Burmese Subtitle
BluRay 1080p 6CH The Curse of La Llorona (2019)
Report error

Report error

Plot

Social worker အမျိုးသမီးတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာ ကလေးတွေကို နှိပ်စက်ပြီး ဗီဒိုထဲ ထည့်ဖမ်းထားတယ်လို့ ထင်ရတဲ့ မိခင်တစ်ယောက်ကို ထိန်းသိမ်းပြီး ကလေးတွေကို ကယ်တင်ခဲ့တယ်ပေါ့၊ ကလေးအမေကတော့ သူလုပ်တာမဟုတ်ကြောင်း လာလာရိုနာ လာမှာစိုးလို့ဖြစ်ကြောင်း ပြောနေခဲ့ပေမဲ့ နားမလည်၊ နားမထောင်ခဲ့ပါဘူး။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သူ့သားသမီး ၂ ယောက်ကိုပါ ဒီ လာလာရိုနာ ဆိုတဲ့ သရဲမကြီး တစ်ယောက်က လာရောက်နှောင့်ယှက်လာတဲ့အခါမှာတော့ လာလာရိုနာ ဆိုတာ ဘယ်သူလဲ၊ သူဘာတွေနဲ့ ဘယ်လို တားဆီးပြီး သားသမီးတွေကို ကယ်တင်ရမလဲ။ ကြိုးပမ်းအဖြေရှာဖို့ ဖြစ်လာပါတော့တယ်။

Review

ကောင်းတာလေးအရင်ပြောကြည့်မယ်ဆိုရင် လာလာရိုနာ ဟာ ဇာတ်လမ်းက ရိုးရှင်းပါတယ်။ ရုပ်ရှင်စ လာကတည်းက အချိန်ဆွဲနေတာတွေ၊ မလိုအပ်ပဲ ရှည်နေတာတွေမျိုးမရှိဘဲ အရှိန်အဟုတ်အပြည့် သွားထားတယ်။ အချိန်ကုန်လို့ ကုန်မှန်းမသိဘဲ တောက်လျှောက် ဆွဲဆောင်သွားနိုင်တယ်။ ခြောက်တာကလည်း လွှတ်ခြောက်တယ်။ Jump scare တွေချည်းဆိုပေမဲ့ တချို့အကွက်လေးတွေ တော်တော်လှတယ်။ တခါတလေ သရဲကားလေးကြည့်ချင်တယ်၊ ကြောက်ချင်တယ်၊ ဘာမှသိပ်မတွေးချင်ဘူး ဆိုတဲ့ ပရိတ်သတ်တွေအတွက် အဆင်ပြေပါလိမ့်မယ်။

ဒီလို သာမန်သရဲကားမျိုးလောက်နဲ့ အားမရဘူး၊ ဇာတ်လမ်းကိုကလည်း ကြောက်ဖို့ကောင်းပြီး ရိုက်ချက်တွေနဲ့ အထူးပြုလုပ်ချက်တွေကြောင့် အရမ်းမိုက်တဲ့သရဲကားမျိုး ကြည့်ချင်ပါတယ်ဆိုတဲ့ ပရိတ်သတ်အတွက်တော့ လုံးဝအဆင်မပြေလောက်ပါဘူး။ လာလာရိုလာ ရုပ်ရှင်ဟာ သာမန် generic ghost film တစ်ကားထက် ဘာမှမပိုဘူး။ သရဲက ကလေးတွေကိုဖမ်းပြီး ရေနှစ်သတ်ချင်တယ်ဆို တစ်ကားလုံးမှာ အယောက် ၂၀ လောက် ပတ်သတ်နေလို့ရပေမဲ့ မသတ်ဘဲ ဖြဲခြောက်နေတာ၊ ပါဝါတွေပြနေတာတွေကြောင့် အချိန်ကုန်နေတာမျိုး၊ သရဲကားတိုင်းမှာတွေ့ရတဲ့ မလုပ်ပါနဲ့ဆို လုပ်ပြီး လုပ်ပါဆို မလုပ်တဲ့ အကွက်တွေ၊ ပြောသင့်တဲ့စကားကို မပြောဘဲ လျှိုထားတာ၊ ပြောလည်းခေါင်းမာပြီး မယုံတာ စတဲ့ သွင်ပြင်လက္ခဏာတွေ အကုန်ပါတယ်။ Jump scare တွေကလည်း တော်တော်လေးကို predictable ဖြစ်တယ်။ ကြည့်ပြီးသွားရင် ရင်ထဲမှာ ဘာမှကျန်မှာတော့ မဟုတ်ပါဘူး။

အဲအတွက် တခါတလေ ဘာမှတွေးမနေဘဲ ခြောက်တာပဲ ခံချင်တဲ့ ပရိတ်သတ်အတွက် ရှယ်ပါပဲ။ အနှစ်အရသာတွေခံစားပြီး ကြောက်ချင်တဲ့ ပရိတ်သတ်တွေတော့ အားရမှာမဟုတ်ပါဘူး။

Review Credit to DatShin FB Page

The Curse of La Llorona (2019)
The Curse of La Llorona (2019)
The Curse of La Llorona (2019)
The Curse of La Llorona (2019)
The Curse of La Llorona (2019)
The Curse of La Llorona (2019)
The Curse of La Llorona (2019)
The Curse of La Llorona (2019)
The Curse of La Llorona (2019)
No downloads available

Related movies