[Unicode]
ဒီဇာတ်ကားကို မြန်မာနိုင်ငံကလူတော်တော်များများရင်းနှီးပြီးသားဖြစ်မှာပါ တော်တော်များများလည်းကြည့်ဖူးကြမယ့်ကားဖြစ်ပါလိမ့်မယ် ကျွန်တော်ကတော့ ဘာသာပြန်ရင်းနဲ့မှစကြည့်ဖူးတာပါ
ဇာတ်လမ်းတစ်ခုလုံးမှာမျောသွားလို့ စိတ်ထိန်းပြီး ဘာသာဆက်ပြန်ရတဲ့အထိပဲ
အခုကျွန်တော်ပြောမှာကတော့ ဇာတ်လမ်းအကျဉ်းတွေ review စမာကလာ စတာတွေမဟုတ်ပဲ ကျွန်တော့ စိတ်ခံစားချက်အနည်းငယ်
ထည့်ပြောပြသွားမှာဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းလေးကို မပြောပြခင်မှာ ဇာတ်ကားပြီးသွားတဲ့အချိန်မှာ ကျွန်တော် လူတစ်ယောက်နဲ့စကားပြောရင်းနဲ့ ရုတ်တရက်
ထပြောမိလိုက်တဲ့ နားလည်မှု ဆိုတဲ့စကားကိုသတိရမိတယ်
အချစ်မှာမှမဟုတ်ပါဘူး ကျွန်တော်တို့နေ့စဉ်သွားလာနေထိုင်တဲ့
ပတ်ဝန်းကျင်ကြီးဆိုတာကလည်း နားလည်မှုတွေနဲ့တည်ဆောက်ရတယ် အလုပ်ထဲမှာလည်း နားလည်မှုကို တည်ဆောက်ရသလို
မိသားစု သူငယ်ချင်းအပေါင်းအသင်း ထိုနည်း၎င်းပဲ
ဒါပေမယ့် ဒီလိုအဆင့်တွေမပြောပါနဲ့ လူငယ်သဘာဝ
ချစ်သူရည်းစားကာလမှာတောင် ကြာရှည်မြဲဖို့ဆိုရင်
တစ်ယောက်နဲ့တစ်ယောက်နားလည်နိုင်ဖို့လိုအပ်ပါတယ်
နောက်ပြီး နားလည်မှုဆိုတာက နှစ်လရက်တွေအရ သတ်မှတ်တထားတာလည်းမဟုတ်ပါဘူး ၁ဝနှစ်လောက် လက်တွဲလာခဲ့ပေမယ့်လည်း တစ်ယောက်အပေါ်တစ်ယောက်နားမလည်နိုင်သလို
၃လလောက်နဲ့ နားလည်မှုအပြည့်ရသွားတာလည်းရှိပါတယ်
သို့ပေမယ့် နားလည်မှုဆိုတာကြီးက အတင်းလုပ်ယူတည်ဆောက်လို့ရတာမဟုတ်တဲ့အတွက် လူမှန်နေရာမှန်ရှိဖို့တော့လိုပါတယ်
လူတစ်ယောက်ကို နားလည်အောင်ဘယ်လိုလုပ်ရမလဲလို့ ကျွန်တော့ကိုမေးတော့ အဲ့လူကိုချစ်လာတာနဲ့ အလိုလိုနားလည်သွားပါလိမ့်
မယ်လို့ပဲ ဖြေခဲ့ဖူးတယ်
တခါတလေတော့ ကိုယ့်ကိုယ်ကိုတောင်နားမလည်ချင်တဲ့လူတွေအတွက်ကျတော့ သူတစ်ပါးကိုနားလည်နိုင်ဖို့ဆိုတာ အရမ်းဝေးကွာလွန်းပါတယ်
ဒီဇာတ်လမ်းလေးမှာဆိုရင်လည်း အဓိကဇာတ်ကောင် ဖြစ်သူ ပရီမို
အနာဂတ်ကို စိတ်ကူးအိပ်မက်တွေနဲ့ပဲပုံဖော်ချင်တဲ့သူ
လိုချင်တဲ့အရာအတွက်အလျော့မပေးတတ်တဲ့စိတ်ရှိပေမယ့်
ဝါသနာနဲ့စိတ်ခံစားချက်ကို မတရားဦးစားပေးလွန်းတဲ့ကောင်
အတိုချုပ်ပြောရရင် လက်တွေ့နဲ့မနီးစပ်တဲ့လူပေါ့
နောက် အဓိကဇာတ်ကောင်ဖြစ်တဲ့ ဂျော့ဂျ်
သေချာတဲ့အနာဂါတ်ဖြစ်တဲ့ ဆရာဝန်အိပ်မက်ရယ်
မိသားစုကိုထားခဲ့တဲ့အဖေကို သွားတွေ့ချင်တဲ့ လက်တွေ့ဖြစ်လာနိုင်တဲ့အိပ်မက်ကို ပုံဖော်ချင်တဲ့သူ
သူတို့နှစ်ယောက်ကို ယှဉ်ကြည့်ရင် လက်တွေ့သမားနဲ့စိတ်ကူးသမားဆိုပြီး ကွဲသွားပါလိမ့်မယ်
မတူညီတဲ့အရာနှစ်ခုကို ပေါင်းစပ်ဖို့အဓိကကျတာကတော့ နားလည်မှုပါပဲ နားလည်ဖို့ဆိုတာကလည်း ချစ်တတ်ဖို့လိုပါလိမ့်မယ်
ဒီဇာတ်လမ်းလေးက တစ်ဝက် စိတ်ကူးယဉ်ဆန်ပေမယ့်
တစ်ဝက်က လက်တွေ့ဆန်ပါတယ် ဇာတ်ကောင်နှစ်ယောက်ရဲ့စရိုက်လိုပေါ့
အခုတော့ ဒီဇာတ်ကားထဲက ဇာတ်ကောင်နှစ်ယောက်ရဲ့ အချစ်နဲ့နားလည်မှုကို သင်ယူကြရင်း လက်တွေ့ဘဝမှာလည်း ချစ်သူတွေ
လောကဓံအပေါ် နားလည်မှုနဲ့ ဖြတ်ကျော်နိုင်ကြပါစေဆုတောင်းရင်း
ကျွန်တော် Arrow က ဘာသာပြန်တင်ဆက်လိုက်ပါတယ်
.
[Zawgyi]
ဒီဇာတ္ကားကို ျမန္မာနိုင္ငံကလူေတာ္ေတာ္မ်ားမ်ားရင္းႏွီးၿပီးသားျဖစ္မွာပါ ေတာ္ေတာ္မ်ားမ်ားလည္းၾကည့္ဖူးၾကမယ့္ကားျဖစ္ပါလိမ့္မယ္ ကၽြန္ေတာ္ကေတာ့ ဘာသာျပန္ရင္းနဲ႔မွစၾကည့္ဖူးတာပါ
ဇာတ္လမ္းတစ္ခုလုံးမွာေမ်ာသြားလို႔ စိတ္ထိန္းၿပီး ဘာသာဆက္ျပန္ရတဲ့အထိပဲ
အခုကၽြန္ေတာ္ေျပာမွာကေတာ့ ဇာတ္လမ္းအက်ဥ္းေတြ review စမာကလာ စတာေတြမဟုတ္ပဲ ကၽြန္ေတာ့ စိတ္ခံစားခ်က္အနည္းငယ္
ထည့္ေျပာျပသြားမွာျဖစ္ပါတယ္
ဇာတ္လမ္းအက်ဥ္းေလးကို မေျပာျပခင္မွာ ဇာတ္ကားၿပီးသြားတဲ့အခ်ိန္မွာ ကၽြန္ေတာ္ လူတစ္ေယာက္နဲ႔စကားေျပာရင္းနဲ႔ ႐ုတ္တရက္
ထေျပာမိလိုက္တဲ့ နားလည္မႈ ဆိုတဲ့စကားကိုသတိရမိတယ္
အခ်စ္မွာမွမဟုတ္ပါဘူး ကၽြန္ေတာ္တို႔ေန႔စဥ္သြားလာေနထိုင္တဲ့
ပတ္ဝန္းက်င္ႀကီးဆိုတာကလည္း နားလည္မႈေတြနဲ႔တည္ေဆာက္ရတယ္ အလုပ္ထဲမွာလည္း နားလည္မႈကို တည္ေဆာက္ရသလို
မိသားစု သူငယ္ခ်င္းအေပါင္းအသင္း ထိုနည္း၎ပဲ
ဒါေပမယ့္ ဒီလိုအဆင့္ေတြမေျပာပါနဲ႔ လူငယ္သဘာဝ
ခ်စ္သူရည္းစားကာလမွာေတာင္ ၾကာရွည္ျမဲဖို႔ဆိုရင္
တစ္ေယာက္နဲ႔တစ္ေယာက္နားလည္နိုင္ဖို႔လိုအပ္ပါတယ္
ေနာက္ၿပီး နားလည္မႈဆိုတာက ႏွစ္လရက္ေတြအရ သတ္မွတ္တထားတာလည္းမဟုတ္ပါဘူး ၁ဝႏွစ္ေလာက္ လက္တြဲလာခဲ့ေပမယ့္လည္း တစ္ေယာက္အေပၚတစ္ေယာက္နားမလည္နိုင္သလို
၃လေလာက္နဲ႔ နားလည္မႈအျပည့္ရသြားတာလည္းရွိပါတယ္
သို႔ေပမယ့္ နားလည္မႈဆိုတာႀကီးက အတင္းလုပ္ယူတည္ေဆာက္လို႔ရတာမဟုတ္တဲ့အတြက္ လူမွန္ေနရာမွန္ရွိဖို႔ေတာ့လိုပါတယ္
လူတစ္ေယာက္ကို နားလည္ေအာင္ဘယ္လိုလုပ္ရမလဲလို႔ ကၽြန္ေတာ့ကိုေမးေတာ့ အဲ့လူကိုခ်စ္လာတာနဲ႔ အလိုလိုနားလည္သြားပါလိမ့္
မယ္လို႔ပဲ ေျဖခဲ့ဖူးတယ္
တခါတေလေတာ့ ကိုယ့္ကိုယ္ကိုေတာင္နားမလည္ခ်င္တဲ့လူေတြအတြက္က်ေတာ့ သူတစ္ပါးကိုနားလည္နိုင္ဖို႔ဆိုတာ အရမ္းေဝးကြာလြန္းပါတယ္
ဒီဇာတ္လမ္းေလးမွာဆိုရင္လည္း အဓိကဇာတ္ေကာင္ ျဖစ္သူ ပရီမို
အနာဂတ္ကို စိတ္ကူးအိပ္မက္ေတြနဲ႔ပဲပုံေဖာ္ခ်င္တဲ့သူ
လိုခ်င္တဲ့အရာအတြက္အေလ်ာ့မေပးတတ္တဲ့စိတ္ရွိေပမယ့္
ဝါသနာနဲ႔စိတ္ခံစားခ်က္ကို မတရားဦးစားေပးလြန္းတဲ့ေကာင္
အတိုခ်ဳပ္ေျပာရရင္ လက္ေတြ႕နဲ႔မနီးစပ္တဲ့လူေပါ့
ေနာက္ အဓိကဇာတ္ေကာင္ျဖစ္တဲ့ ေဂ်ာ့ဂ်္
ေသခ်ာတဲ့အနာဂါတ္ျဖစ္တဲ့ ဆရာဝန္အိပ္မက္ရယ္
မိသားစုကိုထားခဲ့တဲ့အေဖကို သြားေတြ႕ခ်င္တဲ့ လက္ေတြ႕ျဖစ္လာနိုင္တဲ့အိပ္မက္ကို ပုံေဖာ္ခ်င္တဲ့သူ
သူတို႔ႏွစ္ေယာက္ကို ယွဥ္ၾကည့္ရင္ လက္ေတြ႕သမားနဲ႔စိတ္ကူးသမားဆိုၿပီး ကြဲသြားပါလိမ့္မယ္
မတူညီတဲ့အရာႏွစ္ခုကို ေပါင္းစပ္ဖို႔အဓိကက်တာကေတာ့ နားလည္မႈပါပဲ နားလည္ဖို႔ဆိုတာကလည္း ခ်စ္တတ္ဖို႔လိုပါလိမ့္မယ္
ဒီဇာတ္လမ္းေလးက တစ္ဝက္ စိတ္ကူးယဥ္ဆန္ေပမယ့္
တစ္ဝက္က လက္ေတြ႕ဆန္ပါတယ္ ဇာတ္ေကာင္ႏွစ္ေယာက္ရဲ့စရိုက္လိုေပါ့
အခုေတာ့ ဒီဇာတ္ကားထဲက ဇာတ္ေကာင္ႏွစ္ေယာက္ရဲ့ အခ်စ္နဲ႔နားလည္မႈကို သင္ယူၾကရင္း လက္ေတြ႕ဘဝမွာလည္း ခ်စ္သူေတြ
ေလာကဓံအေပၚ နားလည္မႈနဲ႔ ျဖတ္ေက်ာ္နိုင္ၾကပါေစဆုေတာင္းရင္း
ကၽြန္ေတာ္ Arrow က ဘာသာျပန္တင္ဆက္လိုက္ပါတယ္