Burmese Subtitle
BluRay 1080p 6CH The Lion King (1994)
Report error

The Lion King (1994)

The Lion King    

G 88 min AdventureAnimationDrama

8.5
IMDB: 8.5/10 800,449 votes

, , , ,

, , , , , , , , ,

Won 2 Oscars. Another 33 wins & 29 nominations.

USA

222

Report error

The Lion King ဇာတ်ကားကနောက်လဆိုလာတော့မယ်…အဲဒါမထွက်ခင်ဒါလေးတွေဖတ်ထားတော့သူတို့ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာကိုသိတာပေါ့Live Action ထွက်ရင်လဲတင်ပေးပါဦးမယ် See First ထား….1994 ခုနှစ်ကထွက်ရှိခဲ့တဲ့ The Lion King I ကို မှတ်မိကြဦးမယ်ထင်ပါတယ် မှတ်မိဆို မကြာသေးခင်ကမှ The Lion King ရဲ့ live action ထွက်လာတာကိုး ဆိုတော့ . . . The Lion King ကို တစ်ခေါက်လောက် ပြန်တွေးတောကြည့်ရအောင်ဗျာ ..”NA A A HHH ZABENYA A A A BAGITHI BABA” ဆိုတဲ့ The Circle of Life ဆိုတဲ့သီချင်းသံနဲ့အတူ စတင်မြင်ယောင်ကြည့်ပါမယ်နေထွက်လာတဲ့ ဇာတ်ဝင်ခန်းနဲ့အတူ မြင်းကျား သမင် ဆင် စတဲ့တောထဲမှရှိတဲ့ တိရစ္ဆာန်အကုန် အရောင်အသွေးစုံလင်စွာ ထွက်လာတဲ့အချိန် ပထမဆုံး အခန်းလေးမှာတင် ကျွန်တော့်စိတ်ကို ဖမ်းစားသွားတာပါပဲ ဒါကလေးငယ်ငယ်တုန်းကမို့ ဒီလိုဖြစ်တာလို့ထင်ခဲ့ဘူးတယ် အမှန်တော့ အခုပြန်ကြည့်လည်း အခုထိအဲ့ခံစားချက် ဖြစ်ပေါ်နေတုန်းပါပဲ
– Simba ကျွန်တော်တို့ရဲ့ ဇာတ်လိုက်တော်ကြီး ချစ်စရာခြင်္သေံပေါက်စလေး မွေးဖွားပြီးအခန်းပါပဲ Mufasa ရဲ့ဆရာ မျောက်ကြီးက simba လေးကို ချီပြီး ဒါအနာဂတ်ရဲ့တောဘုရင်ဆိုပြီး ပြသတဲ့အခန်းမှာ ရှိသမျှ တိရစ္ဆာန်တွေအားလုံးက အလေးပြုရတဲ့အထိ ပုံပြင်တွေထဲမှာပဲကြားဖူးခဲ့တဲ့ ခြင်္သေဘုရင်က ငယ်ငယ်လေးကတည်းက ဒီလိုပါဝါနဲ့ပါလားလို့ တွေးမိပါသေးတယ် Simba လေးကတော့ သူ့ကို အကုန်လုံးက ချစ်ကြတယ် Mufasa ရဲ့ တပည့်တော် ဌက် Zazu ကို စလိုက် နောက်လိုက် တောအုပ်ထဲလျှောက်လည်လိုက်နဲ့ ပျော်နေတော့တာပါပဲ ဒါပေမယ့် သူ့အပျော်တွေဟာ ခဏလေးပါပဲ
– ScarVillian ဆိုတာ ပရိတ်သတ်တွေအမှတ်မိဆုံးသူပဲဖြစ်ပါတယ် Scar ကတော့ Mufasa ရဲ့ ညီ ဘုရင်နေရာကို လိုချင်နေတဲ့ Villian ပါပဲ သူ့မှာ ခွေးအအုပ်ရှိတယ် သူဘုရင် နေရာလုယူဖို့ ဥာဏ်နီဥာဏ်နက်တွေရှိတယ် Mufasa သေဖို့ကို စောင့်ဆိုင်းနေသူပါ
– King Mufasaကျွန်တော့်အတွက်တော့ တောဘုရင်အပီသဆုံးပါပဲ The Lion King I I မှာ Simba တောင်မှ တောဘုရင်ဖြစ်တာတောင် သူ့အဖေကို မမှီဘူးလို့ ခံစားရပါတယ် ဘာကြောင့်မှန်းမသိ Mufasa ရဲ့ပုံစံ တိရစ္ဆာန်အားလုံးက လေးစားပုံတွေ သူ့သားလေးကို ပညာသင်ပေးပုံတွေ တကယ်ကိုပဲ ကျွန်တော် Mufasa ကို မသေသွားစေချင်တဲ့ ဇာတ်ကောင်ထဲပါပါတယ် ဒါမယ့် သူသေတော့မှပဲ Pumba တို့နဲ့တွေ့ဖြစ်မှာလေကိုး
– Pumba & Timon Hakuna Matata! It’s wonderful phrase. It means no worry for the rest of your day. It’s problem free, philosophy!!! အခုထိ သီချင်းတောင်အလွတ်ရနေပါသေးတယ် အဲ့လောက်ထိကို တကယ်ရင်ထဲစွဲခဲ့တာပါ Live action ထွက်မယ်လို့ သိလိုက်ရချင်းမှာ အပျော်ဆုံးက ကျွန်တော်ပဲတောင် ထင်ထားတာ . . လျှာရှည်နေတာလေး ခဏရပ်ပြီး ဇာတ်လမ်းကို ပြန်ပြောပါမယ်နော် . . . သူတို့သင်ပေးခဲ့တဲ့ သီချင်းနဲ့ ပြန်လည် ပျော်ရွှင်လာတဲ့ Simba လေး ဘဝသင်ခန်းစာတွေသင်ပေးတဲ့ သူတို့ နှစ်ယောက် တကယ်ပဲ သုံးယောက်သား လိုက်ဖက်ညီလွန်းပါတယ် . . .နောက်ဆုံး Simba ဘယ်လိုမျိုး သူ့ဘဝကို ပြန်မှတ်မိမလဲ Scar ကို ဘယ်လိုပြန်တော်လှန်မလဲဆိုတာနဲ့တင် ကြည့်ဖူးတဲ့သူတွေကတော့ ပြောစရာမလိုအောင်သိနေမှာပါပဲ မကြည့်ဖူးတဲ့သူတွေအတွက်ကတော့ ကျွန်တော်ပြောလိုက်ရင် ကြည့်တဲ့အခါ အရသာပေါ့သွားမှာစိုးလို့ မပြောတော့ပါဘူးနော်
တစ်ခုပါပဲ ကျွန်တော့်တို့ရင်ထဲ အမြဲကျန်နေခဲ့တဲ့ Mufasa သေသွားတဲ့အခန်းပေါ့ “Goodbye Mufasa. I’m the King now” ဆိုပြီး scar ရဲ့အသံ သားကို ကယ်ချင်စိတ်တစ်ခုပဲရှိတဲ့ Mufasa မသိဘူး ပြေးမယ်ဆိုတဲ့ နွားတွေ ဆိတ်တွေကြားထဲ သေသွားရရှာတဲ့ Mufasa ကျွန်တော်တို့ မျက်ရည်တွေကို ခြူ သွားတဲ့ အခန်းကို live action နဲ့ကြည့်ရတော့မယ်ဆိုတဲ့ အသိနဲ့တင် ကျွန်တော်တော့ ဝမ်းနည်းနေမိပါပြီဗျာ . . .
မူရင်းတင်ဆက်ထားသော် အညွန်းကို ခရက်ဒစ်ပေးပါတယ်…
ဒီဇာတ်ကားလေးကို ဘာသာပြန်ပေးထားတာကတော့ Macirs ဖြစ်ပြီး
ကျွန်တော် Sai Wunna[Nokime Kugachichiki] မှ Encode လုပ်ပြီးတင်ဆက်ပေးထားပါတယ်ခင်ဗျာ

File Size – 1.63 GB
Quality – Blu-Ray 1080p 6CH
Running Time – 1hr 28min
Format – mp4
Genre – Animation, Adventure, Drama
Subtitle – Myanmar (Hard Sub)
Translator – Macirs
Encoded By – Sai Wunna[Nokime Kugachichiki]

The Lion King (1994)
The Lion King (1994)
The Lion King (1994)
The Lion King (1994)
The Lion King (1994)
The Lion King (1994)
The Lion King (1994)
The Lion King (1994)
The Lion King (1994)
The Lion King (1994)
The Lion King (1994)
The Lion King (1994)
The Lion King (1994)
The Lion King (1994)
The Lion King (1994)
The Lion King (1994)
The Lion King (1994)
The Lion King (1994)
The Lion King (1994)
The Lion King (1994)
The Lion King (1994)
The Lion King (1994)
The Lion King (1994)
No downloads available

Related movies