Exit print mode Print Data A+ A- Undo all

The Lion King (2019)

The King has Returned.
The Lion King (2019)The Lion King (2019)

Synopsis:

[Unicode]

Disney ရဲ့ မသိသူမရှိ၊ မကြည့်ဖူးသူမရှိလောက်အောင် အောင်မြင်ခဲ့တဲ့ ကာတွန်းကို Photorealistic ဖြစ်တဲ့ VFX တွေနဲ့ ရုပ်ရှင်ကားကြီးအဖြစ် ပြန်လည်ရိုက်ကူးထားတာပါ။ ဒီလိုရိုက်တော့ ၂ မျိုးထင်နိုင်ပါတယ်။ ကောင်းပြီးသား အောင်မြင်ပြီးသား ကာတွန်းကို မလိုအပ်ဘဲ ပိုက်ဆံရှာတဲ့ အကွက်ခင်းတယ်လို့ တွေးနိုင်သလို ဒီနေ့ခေတ် နည်းပညာတွေနဲ့ ခေတ်မီရုပ်ထွက်တွေနဲ့ ပြန်လည် အသက်သွင်းတယ်လို့လည်း တွေးနိုင်ပါတယ်။ ဆိုတော့ ဒီရုပ်ရှင်က အရင် မူရင်းရဲ့ အရိပ်က ရုန်းထွက်နိုင်ခဲ့ရဲ့လား။

အခုရုပ်ရှင်ဟာ The Jungle Book ကို Live action အဖြစ်ရိုက်ကူးခဲ့တဲ့ Iron Man ဒါရိုက်တာ Jon Faveau ကပဲ ရိုက်ကူးထားပါတယ်။ ရုပ်ထွက်တွေက အရမ်းကို အပြင်လောကနဲ့ တူလှတဲ့ CGI တွေသုံးထားတယ်။ တကယ်လို့သာ တိရစ္ဆာန်တွေက စကားတွေပြောမနေဘဲ သာမန်သွားလာနေတာကို ပြပြီး “Animal planet က ဟာကြီး” လို့ပြောရင်တောင် ယုံရမဲ့အထိ ရုပ်ထွက်တွေက ကောင်းလွန်းအားကြီးနေခဲ့ပါတယ်။ ကာတွန်းလိုမဟုတ်တော့တဲ့အတွက် emotion တွေတော့ သေချာမပြနိုင်တော့ဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်အကြိုက်ဆုံးအချက်တစ်ချက်ကတော့ ရုပ်ရှင်ထဲက တိရစ္ဆာန်တွေဟာ သဘာဝကျကျ လှုပ်ရှားနေတာပါ။ ဥပမာ စကားပြောနေရင်း လည်ပင်းကုတ်နေတာ၊ Timon ဆိုလည်း Simba ခေါင်းပေါ်ရောက်သွားတာနဲ့ စကားကပြောနေရင်း သန်းရှာသလို အမွှေးတွေထဲ ဖြဲရှာနေတာမျိုး။ သွားရင်းလာရင်း နားရွက်တွေကအစ လှုပ်နေတာမျိုးတွေက ရုပ်ရှင်ဖန်တီးသူတွေ ဘယ်လောက်တောင် ပင်ပန်းခံ ကြိုးစားထားသလဲဆိုတာ မြင်နေရပါတယ်။ Visual ပိုင်းမှာတော့ Disney အတွက် ကြီးမားတဲ့ အောင်မြင်မှုတစ်ခုလို့ ပြောရမှာဖြစ်ပါတယ်။

ဒီလို အရမ်း realistic ဖြစ်တဲ့အကွက်တွေပဲ သုံးသွားတဲ့အတွက် animated film မှာတုန်းက အရမ်းမိုက်ခဲ့တဲ့ ဇာတ်ဝင်ခန်းအချို့တော့ ပြန်ပါမလာခဲ့ပါဘူး။ ဒီလို serious ပိုဖြစ်တဲ့ကားမျိုးမှာ ထည့်ရင် ကြည့်ရအဆင်မပြေနိုင်ဖြစ်မှာဆိုပေမဲ့ ကိုယ်တွေရင်းနှီးခဲ့ပြီး ပြန်မြင်ချင်တဲ့ ဇာတ်ဝင်ခန်းတွေပါမလာတော့ နည်းနည်းတော့ ဘဝင်မကျဖြစ်မိတာအမှန်ပဲ။ တစ်ကားလုံးခြုံပြောရရင်တော့ အရင်ကာတွန်းကားထဲက အတိုင်းနီးပါးကိုပဲ ပြန်မြင်ရမှာပါ။ မြင်ကွင်းတွေ ရိုက်ချက်တွေ ပြောစကားတွေက ကိုယ်တွေသိပြီးသား အကျွမ်းဝင်ပြီးသားဟာတွေပါ။

ဒီလို အရင်ကားအတိုင်းပြန်သွားထားတဲ့အတွက် ကောင်းတာလည်းရှိသလို မကောင်းတာလည်းရှိလာတာပေါ့။ အကုန်နီးပါး တူနေတော့ အထူးအဆန်း အသစ်တွေကို မြင်ချင်တဲ့၊ mind blown ဖြစ်တာမြင်ချင်တဲ့ ပရိတ်သတ်အတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ ပြောရရင် same story better graphic ဆိုပြီးဖြစ်သွားတာမျိုးပေါ့။ ဒါပေမဲ့ ကိုယ်တွေငယ်ငယ်က ကြည့်ခဲ့ ကြိုက်ခဲ့ရတဲ့ ခြင်္သေ့လေး Simba ကို ခေတ်ပေါ်အမြင်နဲ့ပြန်မြင်ရတဲ့အတွက် သဘောကျကြမှာပါ။ သီချင်းတွေကလည်း အရင်လိုပဲ လန်ထွက်နေဆဲပါ။ မကြည့်ရသေးရင် ကြည့်ကြပါ။ ပျော်ရပါမယ်၊ ဝမ်းနည်းရပါမယ်။ (ကာတွန်းတုန်းကလို facial expression တွေ သိပ်မမြင်ရတော့ ကာတွန်းလောက်တော့ မခံစားရလောက်တာတော့ ရှိပါတယ်)။

Review Credit to Datshin Facebook Page

[Zawgyi]

Disney ရဲ့ မသိသူမရွိ၊ မၾကည့္ဖူးသူမရွိေလာက္ေအာင္ ေအာင္ျမင္ခဲ့တဲ့ ကာတြန္းကို Photorealistic ျဖစ္တဲ့ VFX ေတြနဲ႔ ႐ုပ္ရွင္ကားႀကီးအျဖစ္ ျပန္လည္ရိုက္ကူးထားတာပါ။ ဒီလိုရိုက္ေတာ့ ၂ မ်ိဳးထင္နိုင္ပါတယ္။ ေကာင္းၿပီးသား ေအာင္ျမင္ၿပီးသား ကာတြန္းကို မလိုအပ္ဘဲ ပိုက္ဆံရွာတဲ့ အကြက္ခင္းတယ္လို႔ ေတြးနိုင္သလို ဒီေန႔ေခတ္ နည္းပညာေတြနဲ႔ ေခတ္မီ႐ုပ္ထြက္ေတြနဲ႔ ျပန္လည္ အသက္သြင္းတယ္လို႔လည္း ေတြးနိုင္ပါတယ္။ ဆိုေတာ့ ဒီ႐ုပ္ရွင္က အရင္ မူရင္းရဲ့ အရိပ္က ႐ုန္းထြက္နိုင္ခဲ့ရဲ့လား။

အခု႐ုပ္ရွင္ဟာ The Jungle Book ကို Live action အျဖစ္ရိုက္ကူးခဲ့တဲ့ Iron Man ဒါရိုက္တာ Jon Faveau ကပဲ ရိုက္ကူးထားပါတယ္။ ႐ုပ္ထြက္ေတြက အရမ္းကို အျပင္ေလာကနဲ႔ တူလွတဲ့ CGI ေတြသုံးထားတယ္။ တကယ္လို႔သာ တိရစၧာန္ေတြက စကားေတြေျပာမေနဘဲ သာမန္သြားလာေနတာကို ျပၿပီး “Animal planet က ဟာႀကီး” လို႔ေျပာရင္ေတာင္ ယုံရမဲ့အထိ ႐ုပ္ထြက္ေတြက ေကာင္းလြန္းအားႀကီးေနခဲ့ပါတယ္။ ကာတြန္းလိုမဟုတ္ေတာ့တဲ့အတြက္ emotion ေတြေတာ့ ေသခ်ာမျပနိုင္ေတာ့ဘူးေပါ့။ ဒါေပမဲ့ ကၽြန္ေတာ္အႀကိဳက္ဆုံးအခ်က္တစ္ခ်က္ကေတာ့ ႐ုပ္ရွင္ထဲက တိရစၧာန္ေတြဟာ သဘာဝက်က် လႈပ္ရွားေနတာပါ။ ဥပမာ စကားေျပာေနရင္း လည္ပင္းကုတ္ေနတာ၊ Timon ဆိုလည္း Simba ေခါင္းေပၚေရာက္သြားတာနဲ႔ စကားကေျပာေနရင္း သန္းရွာသလို အေမႊးေတြထဲ ျဖဲရွာေနတာမ်ိဳး။ သြားရင္းလာရင္း နားရြက္ေတြကအစ လႈပ္ေနတာမ်ိဳးေတြက ႐ုပ္ရွင္ဖန္တီးသူေတြ ဘယ္ေလာက္ေတာင္ ပင္ပန္းခံ ႀကိဳးစားထားသလဲဆိုတာ ျမင္ေနရပါတယ္။ Visual ပိုင္းမွာေတာ့ Disney အတြက္ ႀကီးမားတဲ့ ေအာင္ျမင္မႈတစ္ခုလို႔ ေျပာရမွာျဖစ္ပါတယ္။

ဒီလို အရမ္း realistic ျဖစ္တဲ့အကြက္ေတြပဲ သုံးသြားတဲ့အတြက္ animated film မွာတုန္းက အရမ္းမိုက္ခဲ့တဲ့ ဇာတ္ဝင္ခန္းအခ်ိဳ႕ေတာ့ ျပန္ပါမလာခဲ့ပါဘူး။ ဒီလို serious ပိုျဖစ္တဲ့ကားမ်ိဳးမွာ ထည့္ရင္ ၾကည့္ရအဆင္မေျပနိုင္ျဖစ္မွာဆိုေပမဲ့ ကိုယ္ေတြရင္းႏွီးခဲ့ၿပီး ျပန္ျမင္ခ်င္တဲ့ ဇာတ္ဝင္ခန္းေတြပါမလာေတာ့ နည္းနည္းေတာ့ ဘဝင္မက်ျဖစ္မိတာအမွန္ပဲ။ တစ္ကားလုံးျခဳံေျပာရရင္ေတာ့ အရင္ကာတြန္းကားထဲက အတိုင္းနီးပါးကိုပဲ ျပန္ျမင္ရမွာပါ။ ျမင္ကြင္းေတြ ရိုက္ခ်က္ေတြ ေျပာစကားေတြက ကိုယ္ေတြသိၿပီးသား အကၽြမ္းဝင္ၿပီးသားဟာေတြပါ။

ဒီလို အရင္ကားအတိုင္းျပန္သြားထားတဲ့အတြက္ ေကာင္းတာလည္းရွိသလို မေကာင္းတာလည္းရွိလာတာေပါ့။ အကုန္နီးပါး တူေနေတာ့ အထူးအဆန္း အသစ္ေတြကို ျမင္ခ်င္တဲ့၊ mind blown ျဖစ္တာျမင္ခ်င္တဲ့ ပရိတ္သတ္အတြက္ေတာ့ အဆင္ေျပမွာမဟုတ္ပါဘူး။ ေျပာရရင္ same story better graphic ဆိုၿပီးျဖစ္သြားတာမ်ိဳးေပါ့။ ဒါေပမဲ့ ကိုယ္ေတြငယ္ငယ္က ၾကည့္ခဲ့ ႀကိဳက္ခဲ့ရတဲ့ ျခေသၤ့ေလး Simba ကို ေခတ္ေပၚအျမင္နဲ႔ျပန္ျမင္ရတဲ့အတြက္ သေဘာက်ၾကမွာပါ။ သီခ်င္းေတြကလည္း အရင္လိုပဲ လန္ထြက္ေနဆဲပါ။ မၾကည့္ရေသးရင္ ၾကည့္ၾကပါ။ ေပ်ာ္ရပါမယ္၊ ဝမ္းနည္းရပါမယ္။ (ကာတြန္းတုန္းကလို facial expression ေတြ သိပ္မျမင္ရေတာ့ ကာတြန္းေလာက္ေတာ့ မခံစားရေလာက္တာေတာ့ ရွိပါတယ္)။

Review Credit to Datshin Facebook Page

Original title
The Lion King
Director
Jon Favreau
Stars
Alfre Woodard, Beyoncé Knowles, Billy Eichner, Chiwetel Ejiofor, Donald Glover, Eric André, James Earl Jones, John Kani, John Oliver, Seth Rogen
Release Date
19 Jul 2019
Rated
PG
Runtime
118 min
Awards
N/A
Country
USA
Budget
USD $260 000 000,00
Revenue
USD $1 629 492 304,00
Popularity
304.445
Status
Released
ID IMDb.com
tt6105098
IMDB Rating
7.1
IMDB votes
102,621
ID Themoviedb.org
420818
TMDb Rating
7.1
TMDb votes
2861