Burmese Subtitle
BluRay 1080p 6CH The House with a Clock in Its Walls (2018)
Report error

The House with a Clock in Its Walls (2018)

The House with a Clock in Its Walls    

PG 105 min ComedyFamilyFantasy

6.1
IMDB: 6.1/10 29,390 votes

, , , , , , , , ,

N/A

USA, Canada, India

112

Report error

ဒီကနေ့ ရုပ်ရှင်အကြိုကဏ္ဍမှာ တော့ အမေရိကန်လျှို့ဝှက်ဆန်း ကြယ် စိတ်ကူးယဉ် ဟာသဇာတ် ကားလေး ဖော်ပြလိုက်ပါတယ်။

၁၉၅၅ ကာလမြင်ကွင်းနဲ့ အတူ (၁၀)နှစ်အရွယ် လူငယ် လေး လူးဝစ္စဘာနာဗဲ့တ်ဟာ မိဘ တွေဆုံးပါးကုန်တဲ့နောက် မီချီဂန် မှာရှိတဲ့ သူ့ဦးလေးဂျိုနသန်နဲ့အတူ နေထိုင်ဖို့ ရောက်လာခဲ့ပါတယ်။ သူ့ဦးလေး ဂျိုနသန်ဟာ နှစ်ပေါင်း များစွာ သက်တမ်းရှိတဲ့ အိမ်အို ကြီးမှာ နေထိုင်တာဖြစ်ပြီး နာရီ စက် တချက်ချက်မြည်သံတွေ ထူးဆန်းစွာ ကြားရတဲ့ အိမ်ကြီး ဖြစ်ပါတယ်။

ဂျိုနသန်ဟာ မှော်အတက် ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး အိမ်နီးနားချင်းလည်းဖြစ်၊ အခင် ဆုံးမိတ်ဆွေလည်းဖြစ်တဲ့ ဖလော် ရင့်ဆိုတဲ့ အစွမ်းထက်စုန်းမနဲ့ အတူ အိမ်ကြီးထဲက ထူးဆန်းတဲ့ မှော်စွမ်းအင်တွေကို အတူဖော် ထုတ်နေတာ ဖြစ်ပါတယ်။

နာရီသံ တချက်ချက်ကြား နေရတဲ့ အိမ်ကြီးကို ဟိုးအရင် တုန်းက အိုက်ဇက်ဆိုတဲ့ မှော် ဆရာနဲ့ ဆယ်လီနာဆိုတဲ့ စုန်းမ ဇနီးမောင်နှံက ပိုင်ဆိုင်တာဖြစ်ပါ တယ်။ သူတို့မကွယ်လွန်ခင်မှာ အစွမ်းထက်နာရီကြီးကို အိမ်ထဲ တစ်နေရာမှာ ထည့်သွင်းဆောက် လုပ်ထားကာ ကမ္ဘာကြီးကို မှော် အစွမ်းနဲ့ ဖျက်ဆီးပစ်ဖို့ ရည်ရွယ် ချက်နဲ့ ဖြစ်ပါတယ်။

လူးဝစ္စအဖို့တော့ အစပိုင်း မှာ အရာရာဟာ ထူးဆန်းအံ့အား သင့်စရာတွေနဲ့ချည်း ပြည့်နှက် နေခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဂျိုနသန်နဲ့ ဖလော်ရင့်ဆီက မှော်ပညာတွေကို သင်ယူတတ် မြောက် ခဲ့ပါတော့တယ်။

တစ်ရက်မှာတော့ လူးဝစ္စ ဟာ သူ့ရဲ့ အတန်းဖော်သူငယ်ချင်း တာဘီနဲ့အတူ ဟဲလိုးဝင်းပွဲတော် ကာလ သေသူကို အသက်သွင်းဖို့ ဆိုပြီး သင်္ချိုင်းမှာ စမ်းသပ်ကြရင်း အမှတ်မထင် အိုက်ဇက်ရဲ့ အ လောင်းကို အသက်သွင်းမိလျက် သား ဖြစ်ခဲ့ပါတယ်။

အဲဒီအခါမှာတော့ မှော် ဆရာ ဝိညာဉ်ဆိုး အိုက်ဇက်ရဲ့ သဘောအတိုင်း ကမ္ဘာကို ဖျက် ဆီးဖို့ အခွင့်အရေးပေးလိုက်သလို ဖြစ်ပြီး အခြေအနေတွေ ဆိုးကုန် ပါတော့တယ်။ ဂျိုနသန်၊ ဖလော် ရင့်နဲ့ လူးဝစ္စတို့ဟာ အိုက်ဇက်ရဲ့ အစီအမံမှော်အနှောင့်အယှက် တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီး သုံးယောက်ပေါင်းကာ တန်ပြန် စစ်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။

အိုက်ဇက်ရဲ့ အစီအမံတွေ က ဘယ်လိုတွေဖြစ်မလဲ၊ တချက် ချက်မြည်နေတဲ့ အိမ်ထဲက နာရီ ကြီးကို လူးဝစ္စတို့ တို့တူဝရီး ရှာ တွေ့ပါ့မလား၊ ကမ္ဘာကြီးပျက် စီးမယ့်အရေးကို ဘယ်လိုတွေ ကာ ကွယ်ကြမှာလဲဆိုတာကိုတော့ အ မိုက်စားအထူးပြုလုပ်ချက်တွေနဲ့ အတူ ဆက်ကြည့်ရအောင်လို့ ဖော်ပြလိုက်ပါတယ်။

စုန်းကဝေ၊ မှော်စိတ်ကူးယဉ်အကြောင်းအရာတွေ သဘောကျ တဲ့ ပရိသတ်တွေ အကြိုက်တွေ့ မယ့် ဒီဇာတ်ကားလေးမှာတော့ ဂျိုနသန်ဘာနာဗဲ့တ်အဖြစ် ဂျက် ဘလက်၊ ဖလော်ရင့်ဇင်မာမန်း အဖြစ် ကိတ်ဘလန်ချက်၊ လူးဝစ္စ ဘာနာဗဲ့တ်အဖြစ် အိုဝင်ဗက်ကာ ရို၊ အိုက်ဇက်အဖြစ် ကိုင်းမက် ကက်လန်၊ ဆယ်လီနာအဖြစ် ရီနီ အယ်လစ်ဂိုးလ်စ်ဘယ်ရီတို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။

အညွှန်းကိုတော့ 7daydaily မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။

Translator – Phyo Wai Linn
Encoder – Robinn Hood

No downloads available

Related movies