Burmese Subtitle
BluRay 1080p 6CH The Hunger Games: Catching Fire (2013)
Report error

The Hunger Games: Catching Fire (2013)

The Hunger Games: Catching Fire    

PG-13 146 min ActionAdventureSci-FiThe Hunger Games

7.5
IMDB: 7.5/10 571,535 votes

,

, , , , , , , , ,

Nominated for 1 Golden Globe. Another 22 wins & 66 nominations.

USA

137

Report error

ယခုကားနဲ့ ပထမကားနဲ့ ကဇာတ်လမ်းအရပြောရရင် ဘာမှသိပ်မထူးခြားသလိုပါပဲ။ ပထမကားမှာတုန်းက Katniss က Hunger Games ထဲကို သူမရဲ့ ညီမအတွက် Volunteer လုပ်ပြီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ ယခုကားမှာတော့ သူမအတွက်ရွေးချယ်စရာမရှိခဲ့ပါဘူး။ တော်လှန်ပုန်ကန်သုတွေရဲ့ စိတ်ဓာတ်အားမြင့်လာစေနိုင်သော သင်္ကေတတစ်ခုဖြစ်လာတဲ့ သူမကိုပျက်ဆီးရန် President Coriolanus Snow (Donald Sutherland) သည် Gamemaker အသစ်ဖြစ်သူ Plutarch Heavensbee (Philip Seymour Hoffman) ဆိုသူရဲ့ အကြံဥာဏ်ဖြင့် Hunger Games 75th နှစ်ပြည့်အထိမ်းအမှတ်အား 25 နှစ်အတွင်း အောင်နိုင်ခဲ့သူများအားလုံး ထပ်မံယှဉ်ပြိုင်ရမည့် ပွဲတစ်ပွဲကို စီမံလေသည်။ ရွေးချယ်စရာလမ်းမရှိသော Katniss သည်ယခင် Games ထက်ပိုပြီး အနွရယ်များသော ယခု Hunger Games အသစ်အားထပ်မံဝင်ရောက်ယှဉ်ပြိုင်သောအခါ…

ကျွန်တော် ပထမကားကိုသေချာမကြည့်ခဲ့လို့ လားတော့မသိဘူး၊ ဒီကားမှာ အဓိကဇာတ်ကောင် Katniss Everdeen character နဲ့ ကျွန်တော်ပိုရင်းနှီးခဲ့တယ်။ Jennifer Lawrence သရုပ်ဆောင်ချက်ကလည်းကောင်းလွန်းလို့ Katniss ဇာတ်ကောင်ကို သရုပ်ဆောင်ဖို့ မွေးဖွားလာရသလားတောင် ထင်မိတဲ့အထိပါပဲဗျာ။ Jennifer Lawrence ကို Winter’s Bones မှာစကြည့်ကတည်းက ဒီမင်းသမီး အောင်မြင်နိုင်တယ်ဆိုတာကို ကျွန်တော်ကြိုသိနေတယ်။ အခုတော့ Oscar ဆုရမင်းသမီးတစ်လက်တောင်ဖြစ်နေပြီလေ။ ဒီကားမှာ Katniss ဇာတ်ကောင်ကို ပေါ်လွင်ရုံသာမက အဓိက ဇာတ်ကောင်တိုင်းကို ပေါ်လွင်အောင် Director Francis Lawrence ကရိုက်ပြနိုင်ခဲ့တယ်။ ဒါပေမဲ့တစ်ခုသဘောမကျတာက ဇာတ်ရှိန်မြင့်ဖို့ ပထမ 1 နာရီလောက်ဟာ မလိုအပ်စွာ ရှည်လျားနေခြင်းပါပဲ။ ဒါပေမဲ့ ထို 1 နာရီအတွင်းမှာ ဇာတ်ကောင်တွေရဲ့ အပြင်ပန်းသာမက အတွင်းစိတ်ကိုပါ ပိုနားလည်အောင် သရုပ်ဖော်နိုင်ခဲ့ပါတယ်။ Hunger Games တွေစတင်ပြီဆိုတာနဲ့ ဇာတ်လမ်းဟာ သိသိသာသာကို သွက်လာတော့တယ်။ ပထမ ကားထက် Budget ကလည်း နှစ်ဆလောက် ပိုတာကြောင့် Action ခန်းတွေကလည်း စိတ်တိုင်းကျစရာတွေချည်းပါပဲဗျာ။
နောင်တစ်ခု သိပ်မကြိုက်တာက ဒီကားမှာ မိတ်ကပ်တွေကို အမြင်ကပ်ဖို့ ကောင်းလောက်အောင်ကို ပိုမို အသုံးပြုထားတယ်လို့ ခံစားမိတယ်။ ဒါပေမဲ့ ဒီကားမှာ တိုးတက်ကောင်းမွန်လာတာကတော့ ပထမကားတုန်းကလိုမျိုး Shaky Cameras တွေမသုံးတော့ပဲ Camera ကိုတည်တည်ငြိမ်ငြိမ် နဲ့ပြသနိုင်ခဲ့တယ်။ ကျွန်တော် အထင်ပြောရရင် Director အပြောင်းအလဲကြောင့် ပထမကားနဲ့ Version တွေလည်းပြောင်းကုန်တာဖြစ်မယ်။ ဒီကားမှာ နောက်တစ်ချက်ကျွန်တော်ကြိုက်တာက Jena Malone သရုပ်ဆောင်တဲ့ Johanna Mason ဆိုတဲ့ character အသစ်ပါ။ သူမရဲ့ character က Katniss နဲ့ ရဲ့ရင့် တာခြင်းတူပေမဲ့ တစ်ခြားအရာအားလုံးကတော့ Katniss ဇာတ်ကောင်နဲ့ ပြောင်းပြန်ပါပဲ။

ဇာတ်လမ်းအညွှန်းကိုတော့ Movies-we watch,we feel. Facebook Page မှကူးယူဖော်ပြထားပါတယ်။

The Hunger Games: Catching Fire (2013)
The Hunger Games: Catching Fire (2013)
The Hunger Games: Catching Fire (2013)
The Hunger Games: Catching Fire (2013)
The Hunger Games: Catching Fire (2013)
The Hunger Games: Catching Fire (2013)
The Hunger Games: Catching Fire (2013)
The Hunger Games: Catching Fire (2013)
The Hunger Games: Catching Fire (2013)
The Hunger Games: Catching Fire (2013)
The Hunger Games: Catching Fire (2013)
The Hunger Games: Catching Fire (2013)
The Hunger Games: Catching Fire (2013)
The Hunger Games: Catching Fire (2013)
The Hunger Games: Catching Fire (2013)
The Hunger Games: Catching Fire (2013)
The Hunger Games: Catching Fire (2013)
The Hunger Games: Catching Fire (2013)
The Hunger Games: Catching Fire (2013)
The Hunger Games: Catching Fire (2013)
  • Download Links Server Size Quality