ဒီကားဟာ Adventure, Drama, Sci-Fi အမျိုးအစား
ဖြစ်ပြီး IMDb rating 8.1 ထိရရှိထားတဲ့ဇာတ်ကားကောင်းတကားပါ
နာဆာကလွှတ်တင်ထားတဲ့ ဟာမိစ်ဂြိုလ်တုမှ အဖွဲ့(၆)ဦးဟာ
အင်္ဂါဂြိုလ်(မားစ်ဂြိုလ်)ပေါ်သို့ ကုန်းလမ်းသွားယာဉ်တင်ပို့တဲ့မစ်ရှင်တခု
လုပ်ဆောင်နေရင်း မုန်တိုင်းတိုက်ခတ်လာတာကြောင့်
သူတို့ယာဉ်ဟာတိမ်းစောင်းနေပြီးအရေးပေါ်အမြန်ပျံတက်မှ
ဖြစ်တော့မှာပါ စခန်းချရာနေရာနဲ့ အမ်အေဗီယာဉ်ရှိရာသို့
အသွားမုန်တိုင်းကြောင့် အာကာသယာဉ်မှူး မက်ခ်ဝန်နီဟာ မတော်တဆ
ဖြစ်ပြီး အစပျောက်ကာရှာမရဖြစ်သွားခဲ့ပါတယ် ခေါင်းဆောင်လူးဝစ်နဲ့
သူ့အဖွဲ့သားများဟာရှာဖို့မတတ်နိုင်တော့ပဲ မက်ခ်ဝန်နီကို ထားခဲ့ရပါတယ်
အင်္ဂါဂြိုလ်ပေါ်မှာ မက်ခ်ဝန်နီဟာ ၁၈ ရက်ကြာသတိမေ့မျောပြီး
အသက်ရှင်နေခဲ့ပါတယ် သူဟာ သူ့အဖွဲ့သားများ
အသက်ရှင်တာကိုမသိသွားခဲ့တဲ့အတွက်တကယ်လို့များသေသွားခဲ့ရင်
မှတ်တမ်းကျန်အောင်လို့ ဗီဒီယိုနဲ့မှတ်တမ်းတင်ထားပါတယ်
ကျန်ခဲ့တဲ့ ရိက္ခာနဲ့ သူဘယ်လောက်ထိအသက်ရှင်နေထိုင်နိုင်မလဲဆိုတာ
တွက်ချက်ပြီး မက်ခ်ဟာ သူ့ရဲ့လွတ်မြောက်ရာလမ်းစကိုရှာဖွေလေ့လာ
ခဲ့ပါတယ် နောက်ထပ်အယ်ရီ ၅ ယာဉ်လာဖို့ဆိုတာကလည်း
၎ နှစ်ကြာဦးမှာပါ အယ်ရီ ၅ မရောက်ခင် ရိက္ခာမပြတ်ဖို့ အတွက်
အစီအစဉ်ချပါတော့တယ် သူဟာရူပဗေဒပညာရှင်ဖြစ်တဲ့ကြောင့်
အင်္ဂါဂြိုလ်ပေါ်မှာ အာလူးစိုက်ပါတော့တယ်
ဒီကားကိုကြည့်ရတာဟာ တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်
ကြည့်ရင်းကြည့်ရင်း ဘာဖြစ်မလဲဆိုတဲ့ခံစားမှုနဲ့ မက်ခ်ကို ဘယ်သူတွေ
လာကယ်မလဲ ဘယ်လိုကယ်မလဲ မက်ခ်ကရော အင်္ဂါဂြိုလ်ပေါ်မှာ
ဘာတွေရှာတွေ့အောင်လုပ်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့်
ကားဖြစ်ပါတယ် အင်္ဂါဂြိုလ်ပေါ်မှာ ၁ နှစ်ခွဲလောက်အသက်မသေပဲ
ဘ၀ကိုမလျှော့သောဇွဲလုံ့လနဲ့တစ်ဦးတည်းရင်ဆိုင်ဖြေရှင်းရဲတဲ့ မက်ခ်ရဲ့
စိတ်ဓါတ်ကိုတော့ မချီးကျူးပဲမနေနိုင်ပါဘူး တော်ရုံလူဆိုရင်တော့ရူးသွားနိုင်ပါတယ်
မကြည့်ရသေးတဲ့သူတွေရော ကြည့်ပြီးသူတွေပါကြည့်ရအောင်
စာတန်းထိုးနဲ့ rating မြင့်လွန်းတဲ့ကားကောင်းတကားကိုတင်ပေးလိုက်ပါတယ်
ကြည့်ဖြစ်အောင်ကြည့်စေချင်ပါတယ်
Review Credit – ချမ်းငြိမ်း-မှော်ဝန်း