Hollywood မှာ Movie franchises တွေဟာ ပရိသတ်တွေဆီက ငွေကိုအကောင်းဆုံး ကဲ့ယူနိုင်တဲ့လက်နက်တွေဖြစ်လာပါတယ်။ ပထမကားသာ အထိုက်အသင့်အောင်မြင်ခဲ့ရင် နောက်ကားတွေဟာလည်း producers တွေအတွက် ငွေထုပ်ကြီးတွေဖြစ်လာစမြဲပါပဲ။ ခုနောက်ပိုင်းမှာ ငွေကဲ့ယူနေရတဲ့ ဇာတ်လမ်းတွဲကြီးပြီးခါနီးရင် နောက်ဆုံးပိတ်အိတ်နဲ့လွယ်ချင်တဲ့ producers များဟာ နည်းလမ်းတစ်ခုကိုသုံးလာကြပါတယ်။ အဲဒါကတော့ နောက်ဆုံးဇာတ်ကားကို part 1, part2 ထပ်ခွဲကြတာပါပဲ။ တစ်ကားထက်စာရင် နှစ်ကားဆိုတော့ ဝင်ငွေနှစ်ဆလောက်တိုးနိုင်စရာရှိတာကိုး။ Harry Potter and The deathly hollow ကို part 1,2 ခွဲတယ်။ Twilight saga: Breaking dawn ကို part 1,2 ခွဲတယ်။ စာရေးဆရာမ Suzanne Collins ရဲ့ The hunger games trilogy စာအုပ်ကိုလည်း ရုပ်ရှင်အဖြစ်ပြန်လည်ကူးပြောင်းရာမှာတော့ လေးကားဖြစ်သွားရပါတယ်။ နောက်ဆုံးအပိုင်း Mocking jay ကို part 1,2 ခွဲလိုက်တာပါ။
Catching fire တုန်းက နောက်ဆုံးခန်းမှာ The games ကျင်းပရာ ကွင်းကြီးရဲ့ shield ကို Katniss ကမြားနဲ့ပစ်ဖောက်ဖျက်ဆီးလိုက်တာ၊ Katniss ဒဏ်ရာရပြီး မေ့မြောသွားတာ၊ သတိပြန်ရလာတော့ လေယာဉ်ကြီးပေါ်ရောက်နေတာကို ပြန်အမှတ်ရကြဦးမယ်ထင်ပါတယ်။ Katniss ကိုကယ်တင်သွားခဲ့တာကတော့ ပျောက်ကွယ်သွားပြီလို့သိထားတဲ့ District 13 ရဲ့ President Coin ပဲဖြစ်ပါတယ်။ President Coin ရဲ့အကြံကတော့ Capitol ကိုတော်လှန်ဖို့အရေးမှာ Katniss ကို ပြယုဂ်တစ်ခုအဖြစ် အသုံးချဖို့ပါ။ Katniss ရဲ့ပုံရိပ်ကိုအသုံးချပြီး districts အားလုံးကိုစုစည်းနိုင်စေဖို့ဖြစ်ပါတယ်။ Peeta, Johanna အစရှိသူတို့ကတော့ Capitol မှာဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။ တစ်ရက်မှာတော့ Capitol ရဲ့တိုက်ရိုက်ထုတ်လွင့်မှုအစီအစဉ်တစ်ခုမှာ Peeta ကို Katniss တွေ့လိုက်ရပါတယ်။ အဲ့အစီအစဉ်မှာ Peeta က တော်လှန်သူတွေကိုလက်နက်ချဖို့ဖြောင်းဖြခဲ့တာကြောင့် Capitol ဟာလည်း Peeta ကိုမီဒီယာလက်နက်တစ်ခုအဖြစ်အသုံးပြုနေပြီဆိုတာကို Katniss နားလည်လိုက်ရပါတယ်။ တော်လှန်သူတွေရဲ့အမျက်ကိုခံနေရပြီဖြစ်တဲ့ Peeta တစ်ယောက် လွတ်မြောက်လာခဲ့ရင်တောင် အန္တရာယ်မကင်းနိုင်တာမို့လို့ Katniss က President Coin နဲ့အပေးအယူတစ်ခုလုပ်ခဲ့ပါတယ်။ Peeta အပါအဝင် ဖမ်းခံထားရသူတွေကို ခြွင်းချက်မရှိ ပြစ်ဒဏ်မှ လွတ်မြောက်စေမယ်ဆိုရင် President Coin ရဲ့ဆန္ဒအတိုင်း District များပေါင်းစည်းရေးအတွက် Mocking Jay ဆိုတဲ့ symbol ကို ကိုယ်စားပြုပေးပါ့မယ်ဆိုပြီးတော့ပါ……………………
ဇာတ်လမ်းအညွှန်းကိုတော့ Movies-we watch,we feel. Facebook Page မှကူးယူဖော်ပြထားပါတယ်။