Burmese Subtitle
BluRay 1080p 6CH The Help (2011)
Report error

The Help (2011)

The Help    

PG-13 146 min Drama

8.1
IMDB: 8.1/10 380,629 votes

, , ,

, , , , , , , , ,

Won 1 Oscar. Another 79 wins & 116 nominations.

USA, India, United Arab Emirates

63

Report error

“မိန်းမငယ်လေး တစ်ယောက်အနေနဲ့ အရွယ်ရောက်ကြီးပြင်းလာချိန်မှာ ဒီအိမ်အကူအလုပ်ကိုလုပ်ရလိမ့်မယ်လို့များ ရှင်ကြိုသိခဲ့သလား”

“သိခဲ့တာပေါ့၊ကျွန်မ အမေဟာ အိမ်အကူအမျိုးသမီး တစ်ယောက်ဖြစ်ပြီး ကျွန်မအဖွားဖြစ်သူကလည်း မြေကျွန်တစ်ယောက်ပဲလေ၊ဒီတော့ ကျွန်မသိခဲ့ပါတယ်။”

1963 ခုနှစ် အမေရိကန်နိုင်ငံ Mississippiပြည်နယ်မှာ ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ

Big Mama လို့ခေါ်လေ့ရှိကြတဲ့ အိမ်အကူ လူမည်းအမျိုးသမီးကြီးတွေရဲ့ ဘဝနေထိုင်မှု နဲ့ လူဖြူလူမည်း အသားအရောင်ခွဲခြားမှုတွေ အကြောင်းပါ

လူမည်း အမျိုးသမီးတွေဟာ အထက်တန်းလွှာလူဖြူ မိသားစုတွေထံမှာ အိမ်အကူအဖြစ် အလုပ်လုပ်ကြပြီး ကျွန်သာသာဆက်ဆံခံခဲ့ကြရပါတယ်

ထမင်းစားပွဲ တစ်ပွဲတည်း အတူတူစားခွင့်မရှိသလို
လူဖြူတွေရဲ့အိမ်သာ ရေချိုးခန်းကို လူမည်းတစ်ယောက်ယောက်သုံးမှာမျိုးကို လူဖြူတွေက သေမတတ်ကြောက်ကြပါတယ်

လူမည်းအခွင့်အရေးဆိုင်ရာ စာရွက်စာတမ်းတွေရေးသားထုတ်ဝေရင် ထောင်ချနိုင်တဲ့ဥပဒေမျိုး ရှိသည်အထိ အသားအရောင်ခွဲခြားတဲ့ ပြည်နယ်တစ်ခုပါပဲ

Eugenia “Skeeter” Phelan ဆိုတဲ့ ဂျာနယ်လစ်ပေါက်စ အမျိုးသမီးဟာ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ Jackson, Mississippi ကိုပြန်ရောက်လာခဲ့ပါတယ်။

သူ့ကိုငယ်ကတည်းက ထိန်းကျောင်းလာခဲ့တဲ့ အိမ်အကူအမျိုးသမီးကြီး Constantine ကို သူ့မိခင်က အလုပ်ထုတ်လိုက်တာကို သိပြီးတဲ့နောက်မှာတော့ သူဟာ အိမ်အကူလူမည်း အမျိုးသမီးကြီးတွေရဲ့ မီးဖိုချောင်ထဲက ဘဝတွေ /ခွဲခြားဆက်ဆံ ခံရမှုတွေကို စုစည်းပြီး The help အမည်ရတဲ့ စာအုပ်တစ်အုပ်ကို ရေးသားထုတ်ဝေဖို့ကြိုးစားခဲ့ပါတယ်။

Skeeter ဟာ Aibileen Clark နဲ့ Minny Jackson ဆိုတဲ့ လူမည်းအမျိုးသမီးကြီးနှစ်ယောက်ရဲ့အကူအညီကို ရယူခဲ့ပါတော့တယ်။

တခြား အိမ်အကူ လူမည်းအမျိုးသမီးကြီးတွေကတော့ သူတို့ရဲ့ဇာတ်လမ်းတွေ အတွေ့အကြုံတွေကို ပြောပြဖို့ ကြောက်စိတ်နဲ့ငြင်းပယ်ခဲ့ကြပါတယ်။

ဒါပေမယ့် လူမည်းတစ်ဦး လမ်းပေါ်မှာပစ်သတ်ခံရပြီးနောက်မှာတော့ သူတို့ဟာ Skeeter ရဲ့ စာအုပ်ထုတ်ဝေမယ့် အစီအစဉ်ကို ပါဝင်ကူညီခဲ့ကြပါတော့တယ်။

_Skeeter အဖြစ် Emma Stone
_Minny Jackson အဖြစ်Octavia Spencer
_Aibileen Clark အဖြစ် Viola Davis တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး
Kathryn Stockett ရဲ့ The help စာအုပ်ကို အခြေပြုပြီး ဒါရိုက်တာTate Taylor က ဇာတ်ညွှန်းရေးသားရိုက်ကူးခဲ့ပါတယ်

ဇာတ်လမ်း အသွားအလာ /ဇာတ်ဆောင်တွေရဲ့ စကားပြောပုံ /အတွေးအခေါ်အယူအဆပိုင်းဆိုင်ရာ အလွန်ကောင်းမွန်တဲ့ ဇာတ်ကားတစ်ကားပါပဲ။

2011 ကထွက်ရှိခဲ့တာမို့ကြည့်ပြီးသူတွေများနိုင်ပေမယ့် မကြည့်ရသေးသူတွေ ကြည့်ကြဖို့ လက်တို့ချင်ပါတယ်။ ။

အညွှန်းကိုတော့ Moviemovies ရဲ့ Facebook Page မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။

File Size – 2.26 GB
Quality – Blu-Ray 1080p 6CH
Running Time – 2hr 26min
Format – mkv
Genre – Drama
Subtitle – Myanmar (Hard Sub)
Translator – Nga Phyo Lay
Encoded By – K#/4nt_M1nn_K0

The Help (2011)
The Help (2011)
The Help (2011)
The Help (2011)
The Help (2011)
The Help (2011)
The Help (2011)
The Help (2011)
The Help (2011)
The Help (2011)
The Help (2011)
The Help (2011)
  • Download Links Server Size Quality