The Kid Who Would Be King (2019)
An army to fight. A demon to slay. A world to save. No pressure.Synopsis:
မိသားစုတွေကြည့်လို့သင့်တော်မယ့် ၂၀၁၉ ထွက် Action , Adventure ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်
ပုံပြင်တွေ ဒဏ္ဍာရီတွေကိုယုံကြည်တဲ့ အဲလက်စ်လို့ခေါ်တဲ့ကောင်လေးတစ်ယောက်မှာ
ဘက်ဒါးစ်လို့ခေါ်တဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိတယ် သူတို့၂ယောက်က ကျောင်းမှာ
လန့်စ်နဲ့ကေးလို့ခေါ်တဲ့ကောင်လေးနဲ့ကောင်မလေး၂ယောက်ရဲ့ အနိုင်ကျင့်ခြင်းကိုအမြဲခံရလေ့ရှိတယ်
တစ်နေ့မှာ လန့်စ်နဲ့ကေးရဲ့အနိုင်ကျင့်တာကိုထွက်ပြေးရာကနေ ကျောက်တုံးထဲစိုက်ဝင်နေတဲ့ ဓားတစ်ချောင်းကို
တွေ့ခဲ့ရတယ်။ အဲဒီဓားကိုဆွဲနှုတ်လာပြီး အိမ်ပြန်ရောက်တဲ့အခါ သူငယ်ချင်းဘက်ဒါးစ်နဲ့ အတူတူကြည့်တဲ့အခါမှာ
ဒီဓားဟာ ရိုးရိုးသာမန်နောက်ပြောင်ထားတဲ့ဓားမဟုတ်ပဲ သူ့အဖေပေးခဲ့တဲ့ ပုံပြင်ဒဏ္ဍာရီစာအုပ်ထဲက
အိတ်စ်ကာလီဘာလို့ခေါ်တဲ့ဓားဖြစ်နေပြီး ကျိန်စာကနေပြန်လည်အသက်နိုးထလာတဲ့ မှော်ပညာရှင်စုန်းမ
မော်ဂါနဲ့စစ်တပ်ကြီးကို အဲလက်စ်တစ်ယောက်ဘယ်လို တိုက်ခိုက်ရမလဲဆိုတာကို… ။
IMDB Rating အနေနဲ့ မနိမ့်တဲ့ဇာတ်ကားလေးမို့ ကြည့်သင့်တဲ့ကားလေးအဖြစ် တိုက်တွန်းပါရစေခင်ဗျာ
Review Credit to Gold Channel