Burmese Subtitle
BluRay 1080p 6CH The Hurt Locker (2008)
Report error

The Hurt Locker (2008)

The Hurt Locker    

R 131 min DramaThrillerWar

7.6
IMDB: 7.6/10 386,920 votes

, , , ,

, , , , , , , , ,

Won 6 Oscars. Another 117 wins & 126 nominations.

USA

155

Report error

Hurt Locker ဆိုတာ ဗန်းစကားတစ်ခုဖြစ်ပြီးတော့ a place of deep pain and discomfort လို့အဓိပ္ပါယ်ရပါတယ်။ မြန်မာလိုဆိုရင်တော့ နာကျင်မှုတို့စုဝေးရာ လို့ပြောရမယ် ထင်ပါတယ်။

အခုရေးမယ့် Hurt Locker ဆိုတဲ့ဇာတ်ကားကတော့ US Army ရဲ့ EOD အဖွဲ့လေးတစ်ခုရဲ့အကြောင်း ရိုက်ကူးထားတာပါ။ EOD ဆိုတာကတော့ Explosive Ordnance Disposal ကိုဆိုလိုတာဖြစ်ပြီး မြန်မာလိုဆို ဗုံးရှင်းအဖွဲ့လို့အဓိပ္ပါယ်ရမှာပါ။ EOD အဖွဲ့တွေရဲ့တာဝန်ကတော့ ဗုံး ဒါမှမဟုတ် လက်လုပ်မိုင်းတွေကို အန္တရာယ်မရှိအောင် ရှင်းလင်းဖို့ ဖြစ်ပါတယ်။ ဒီဇာတ်ကားအရ ဆိုရင်တော့ US ရဲ့ EOD အဖွဲ့ကို တပ်ကြပ်ကြီးအဆင့်ဦးစီး နောက်ပါနှစ်ယောက်နဲ့ ဖွဲ့စည်းတာကို တွေ့ရပြီး ဗျုဟာအဆင့်လို့ ခန့်မှန်းမိပါတယ်။ (မှားနိုင်ပါတယ်) EOD အဖွဲ့ဟာ သီးခြားဟမ်းဗီးယာဉ်နဲ့ လှုပ်ရှားပြီး ယာဉ်ပေါ်မှာ လိုအပ်တဲ့ မိုင်းရှင်းဝတ်စုံတွေ၊ အဝေးထိန်းစနစ်သုံး မိုင်းရှင်းယာဉ်နဲ့ တခြားပစ္စည်းတွေအစုံ ပါတာကို တွေ့ရပါတယ်။

EOD တစ်ယောက်ဟာ တိုက်ခိုက်ရေးစစ်သည်တစ်ယောက်လို လှုပ်လှုပ်ရှားရှား တိုက်ပွဲဝင်ရတာမျိုး ရှိမှာမဟုတ်ပေမယ့် စွန့်လွှတ်စွန့်စားမှုနဲ့ အသက်ဘေးအန္တရာယ် ကြုံတွေ့ရမှုမှာတော့ သာတယ်လို့ ဆိုရမယ့် အနေအထားပါ။ သူတို့ဟာ ပေါက်ကွဲပစ္စည်းတွေကို အန္တရာယ်ကြားကပဲ ကိုင်တွယ်ကြတယ် ရှင်းလင်းကြတယ်။ ဒီလိုအချိန်တွေမှာ သူတို့ဟာ သူတို့ရဲ့အသက်ကို အပေါင်ထားပြီး ကံကြမ္မာနဲ့ စစ်ခင်းနေတယ်လို့ ဆိုရမှာပါ။ ဒီအတွက်ရော သူတို့တွေ ဘယ်လိုခံစားကြပါသလဲ။ နေ့စဉ် နေ့စဉ် သေခြင်းတံခါးကို သွားသွားခေါက်နေတဲ့ သူတို့ဟာ သူတို့ရဲ့ဘဝ၊ သူတို့ရဲ့အနာဂတ်တွေနဲ့ သူတို့ရဲ့သံယောဇဉ်တွေကို ဘယ်လိုသဘောထားကြပါသလဲ။

ဒီဇာတ်ကားလေးမှာ EOD Team တစ်ခုရဲ့ နေ့စဉ်ဖြတ်သန်းမှုနဲ့ စစ်သည်တွေရဲ့ စရိုက်ကို သရုပ်ဖော်ထားပါတယ်။ လူတွေရဲ့ သေခြင်းတရားကို ကြောက်ရွံစိတ်၊ ရိုကျိုးစိတ်နဲ့ ထီမထင်တဲ့စိတ်တွေကို ဇာတ်ကောင်သုံးကောင်နဲ့ ရုပ်လုံးဖော်ထားတာပါ။ ဒီစစ်သည်သုံးယောက်ဟာ ထမ်းဆောင်ရမယ့်တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ရင်းကပဲ စစ်သားတို့သဘာဝအတိုင်း တာဝန်နဲ့ဝထ္တရားရဲ့ဖိအားတွေ၊ သေခြင်းတရားရဲ့ အကဲစမ်းမှုတွေ ကြုံတွေ့ကြရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လူတစ်ဦးချင်းစီရဲ့ ပင်ကိုယ်ဗီဇအလိုက် ကွဲပြားတဲ့ တုံ့ပြန်မှုတွေကို မြင်တွေ့ရမှာပါ။ ဒီဇာတ်ကားမှာ စစ်သားတွေရဲ့ အထူးသဖြင့် EOD တွေရဲ့ဘဝနဲ့ ခံယူချက်၊ ခံစားချက်တွေကို ပေါ်လွင်အောင် ရိုက်ကူးထားတာကို ကြည့်ရူခံစားရမှာဖြစ်ပြီး Imdb Rating အနေနဲ့တော့ 7.6/10 ရရှိထားပါတယ်။

ဒီဇာတ်ကားအစမှာ ဖော်ပြထားတဲ့ စကားလေးနဲ့ ဇာတ်ကားအညွှန်းကို နိဂုံးချုပ်ပါရစေဗျ။

“The rush of battle is often a potent and lethal addiction, for war is a drug.” (Chris Hedges)

စစ်ဆိုတာ မူးယစ်ဆေးလိုပဲ၊ ပတ်သက်မိရင် သွေးကြွလာတယ်၊ အန္တရာယ်တွေကြားမှာ နေရတာ၊ သေရ သတ်ရတာကို စွဲလန်းလာတယ်။

The Hurt Locker (2008)
The Hurt Locker (2008)
The Hurt Locker (2008)
The Hurt Locker (2008)
The Hurt Locker (2008)
The Hurt Locker (2008)
The Hurt Locker (2008)
The Hurt Locker (2008)
The Hurt Locker (2008)
The Hurt Locker (2008)
The Hurt Locker (2008)
The Hurt Locker (2008)
The Hurt Locker (2008)
The Hurt Locker (2008)
No downloads available

Related movies