger Perron တို့ မိသားစု
(သမီး ၅ယောက်နဲ့အတူ) ဒီအိမ်ကို ပြောင်းရွှေ့ပြီးကတည်းက ခြောက်ခြားစရာတွေ ဆက်တိုက်လို ကြုံတွေရတာတွေ
ကို ကူညီပေးရင်း ဘဝတစ်ပါးသို့ မကူးပြောင်းဘဲ အိမ်မှာ ကျန်ရစ်နေတဲ့ ၀ိဉာဏ် ဥစ္စာစောင့်နတ်ဆိုးက မိသားစုဝင်
အားလုံးကို ဘယ်လို အနှောင့်အယှက်ပေးတယ်၊ ထိတ်လန့်မှုတွေပေးတယ်၊ နောက်ဆုံး အသက်အန္တရာယ် စိုးရိမ်ရ
သည်အထိ ဒုက္ခပေးလာတယ် ဆိုတာ ရိုက်ပြထားတာပါ။

ဇာတ်လမ်းအစမှာထဲက အရုပ်တရုပ်ကထူးဆန်းစွာ သွားလာပြုမူနေတာကို ရှုစားရမှာပါ။ ဒီအရုပ်က အပြင်မှာ တ
ကယ်ရှိခဲ့တဲ့ အရုပ်ပါပဲ။ သရဲကားတွေရဲ့ ထုံးစံအတိုင်း တခါးက သူ့အလိုလို ဝုန်းခနဲ ပိတ်သွားတာ၊ သူ့အလိုလို
တအိအိပွင့်သွားတာမျိုး၊ အိပ်နေရင်း တယောက်ယောက်က ခြေထောက်ကို ရုတ်တရက် စောင့်ဆွဲသလိုမျိုး
ပြကွက်တွေကိုတွေ့ရမှာပါ။ဒီကားရဲ့ အဓိက ထူးခြားချက်ကတော့ လက်ခုပ်တီးတာပါပဲ။ ကြည့်ရှုသူ ပရိသတ်
တော်တော်များများမျက်စိထဲမှာ စွဲကျန်အောင် လက်ခုပ်သံရဲ့ ခြောက်ခြားစရာကောင်းပုံကို ရိုက်ပြနိုင်တာက
ဒီကား ဒါရိုက်တာတော်တယ်လို့ ပြောလို့ရပါတယ်။

Rated R ဆိုပေမဲ့ ဒီဇာတ်ကားမှာ သမီးရည်းစားခန်း အဖော်အချွတ်ခန်း တစ်ခန်းမှ မပါပါဘူး။ သာမန်ရိုးရှင်းတဲ့
ဇာတ်လမ်းတပုဒ်ပါပဲ။ စုန်းမပူးတဲ့အခန်းတွေ၊ သွေးထွက်သံရဲရဲဇာတ်ကွက်တွေကဇာတ်သိမ်းပိုင်းနားမှာ
အတော်လေးပါတာမို့အသက် (၁၈)နှစ်အောက်မကြည့်သင့်တဲ့ စာရင်းထဲ ဝင်သွားတာပါ။
မိသားစုတူတူကြည့်ဖို့ အဆင်ပြေပါတယ်။

ဇာတ်စ၊လယ်၊ဆုံး ဆွဲဆောင်မှုရှိပါတယ်။ အဆုံးပိုင်းကို သိပ်သဘောမတွေ့ပေမဲ့ ရိုက်ချက်တွေက အတော်ကောင်း
တာမို့လူကြိုက်များတဲ့ ဇာတ်ကားဖြစ်ပါတယ်။

ရုံမှာကြည့်ရမယ့်ကားဆိုပေမယ့် ထွက်ထားတာတော်တော်ကြာပြီဆိုတော့
သရဲကား ပရိတ်သတ်တွေလက်မလွှတ်သင့်တဲ့ကားတစ်ကားပါ။

(ရုပ်ရှင်အညွန်းကို Movies For Myanamrမှ ကူးယူဖော်ပြသည်)

Original title
The Conjuring
Director
Cate Hardman, James Wan
Stars
Hayley McFarland, Joey King, Kyla Deaver, Lili Taylor, Mackenzie Foy, Patrick Wilson, Ron Livingston, Shanley Caswell, Shannon Kook, Sterling Jerins, Vera Farmiga
Release Date
02 Aug 2013 (UK)
Rated
R
Runtime
112 min
Awards
15 wins & 22 nominations.
Country
United States
Budget
USD $13 000 000,00
Revenue
USD $319 494 638,00
Popularity
62.997
Status
Released
ID IMDb.com
tt1457767
IMDB Rating
7.5
IMDB votes
432,815
ID Themoviedb.org
138843
TMDb Rating
7.5
TMDb votes
7529