Burmese Subtitle
BluRay 1080p 6CH The Hunger Games: Mockingjay – Part 2 (2015)
Report error

The Hunger Games: Mockingjay – Part 2 (2015)

The Hunger Games: Mockingjay - Part 2    

PG-13 137 min ActionAdventureSci-FiThe Hunger Games

6.6
IMDB: 6.6/10 248,567 votes

,

, , , , , , , , ,

17 wins & 34 nominations.

Germany, USA

71

Report error

Story

Hunger Games: Mocking Jay Part 1 ပြီးတာနဲ့ တိုက်ရိုက်ဆက်ပါတယ်။ Brainwash လုပ်ခံထားရတဲ့ Peeta က Katniss ကို သတ်မယ် တကဲကဲ ဖြစ်နေတုန်းပါ။ အဲလိုဖြစ်အောင် လုပ်ခဲ့တဲ့ Snow ကို သတ်ချင်တဲ့အတွက် Katniss ဟာ တော်လှန်ရေးအောင်နိုင်ဖို့အတွက် ဘာမဆိုလုပ်ဖို့ ကတိပေးခဲ့ပါတယ်။ ဒီလိုနဲ့ Katniss တစ်ယောက် ကျန်ရှိသေးတဲ့ Capitol လက်အောက်ခံ District ကို လွတ်မြောက်အောင်လုပ်ရင်း လုပ်ကြံမှုတွေ၊ လှည့်စားမှုတွေ၊ သစ္စာဖောက်မှုတွေကြားကနေ President Snow ကို သတ်ဖို့ ကြိုးစားရပါတယ်။ Capital ကို ဝင်တာမှာ Game maker တွေက နေရာတိုင်းနီးပါး ထောင်ခြောက် အမျိုးမျိုးဆင်ထားတဲ့အတွက် Katniss တို့အဖွဲ့အတွက် ခါတိုင်း Hunger Games နဲ့ ဘာမှ မထူးလှသလိုပါပဲ။

Review

Mocking Jay Part 1 မှာတုန်းက ဒီကားအတွက် ဆွဲထားတော့ Part 2 မှာ ဆွဲစရာမလိုပဲ တော်တော်ကို ကြမ်းထားပါတယ်။ သို့ပေမဲ့လည်း ဇာတ်လမ်းက အေးရင်လည်း တောက်လျှောက်အေး၊ ကြမ်းရင်လည်း တောက်လျှောက် ကြမ်းတယ်။ တချို့အခန်းတွေဆို ရှည်တယ်လို့ပြောလို့ရတယ်။ ဇာတ်လမ်းကလည်း မှန်းလို့ရတာတွေ ပါတယ်။ ပါလာတဲ့ Plot twist က ကြီးတယ် ကြမ်းတယ်ဆိုပေမဲ့ ထူးဆန်းတဲ့အထဲမှာတော့ မပါဘူး။ Action scene တွေကတော့ သဘောကျတယ်။ လူမြင်ရတဲ့ ရှုထောင့်နေပုံစံမျိုးရိုက်ပြထားလို့ အသက်ဝင်တယ်၊ ပီတယ်လို့ ထင်ရတယ်။ Mutt တွေလာလို့ ဗြင်းတဲ့အခန်းဆိုရင် တော်တော်ရှည်တယ်ဆိုပေမဲ့ ပျင်းစရာမကောင်းဘဲ စိတ်လှုပ်ရှားမှု ပေးနိုင်တယ်။ Trap/pod တွေနဲ့ တွေ့လို့ ဖြစ်ပျက်တဲ့အခန်းတွေ ရိုက်ထားတာ သဘောကျတယ်။
Jennifer Lawrence ကတော့ သရုပ်ဆောင်တာ တော်တော်မိုက်ပါတယ်။ ခါတိုင်းလိုပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ လိုတာထက်မပိုတဲ့ မိန်းမတစ်ယောက်နဲ့ ကွက်တိပဲ။ President Snow ကြီးကလည်း ရုပ်ကြည့်တာနဲ့ ဘယ်သူမှမကြောက်၊ ဘာမှမစိုးရိမ်၊ ဘာမှနောင်တမရတဲ့ ရုပ်ကြီးပါ။ ကျန်တဲ့သူတွေကိုတော့ အဲလောက်ကြီး သဘောမကျလှဘူး။

Hunger Games ကားတွေကတော့ ကျွန်တော့အတွက် Young Adult ကားတွေထဲမှာ အကြိုက်ဆုံးပါ။ ဘာလို့ဆို သူများတွေလို ဇာတ်လိုက်က Chosen One မို့လို့၊ တော်နေတတ်နေလို့၊ သူလုပ်လိုက်လို့ နိုင်သွားတာ ဆိုတာမျိုး အတင်းလုပ်မထားဘူး။ သူကလည်း သူ့ဟာသူ လုပ်တတ်သလို နေတတ်သလို နေရင်းနဲ့မှ Hero မဖြစ်ချင်ဘဲ ဖြစ်လာတယ်။ တော်လှန်ရေးခေါင်းဆောင်တွေကလည်း သူ့ကို အသုံးချပြီး စိတ်ဓာတ်စစ်ဆင်ရေးတွေ ဝါဒဖြန့်တာတွေလုပ်တယ်၊ Capitol ကလည်း ပြန်လုပ်တယ်။ နောက်ဆုံး အချင်းချင်းရဲ့ လှည့်ကွက်တွေကြားမှာ အားလုံးက အသုံးချခံတွေချည်းပဲ။ Mocking Jay Part 2 မှာသေချာပြသွားတာက နောက်ဆုံးတော့ လူက လူပါပဲ။ အားလုံးက အမုန်းတရား၊ မာန်မာန၊ လက်စားချေလိုစိတ်၊ အာဏာ ဆိုတာတွေနဲ့ပဲ လုံးချာလည်လိုက်နေတယ်ဆိုတာပါ။ ဇာတ်သိမ်းပိုင်းက သူများတွေအတွက်တော့ ဘယ်လိုနေမလဲ မသိပေမဲ့ ကျွန်တော့အတွက်တော့ အားရတယ်၊ ကျေနပ်တယ်လို့ ပြောရမှာပဲ။ အရင်ကားတွေနဲ့ ဇာတ်လမ်းကို သဘောကျတဲ့သူတွေလည်း အားရလိမ့်မယ် ထင်ပါတယ်။

ဇာတ်လမ်းအညွှန်းကိုတော့ DatShin Facebook Page မှကူးယူဖော်ပြထားပါတယ်။

  • Download Links Server Size Quality