2018 ထဲမှာရုံတင်ထားတဲ့ ငါးမန်းရုပ်ရှင်The Meg ကို Blu-ray Quality နဲ့ တင်ဆက်ပေးလိုက်ပါတယ်။
The Meg ဆိုတာ Megalodon ရဲ့အတိုကောက်ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၂သန်းလောက်ကတည်းက မျိုးတုန်းပျောက်ကွယ်သွားပြီဖြစ်တဲ့ ဧရာမငါးမန်းမျိုးစိတ်တစ်မျိုးရဲ့ နာမည်ပါ။
Megalodon ငါးမန်းကြီးတွေဟာ မီတာ ၂၀နီးပါးရှည်လျားပြီး ကမ္ဘာပေါ်မှာရှိခဲ့ဖူးသမျှ ခွန်အားအကြီးဆုံး သက်ရှိမျိုးစိတ်တွေထဲ တစ်မျိုးအပါအဝင်ဖြစ်တဲ့အပြင် ဝေလငါးကြီးတစ်ကောင်ကိုတောင် နှစ်ပိုင်းပြတ်တဲ့အထိ ကိုက်ဖြတ်နိုင်ပါတယ်။
အဲဒီ ဧရာမငါးမန်းကြီးကို အသည်းတယားယား မျက်ဝါးထင်ထင် တွေ့မြင်ရမှာမို့ The Meg ဟာ ရုပ်ရှင်ချစ်ပရိသတ်တွေ လက်မလွှတ်သင့်တဲ့ဇာတ်ကားတစ်ကားလို့ အကြံပြုချင်ပါတယ်။
လူတိုင်းချစ်ကြတဲ့ အက်ရှင်မင်းသား Jason Statham က ခေါင်းဆောင် ပါဝင်ထားပြီးကို ရေအောက်ကယ်ဆယ်ရေးသမား Jonus အဖြစ် ဒီဇာတ်ကားမှာ မြင်တွေ့ရမှာပါ။တရုတ်မင်းသမီးချောလေး Bingbing Li လဲ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်း ပုံစံကတော့ မာနာဝမ် ဆိုတဲ့ ရေအောက်လေ့လာရေး သုတေသန အဖွဲ့ဟာရေအောက် အနက်ဆုံးကြမ်းပြင်သို့ လေ့လာရေး အဖွဲ့ကို စေလွှတ်ပြီးမျိုးစိတ်အသစ်များကို လေ့လာစေခဲ့ပါတယ်။
ဒါပေမယ့် ကြောက်မက်ဖွယ်ကောင်းတဲ့ အနက်ဆုံးရေအောက်ကြမ်းပြင်မှာနှစ်ချို့ သတ္တ၀ါကြီးတွေ ကျတ်စားရာ ဒေသ ဖြစ်ပြီး အမျိုးအမည်မသိသတ္တ၀ါ အချို့ ရဲ့ တိုက်ခိုက်မှုကို ခံရပြီး ရေငုတ်ယဉ်ငယ် ဟာလေ့လာရေး စခန်းနဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။
Jonusဟာကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်း လုပ်ဖော်ကိုင်ဖက်တွေကို ဆုံးရှုံးလိုက်ရလို့ ထိုင်းနိုင်ငံကကမ်းခြေတစ်ခုမှာ အရက်ကိုအဖော်ပြုရင်း စိတ်အလိုလိုက်နေခဲ့ပါတယ်။ အဲဒီ့ဖြစ်စဉ်မှာ ဧရာမသတ္တဝါကြီးတစ်ကောင်က သူတို့သင်္ဘောကို တိုက်ခိုက်ခဲ့တယ်လို့ အခိုင်အမာပြောခဲ့ပေမယ့် သူ့စကားကို ဘယ်သူကမှ မယုံခဲ့ကြဘူး။
ဒီလိုနဲ့ ၅နှစ်ကြာပြီးတဲ့နောက် Jonus ရဲ့ ဇနီးဟောင်းဖြစ်သူ Lori လိုက်ပါသွားတဲ့ ရေငုပ်သင်္ဘောတစ်စင်း တူညီတဲ့အဖြစ်အပျက်မျိုး ကြုံလာရတဲ့အချိန်မှာတော့ Jonus တစ်ယောက် ကယ်ဆယ်ရေးပြန်လုပ်ဖို့ အကြောင်းဖန်လာပြီး ဧရာမ Megalodon ငါးမန်းကြီးနဲ့ နီးနီးကပ်ကပ် ရင်ဆိုင်ရပါတော့တယ်။
Jonus တစ်ယောက် ပင်လယ်ရေအောက်ကြမ်းပြင် မှာ ဒုက္ခရောက်နေတဲ့သူတွေကိုဘယ်လို ကယ်တင်နိုင်မလဲ မမြင်ရတဲ့ သတ္တ၀ါကြီးတွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှုလိုက်ကြပါစို့ဗျ။
Review Credit to Myanmar Subtitle Foundation
File Size – 1.8 GB
Quality – Blu-Ray 1080P 8CH
Running Time – 1h 53min
Format – mp4
Genre – Action, Horror, Sci-Fi
Subtitle – Myanmar (Hard Sub)
Translator – Zaw Min Thein
Encoded By – Htet Aung Moe