Exit print mode Print Data A+ A- Undo all

The Last Witch Hunter (2015)

Hunt forever.
The Last Witch Hunter (2015)The Last Witch Hunter (2015)

Synopsis:

*** Spoiler Alert ***

ဇာတ်လမ်းအကျဉ်း : Fast & Furious မင်းသားကြီး Vin Diesel က Kaulder အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားပါ။ ဇာတ်လမ်းက Kaulder က Witch-Hunter ပါ။ လူသားမျိုးနွယ်ကို Plague ရောဂါတစ်မျိုးနဲ့ မျိုးတုန်းသတ်ဖြတ်ဖို့အတွက် ကြံစည်နေတဲ့ Witch Queen ကို ခြေမှုန်းရတဲ့ဇာတ်ကားပါ။ ဇာတ်ကားအစမှာပဲ Kaulder တို့ Witch-Hunter အဖွဲ့ က Witch Queen ရဲ့ နေရာကိုသွားပြီး ချေမှုန်းရင်းနဲ့ Witch Queen ကသူမသေခင်မှာ Kaulder ကို Immortal Life ဖြစ်အောင် ကျိန်စာတိုက်ခဲ့တဲ့အတွက်ကြောင့် Kaulder ခမျာ အသက်မသေတော့ပဲ ဒီနေ့ခေတ်အထိရောက်လာခဲ့တာပါ။

နောက်နှစ်ပေါင်း 800 ကြာတဲ့အခါမှာ Kaulder က Witch Hunter အဖြစ် ဆက်လုပ်နေတုန်းပါ။ အဲ့ခေတ်မှာတော့ Witch တွေက သူတစ်ပါးကို ဒုက္ခမပေးရင် ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ်နေလို့ရတဲ့ အခွင့်ရေးတွေနဲ့ နေကြတာပါ။ လေယျာဉ်ပျံပေါ်မှာတောင် ကိုယ့် Power ကို ကိုယ်မသိတဲ့ Witch တစ်ကောင်ကြောင့် မုန်တိုင်းတွေထန်ပြီး လေယျာဉ်ပျက်မလိုဖြစ်သွားတာကို Kaulder အနေနဲ့ ကယ်ခဲ့ရပါသေးတယ်။ Kaulder နဲ့အတူတူ အလုပ်လုပ်နေတဲ့ Dolan က ဘယ်သူလုပ်သွားမှန်းမသိတဲ့ Curse မိသွားတာကို ပြန်ဖြေဖျောက်ဖို့ သူများ Dream ထဲကို ဝင်ရောက်နိုင်တဲ့ Witch ကောင်မလေးနဲ့ပေါင်းပြီး အဖြေရှာကြရင်းနဲ့ နောက်ဆုံး Witch Queen ကြီးပြန်လည်ထမြောက်လာတာကို ထပ်ခြေမှုန်းကြတာပါ။

Witch Queen က သူ့ Immortal Life ကို Kaulder ကိုပေးခဲ့တာ အကြောင်းရှိပါတယ်။ သူပြန်လည်ထမြောက်ဖို့အတွက် ထည့်ပေးပီးပြန်ယူသွားဖို့ပါ။ ဒါပေမဲ့ Kaulder နဲ့ ပြန်ဖိုက်တဲ့အခါမှာလဲ မနိုင်ပါဘူး။ စာရေးသူမြင်ဖူးတဲ့ Witch Queen ထဲမှာ တော်တော်စွမ်းအားမရှိတဲ့ ခပ်ပိန်းပိန်း Witch Queen တစ်ကောင်ပါပဲ။ ဘယ်လိုသတ်သတ်နိုင်တယ်တို့ဘာတို့…
နောက်ဆုံး Immortal Life ကို Kaulder ပဲပြန်ရသွားတာပါ။ Witch Queen ရဲ့နှလုံးကို အပီးတိုင်ဖျက်ဆီးလိုက်မှ ဇာတ်သိမ်းမှာကို မဖျက်သေးဘူးခင်ဗျ။ ဒါကိုကြည့်ချင်းအားဖြင့် The Last Witch Hunter 2 များလာဦးလေမလားလို့ စာရေးသူအနေနဲ့တွေးမိပါတယ်။

Review : ဇာတ်ကားကပြောရရင် ဘာဇာတ်လမ်းမှသိပ်မရှိဘူး။
လူသားမျိုးတုန်းအောင်လုပ်ဖို့ Plague ရောဂါနဲ့ Witch Queen ကကြံစည်တယ်။ မင်းသား Kaulder ကအဲ့ဒါကိုကာကွယ်ဖို့ Witch Queen ကိုသတ်တယ်.. Witch Queen ကပြန်ရှင်လာ… မင်းသားက ပြန်သတ်တယ်…ဒါလောက်ပဲ။ သွားကြည့်တုန်းကတော့ Trailer ထဲက ပြထားသလို ဖိုက်တဲ့အခန်းတွေမိုက်မယ်ထင်လို့ပါ။ တကယ်တမ်းကြတော့ သိပ်မထူးပါဘူး။
စာရေးသူဘေးက လူတစ်ယောက်ဆို အိပ်တောင်ပျော်နေတာ… ဇာတ်လမ်းမရှိတဲ့အပြင် ရိုက်ပြသွားတာလဲ စာရေးသူအမြင်အရ သိပ်မကောင်းပါဘူး။
အဲ့ဒါကြောင့်လဲ ထွက်တာတောင်မကြာသေးဘူး နိုင်ငံတကာက Rating တွေက အရမ်းနည်းနေပါတယ်။

မကောင်းကြောင်းလဲ အတော်များများပြောနေကြပါတယ်။ ဒီနှစ်ထဲမှာ စာရေးသူကြည့်ဖူးတဲ့ ဇာတ်ကားထဲမှာ ချာတူးအလန်ဆုံး ဇာတ်ကားလို့ထင်ပါတယ်။
ဒီဇာတ်ကားအတွက် Production Budget $90 million သုံးထားပေမဲ့
ဒီစာရေးနေတဲ့အချိန်မှာ ဝင်ငွေက $3.8 million ပဲရှိပါသေးတယ်။ ကံမကောင်းရင် Box Office Bomb တောင်ဖြစ်သွားနိုင်ပါတယ်။
ဒါတွေက ဒီဇာတ်ကားကြည့်ပီး စာရေးသူအမြင်ကိုပဲတင်ဆက်ပေးသွားတာပါ။
ဒါကြောင့် ဒီဇာတ်ကားကိုကြည့်မယ်ဆိုရင် အရမ်းကို မမျှော်မှန်းထားဖို့ Datshin မှတင်ဆက်ပေးလိုက်ပါတယ်။

Review Credit to DatShin Facebook Page

Original title
The Last Witch Hunter
Director
Breck Eisner, Jessica Kivnik, Kim Berner, Megan Graham
Stars
Elijah Wood, Isaach De Bankolé, Joseph Gilgun, Julie Engelbrecht, Michael Caine, Ólafur Darri Ólafsson, Rena Owen, Rose Leslie, Sloane Coombs, Vin Diesel
Release Date
23 Oct 2015
Rated
PG-13
Runtime
106 min
Awards
1 nomination.
Country
USA, China, Canada
Budget
USD $90 000 000,00
Revenue
USD $146 936 910,00
Popularity
17.777
Status
Released
ID IMDb.com
tt1618442
IMDB Rating
6.0
IMDB votes
85,455
ID Themoviedb.org
274854
TMDb Rating
5.8
TMDb votes
2166