Burmese Subtitle
Web-Rip 1080p 6CH The Highwaymen (2019)
Report error

Report error

တောအုပ်တစ်ခုရဲ့ နေရာတစ်ခုတွင် ထောင်သားတွေအလုပ်လုပ်နေကြသည်….

မြင်းကိုယ်စီ ဖြင့် လက်နက်ကိုင် ထောင်စောင့်အဖွဲ့တွေလည်း အသီးသီးစောင့်ကြတ်နေကြသည်…

သို့ပေမယ့် ကြိုတင်စီစဉ်မှုတွေကြောင့် ထောင်သားတစ်ချို့ဟာ ၀ှက်ထားတဲ့ လက်နက်များဖြင့်

ထောင်စောင့်များကို သတ်ဖြတ်ကာ သူတို့အား လာခေါ်သည့် ကားဖြင့် ထွက်ပြေးလွတ်မြောက်သွားကြသည်…

ပြေးနိုင်သည့် လမ်းများကိုလိုက်လံပိတ်ဆို့ထားသော်လည်း အစအနပင်ရှာမရချေ….

ဒါတွေအားလုံးရဲ့အဓိက တရားခံက ၀ရမ်းပြေးလင်မယား(၂)ယောက်ဖြစ်သည်..

တကယ်တော့ သူတို့ကိုဖမ်းမမိသည်မှာ (၂)နှစ်ခန့်ပင်ရှိနေသည့်အပြင် ယ္ခုအခါ တခြားရာဇ၀တ်သား

အပေါင်းအပါတွေပါ ထောင်ကလာခေါ်ထုတ်သည့်အတွက် သတင်းစာခေါင်းကြီးပိုင်းမှာ

ခမ်းခမ်းနားနားကြီးကိုပါလာခဲ့လေသည်..

ဒီ့အတွက်ကြောင့် အုပ်ချုပ်ရေးပိုင်းက လူကြီးတွေ ခေါင်းမီးတောက်နေသည်…

နောက်ဆုံးတော့ အစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရ ယခင်ကဖျက်သိမ်းခဲ့သည့် ရန်းဂျားတပ်ဖွဲ့ဝင်(၂)

ဦးကို ပြန်လည်တာဝန်ပေးအပ်ဖို့ဖြစ်သည်…ရှေးယခင်က ရိန်းဂျိန်းတွေဟာ

ဖမ်းမမိတဲ့သူတွေကို တရားဝင်သတ်ဖြတ်ပိုင်ခွင့်ရှိသည်..အုပ်ချုပ်ရခက်သည့်

ရိန်းဂျားတွေဟု ယူဆက အဖွဲ့ကိုဖျက်သိမ်းခဲ့ခြင်းဖြစ်သည်..

ယ္ခုအခြေအနေမှာတော့ ကျန်ရှိနေသေးသည့် အတော်ဆုံး(၂)ယောက်ကိုခေါ်သုံးဖို့ဖြစ်လာသည်…

ကိုင်း သူတို့ ဖမ်းမိနိုင်မလား….ဒီရာဇ၀တ်သားတွေကရော ဘယ်လိုမကောင်းမှုတွေဆက်ကျူးလွန်ဦးမလဲ…

ခံစားကြည့်လိုက်ပါဦး…မင်းသားကြီး Kevin Costnerနဲ့ Woody Harrelsonတို့အဓိကပါဝင်ထားသည့်

အပြင် IMDbလည်းအကောင်းဆုံးအနေအထားမှာရှိနေသည့် မှုခင်းဇာတ်ကားမို့

ကားကောင်းတစ်ကားဖြစ်ပါကြောင်း သတင်းကောင်းပါးပါရစေ…

Review Credit to Channel Myanmar

The Highwaymen (2019)
The Highwaymen (2019)
The Highwaymen (2019)
The Highwaymen (2019)
The Highwaymen (2019)
The Highwaymen (2019)
The Highwaymen (2019)
No downloads available

Related movies