Exit print mode Print Data A+ A- Undo all

The Nun (2018)

Pray For Forgiveness
The Nun (2018)The Nun (2018)

Synopsis:

ဒီကနေ့ကဏ္ဍမှာတော့ ပရိသတ် တွေအတွက် အမေရိကန်သဘာဝ လွန် သည်းထိတ်ရင်ဖို ဇာတ် ကားလေး ဖော်ပြလိုက်ပါတယ်။

၁၉၅၂ ကာလ ရိုမေးနီးယား က Carta ရှေးဟောင်းဘုရား ကျောင်းမှာ ရှေးဟောင်းလက်ရာ တွေ ရှာဖွေနေတဲ့ သီလရှင်နှစ်ပါး ဟာ မမြင်နိုင်တဲ့ ပရလောကသား ရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။ စစ္စတာဗစ်တိုးရီးယားဟာ ပြတင်း ပေါက်ကနေ ခုန်ချထွက်ပြေးခဲ့ပေ မယ့် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ တဲ့ပုံစံနဲ့ သေဆုံးသွားခဲ့ပါတယ်။ သီလရှင်နှစ်ပါးကို ဗာလက်ဆိုတဲ့ မကောင်းဆိုးဝါးက သတ်ဖြတ်ခဲ့တာဖြစ်ပြီး ဗစ်တိုးရီးယားရဲ့ အလောင်းကို မနက်လင်းခါမှ ဘုရားကျောင်းကို ပစ္စည်းတွေ သယ်ပို့ပေးတဲ့ ဖရန်ချီဆိုသူက ရှာတွေ့ ခဲ့ပါတယ်။

ဒီလိုထူးဆန်းတဲ့ သေဆုံးမှု ကို စုံစမ်းဖော်ထုတ်ဖို့ဆိုပြီး ဗာတီ ကန်ကနေ ဘုန်းတော်ကြီး ဖာသာ ဘာကီကို စေလွှတ်ခဲ့ပြီး သီလရှင် ငယ်လေး အိုင်ရင်းလည်း ပါသွားခဲ့ ပါတယ်။ ရိုမေးနီးယားကိုရောက် တဲ့အခါမှာ ဖာသာဘာကီတို့ကို ဖရန်ချီက ဘုရားကျောင်းဆီကို ခေါ်သွားခဲ့ပြီး ဗစ်တိုးရီးယားရဲ့ အလောင်းဟာ ဖရန်ချီထားခဲ့တဲ့ နေရာမှာမရှိတော့ဘဲ နေရာရွေ့ နေခဲ့သလို အလောင်းမှာ ထူးဆန်း တဲ့ သော့တစ်ချောင်းရှာတွေ့ခဲ့ ပါတယ်။

နောက်တစ်နေ့မှာတော့ အိုင်ရင်းနဲ့ ဘာကီတို့ဟာ ကျောင်း တိုက်ဟောင်းတစ်ခုထဲကို အတူ သွားဖို့ လုပ်ခဲ့ပေမယ့် သီလရှင် တွေအတွက် ကန့်သတ်နေရာဖြစ် လို့ အိုင်ရင်းတစ်ယောက်တည်း ဝင်သွားခဲ့ရပါတယ်။ အဲဒီထဲမှာ ဘုရားရှိခိုး ဆုတောင်းနေတဲ့ တခြားသီလရှင်တွေကို တွေ့ခဲ့ပါ တယ်။

ဘုရားကျောင်းဆောင် ဟောင်း တည်ဆောက်စဉ်တုန်းက မကောင်းဆိုးဝါးအနှောင့်အယှက် ရှိခဲ့တဲ့အကြောင်းတွေကို အိုအာ နာဆိုတဲ့ သီလရှင်က အိုင်ရင်းကို ပြောပြခဲ့ပါတယ်။ ဘုရားကျောင်း ဆောင်ဟောင်းထဲက လူသေမြှုပ် ထားတဲ့ မြေအောက်လိုဏ်ခေါင်း တွေ ဒုတိယကမ္ဘာစစ်တုန်းက ဗုံး ထိပျက်စီးတဲ့အချိန်မှာ ဗာလက် ဆိုတဲ့ မကောင်းဆိုးဝါးလွတ် မြောက်ခဲ့ပြီး သီလရှင်အသွင်ယူ ကာ ခြောက်လှန့်သတ်ဖြတ်တယ် လို့ ပြောပြခဲ့ပါတယ်။

ရွာကို ပြန်ရောက်သွားတဲ့ ဖရန်ချီဟာလည်း ဘုရားကျောင်း က မကောင်းဆိုးဝါးက ရွာထဲထိ ရောက်လာတယ်ဆိုတာ သတိ ထားမိခဲ့ပြီး ဘုရားကျောင်းမှာ ကျန်ခဲ့တဲ့ ဖာသာဘာကီနဲ့ အိုင်ရင်းတို့ အန္တရာယ်ရှိနိုင်တာမို့ ဘုရား ကျောင်းဆီကို ပြန်သွားခဲ့ပါတယ်။

အိုင်ရင်းဟာ ဗာလက်ရဲ့ တိုက်ခိုက်ခြင်းခံရသလို ဖာသာ ဘာကီဟာလည်း မကောင်းဆိုး ဝါးတွေရဲ့ တိုက်ခိုက်ခံရတာမို့ ဖရန်ချီက အချိန်မီလာကယ်ဆယ် နိုင်ခဲ့ပါတယ်။ တကယ်တော့ အိုင် ရင်းမြင်နေတဲ့ သီလရှင်တွေဆို တာလည်း ဝိညာဉ်တွေသာဖြစ်ပြီး စစ္စတာဗစ်တိုးရီးယားဟာ နောက် ဆုံးအသက်ရှင်တဲ့ သီလရှင်ဖြစ် ကာ သူ့ကိုယ်ထဲ ဗာလက်ဝင်ပူး မှာစိုးတဲ့အတွက် အဆုံးစီရင်ခဲ့ တာလည်းဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ အိုင်ရင်းရဲ့ ခန္ဓာကိုယ်ထဲကို ဗာလက်က ဝင်ပူးဖို့ ကြိုးစားတဲ့အခါမှာ ဖာသာဘာကီနဲ့ ဖရန်ချီတို့က ကယ်ဆယ် နိုင်ပါ့မလား၊ မကောင်းဆိုးဝါးတွေ ချည်းရှိနေတဲ့ ဘုရားကျောင်းကြီး ထဲ ရောက်နေတဲ့ အိုင်ရင်းတို့ သုံး ယောက်ရဲ့ ကံကြမ္မာက ဘယ်လို ပုံစံဇာတ်သိမ်းရမယ်ဆိုတာကို ရင်ဖိုရင်း ဆက်ကြည့်ဖို့ ဖော်ပြ လိုက်ပါတယ်။

ဒီဇာတ်ကားမှာ Taissa Farmiga, Demian Bichir, Jonas Bloquet, Bonnie Aarons,Charlotte Hope စတဲ့သရုပ် ဆောင်တွေ ပါဝင်ထားပါတယ်။

(အညွှန်းကိုတော့ 7daydaily မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။)

Original title
The Nun
Director
Cleopatra Medvetchi, Corin Hardy, Jody Blose
Stars
August Maturo, Bonnie Aarons, Charlotte Hope, Demián Bichir, Ingrid Bisu, Jonas Bloquet, Jonny Coyne, Michael Smiley, Sandra Teles, Taissa Farmiga
Release Date
07 Sep 2018
Rated
R
Runtime
96 min
Awards
N/A
Country
USA
Budget
USD $22 000 000,00
Revenue
USD $364 943 149,00
Popularity
114.786
Status
Released
ID IMDb.com
tt5814060
IMDB Rating
5.6
IMDB votes
56,087
ID Themoviedb.org
439079
TMDb Rating
5.7
TMDb votes
1589