The Hobbit ပထမဇာတ်ကားအဆက် ဒုတိယမြောက်ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဒီကားက Lord of the Rings Trilogy ရဲ့ Prequel ဖြစ်ပြီး The Hobbit Trilogy ရဲ့ ဒုတိယမြောက်ကားလည်းဖြစ်ပါတယ်။
ဒီကားမှာ Lord of the Rings ထဲက မင်းသားချော Orlando Bloom က Legolas အဖြစ်ပြန်လည်ပါဝင်လာပြီး၊ အခြား ဇာတ်ကောင်အသစ်တွေလည်း အများအပြားပါဝင်လာပါတယ်။ ပထမဇာတ်ကား အစပိုင်းမှာ Dwarf တွေရဲ့ ရတနာတွေ ကြောင့် နဂါးကြီးတစ်ကောင်က Dwarf တွေ မြို့ကို ကျူးကျော်ဝင်ရောက် ခဲ့သလို Dwarf တွေလည်း သူတို့ရဲ့ မြို့ကိုစွန့်ခွာခဲ့ရပါတယ်။
ဒီကားမှာ Dwarf တွေက Gandalf နဲ့ Bilbo (Frodo ရဲ့ ဦးလေးဖြစ်သူ) ရဲ့အကူအညီနဲ့ သူတို့ မြို့ထဲကို ခိုးဝင်ပြီး နဂါးကြီးစောင့်ကြပ်နေတဲ့ ရတနာတွေထဲက Dwarf ဘုရင် ရဲ့ ရတနာ ဖြစ်တဲ့ Arkenstone ကို ဝင်ခိုးရမှာဖြစ်ပြီး၊ ဒီရတနာရှိမှသာ တခြား Dwarf တွေကို ဆင့်ခေါ်နိုင်မှာဖြစ်ပါတယ်။
ဇာတ်ကားက ထုံးစံအတိုင်း Action/Adventure ပုံစံရိုက်ကူးထားတာဖြစ်ပြီး လိုရာခရီးကို
သွားရင်းနဲ့ အန္တာရာယ်ကြုံတွေ့တာတွေ၊ စွန့်စားခန်းတွေ၊ ကို အဓိကတင်ဆက်ထားပါတယ်။
The Lord of the Rings ကားတွေ ရော Hobbit ပထမကားကို ရိုက်တဲ့ ဒါရိုက်တာပဲဖြစ်တာကြောင့်အထူးပြောစရာမလိုပါဘူး။ ဒီ LOTR နဲ့ Hobbit ဇာတ်ကားတွေက ဝတ္ထုကို ရုပ်ရှင် ပြန်ရိုက်တဲ့ ဇာတ်လမ်းတွေမှာ ပရိတ်သတ်အားပေးမှုအများဆုံးရတဲ့ကားတွေဖြစ်ပြီး၊ မူရင်း ဇာတ်လမ်းရဲ့ ရသကို မပျက်အောင် ထိန်းထားနိုင်လောက်အောင်ကောင်းပါတယ်။
ဇာတ်ကားကောင်းတစ်ကားဖြစ်ပေမယ့် LOTR နဲ့မရင်းနှီးတဲ့သူတွေအတွက် ကတော့ အနည်းငယ် ပျင်းစရာကောင်းပါတယ်။ ဒီကားက ပထမကားနဲ့ ယှဉ်ရင် အနည်းငယ်နှေးမှာဖြစ်ပြီး၊ သူက တတိယကားကို အစပျိုးပေးထားတဲ့ပုံစံဖြစ်တာကြောင့် တတိယကားက အကောင်းဆုံး ကားတစ်ကားဖြစ်လာနိုင်ပါတယ်။ ဒီကားမှာဖြစ်ပျက်သမျှအားလုံးက တတိယကားမှာ မှ သွားအဆုံးသတ်မှာဖြစ်တာကြောင့် ပရိတ်သတ်တွေ မတင်မကျဖြစ်အောင်လုပ်ထားခဲ့တယ်လို့လည်း ပြောချင်ပါတယ်။ အထူးသဖြင့် LOTR ရဲ့ အဓိက Villain ကြီး ဖြစ်တဲ့ Sauron ( The Dark Lord) က Bilbo ကြောင့် ပြန်လည် နိုးထလာပြီဖြစ်ပြီး၊ ဒီကားရဲ့ အကောင်းဆုံး ဇာတ်ဝင်ခန်းအနေနဲ့ Sauron နဲ့ Gandalf တို့ရဲ့ အားပြိုင်မှုကိုလည်းတွေ့ရမှာပါ။
အကောင်းဆုံးဇာတ်ကားတစ်ကားပါ။ Prisoners လိုစိတ်လှုပ်ရှားမှုမျိုး၊ The Dark Knight Rises လို ခံစားချက်မျိုး မရနိုင်ပေမယ့်၊ Adventure ကားတွေထဲမှာတော့ ဒီနှစ်အတွက် အကောင်းဆုံးကားပါလို့ပြောချင်ပါတယ်။
Review – Creidt