Burmese Subtitle
Web-DL 720p The Pentagon Wars (1998)
Report error

The Pentagon Wars (1998)

The Pentagon Wars    

R 104 min ComedyWar

7.3
IMDB: 7.3/10 2,906 votes

, , , , , , , , ,

Won 1 Primetime Emmy. Another 1 win & 2 nominations.

USA

252

Report error

Old But Gold တွေကြည့်တင်ဆက်ပေးနေပါတယ်နော် အယ့်လယ်

အညွန်းကိုတစ်ချက်ရှိုးလိုက်ပါဦး
*********************

ဇာတ်ကားလေးတစ်ကားအကြောင်း ပြောချင်ပါတယ်။ ကားဟောင်းတစ်ကားဖြစ်ပြီး ၁၉၈၈ခုနှစ်က ထွက်ရှိတဲ့ဇာတ်ကား ဖြစ်ပါတယ်။ Pentagon Wars လို့အမည်ရပြီး ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးတယ်လို့ဆိုပါတယ်။ ဒီဇာတ်ကားလေးကို Sky Net ကနေလဲ ရံဖန်ရံခါ ပြသလေ့ရှိပါတယ်။ စစ်လက်နက်ဂရုတွေမှာ ပြန်ရှာကြည့်တော့ တစ်ယောက်စ၊ နှစ်ယောက်စပဲ ရေးထားတာတွေ့လို့ အခုထပ်ရေးလိုက်တာဖြစ်ပါတယ်။

ဇာတ်ကားကတော့ အမေရိကန်တပ်မတော်သုံး Bradley IFV တိုက်ခိုက်ရေးယာဉ်ထုတ်လုပ်မှုအပေါ် ကျောရိုးယူတည်ဆောက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအဖွင့်မှာ 2 Stars ဗိုလ်ချုပ်တစ်ယောက်ကို ခုံရုံးတစ်ခုမှာ စစ်ဆေးမေးမြန်းနေတာနဲ့ ဖွင့်ထားပြီး နောက်ကြောင်းပြန်ပြောတဲ့ပုံစံနဲ့ အစပြုပါတယ်။ အမေရိကန်ကြည်းတပ်မတော်အနေနဲ့ ရှေ့တန်းစစ်မျက်နှာတွေမှာ အသုံးပြုဖို့ ယာဉ်တစ်မျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေတာ (၁၆)နှစ်ကျော်ကျော်လောက်ရှိပြီဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းတည်ငြိမ်ပြီး ထုတ်လုပ်ဖို့ အစပျိုးတော့မယ့်အချိန်မှာ လေတပ်က ဒုဗိုလ်မှူးကြီး Burton ဟာစစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ပေးခြင်းခံရပါတယ်။ သူ့အနေနဲ့ ကွန်ဂရက်ကိုကိုယ်စားပြုစစ်ဆေးရတာဖြစ်ပေမယ့် ဒီ Project ကိုကိုင်ထားတဲ့ ဗိုလ်ချုပ် Patridge ရဲ့ကွပ်ကဲမှုအောက်ကနေပဲ တာဝန်ထမ်းဆောင်ရတာဖြစ်ပါတယ်။

Burton ဟာဘရက်ဒလေတိုက်ခိုက်ရေးယာဉ်ကို RPG တင့်ဖျက်ဒုံးနဲ့ ပစ်ခတ်စမ်းသပ်တဲ့စမ်းသပ်မှုကို ရောက်သွားပါတယ်။ ဘရက်ဒလေယာဉ်ဟာ RPG ဒဏ်ကိုမမှုတာကို သူတွေ့လိုက်ရပါတယ်။ သူ့အနေနဲ့လေတပ်ကဖြစ်လို့ ကြည်းတပ်သုံးလက်နက်ခဲယမ်းတွေနဲ့ အနည်းငယ်အလှမ်းဝေးပေမယ့် Burton ဟာလေ့လာလိုစိတ်ရှိတဲ့ အရာရှိတစ်ဦးဖြစ်တဲ့အတွက် အသေးစိတ်လေ့လာမိတဲ့အခါ ဘရက်ဒလေကိုပစ်တဲ့ RPG ခဲယမ်းဟာ ရူမေးနီးယားကထုတ်တဲ့ ခပ်ညံ့ညံ့ဒုံးဖြစ်ပြီး သာမန်သံတံခါးတစ်ချပ်ကိုတောင် မဖောက်ထွင်းနိုင်တာကို သိလိုက်ရပါတယ်။ ဒီလိုစစ်ဆေးမှုတွေမှာ စံပြုရုရှတင့်ဖျက်ဒုံးတွေနဲ့ စစ်ဆေးသင့်တယ်လို့ သုံးသပ်မိတဲ့အတွက် အခြားစစ်ဆေးရေးအဖွဲ့တွေနဲ့ ဆွေးနွေးတဲ့အခါ ပြသနာတက်ပါတော့တယ်။ ဒီပြသနာဟာ ဗိုလ်ချုပ် Patridge ဆီရောက်သွားပါတယ်။ ဗိုလ်ချုပ်ကိုယ်တိုင်ကလဲ အရည်အသွေးပိုင်းကို သိပ်အလေးထားသူမဟုတ်ဘဲ ပစ္စည်းထွက်ရှိမှုကို ဦးစားပေးသူတစ်ယောက်ဖြစ်ပါတယ်။ အရည်အသွေးပိုင်းအလေးထားသူ Burton ရဲ့ဘရက်ဒလေအကြောင်း အသေးစိတ်သိချင်တယ်ဆိုတဲ့ စောဒကတွေအတွက် ဗိုလ်ချုပ်က လုပ်ပိုင်ခွင့်ဘောင်ထဲကပဲ တုံ့ပြန်ပါတယ်။ ဘရက်ဒလေ ဖန်တီးတည်ထွင်မှု သမိုင်းတလျှောက် (၁၆)နှစ်စာမှတ်တမ်းတွေကို လေ့လာဖို့ Burton ဆီပို့ခိုင်းလိုက်တာပါ။

မှတ်တမ်းတွေအရ Burton လေ့လာတွေ့ရှိရတာက ဘရက်ဒလေတိုက်ခိုက်ရေးယာဉ်ဟာ Troop Carrier အဖြစ်စတင်ဖန်တီးခဲ့တာဖြစ်ပြီး အစောပိုင်းဒီဇိုင်းဖန်တီးမှုတွေမှာ အဓိကတာဝန်ရှိတဲ့ဗိုလ်မှူးကြီး Smith ရဲ့မှတ်တမ်းတွေအရ ဘရက်ဒလေယာဉ်ဟာ စစ်သည်(၁၁)ဦး (တပ်စိတ်တစ်စိတ်)ကို တင်ဆောင်ပြီး ပေါ့ပေါ့ပါးပါး စစ်ကစားနိုင်အောင် ရည်ရွယ်ဖန်တီးထားတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ပရောဂျက်ကို ကွပ်ကဲတဲ့ ဗိုလ်ချုပ်တွေရဲ့ လွဲမှားတဲ့အမိန့်တွေကြားမှာ ဒီယာဉ်ဟာတဖြည်းဖြည်းပုံပျက်သွားပြီး ဆုံလည်တွေ၊ တင့်ဖျက်ဒုံးတွေနဲ့ အလတ်စားတင့်တစ်စီး အသွင်ဖြစ်သွားတာကို တွေ့ရှိလာရပါတယ်။ ထပ်တိုးထည့်သွင်းတဲ့ လက်နက်စနစ်တွေနဲ့ခဲယမ်းတွေရဲ့ အလေးချိန်ကို ကာမိစေဖို့အတွက် တင့်ရဲ့ကိုယ်ထည်ကို အလူမီနီယမ်နဲ့ ပြုလုပ်ရတဲ့အဆင့်ထိ ရောက်သွားခဲ့တာပါ။ မှားယွင်းတဲ့အမိန့်တွေအောက်မှာ လက်တွေ့စစ်မြေပြင် လိုလားချက်တွေနဲ့ မကိုက်ညီတဲ့ဒီဇိုင်းနဲ့ ဘရက်ဒလေယာဉ်ဟာ ထုတ်လုပ်ဖို့ အတည်ပြုခံခဲ့ရပြီး ဗိုလ်မှူးကြီး Smith ဟာဗိုလ်ချုပ်အဖြစ် ရာထူးတိုးသွားပါတယ်။ ဒီ(၁၆)နှစ်ကြာ ဇာတ်ရှုပ်ကြီးဟာ ခုလောလောဆယ်မှာတော့ Burton ရဲ့ခေါင်းပေါ် ရောက်လာပါပီ။

Burton အနေနဲ့ ဘရက်ဒလေယာဉ်ကို စစ်မြေပြင်လိုအပ်ချက်တွေနဲ့ ကိုက်ညီစေလိုသူတစ်ဦးဖြစ်တဲ့အတွက် ယာဉ်ရဲ့အားနည်းချက်တွေကို ပေါ်လွင်စေမယ့် စမ်းသပ်စစ်ဆေးမှုတွေ ဆောင်ရွက်ဖို့ စိုင်းပြင်းပါတော့တယ်။ ယာဉ်အတွင်းမှာ စစ်သည်တွေလိုက်ပါတဲ့ အနေအထားနဲ့ ပုံစံတူအရုပ်တွေထည့်ကာ ပြိုင်ဖက်ဆိုဗီယက်ရဲ့ အကောင်းဆုံးတင့်ဖျက်ဒုံးနဲ့ ပစ်ခတ်စမ်းသပ်မှုကို ဆောင်ရွက်ခဲ့ပေမယ့် စစ်ဆေးရေးအဖွဲ့မှာပါတဲ့ စားနေကျကြောင်ဖားတွေက ဝိုင်းဝန်းလိမ်လည်ကြတာကြောင့် ရလာဒ်ပိုင်းအတည်မပြုနိုင် ဖြစ်သွားပါတယ်။ Burton နဲ့တခြားစစ်ဆေးရေးအဖွဲ့တွေကြားမှာလည်း အဖုအထစ်က အတော်လေးကြီးထွားလာပါပီ။ Burton ထပ်သိလာရတာက ပုံမှန်ပစ်ခတ်စမ်းသပ်မှုတွေမှာ မီးလောင်ပေါက်ကွဲခြင်းမဖြစ်စေဖို့ ဘရက်ဒလေရဲ့ ဆီတိုင်ကီကို ဆီအစား ရေဖြည့်ထားတာတွေ၊ ယာဉ်အတွင်းထည့်သွင်းထားတဲ့ ခဲယမ်းတွေဟာ အတုဖြစ်နေတာတွေအပြင် စမ်းသပ်စစ်ဆေးမှုတွေအားလုံးဟာ အတုအယောင် ဂျင်းကွက်တွေ ဖြစ်နေတာကိုပါ။

လေ့လာမှုတွေအရ ဘရက်ဒလေမှာသုံးထားတဲ့ အလူမီနီယမ်ကိုယ်ထည်ဟာ တင့်ဖျက်ဒုံးတွေနဲ့တွေ့ရင် မီးလောင်ကျွမ်းပြီး အဆိပ်သင့်စေတဲ့ Gas တွေထွက်တတ်တာကို သိလာတဲ့ Burton ကယာဉ်အတွင်းမှာ သက်ရှိသတ္တဝါအဖြစ် သိုးတွေထည့်စမ်းဖို့ ပြင်ပါတော့တယ်။ Burton ရဲ့အကြံကိုသိတဲ့ တခြားစစ်ဆေးရေးအဖွဲ့တွေက ကလိမ်ကျလိုက်တဲ့အခါ စစ်ဆေးမှုဟာ ပျက်ပြားသွားပါတယ်။ Burton ရဲ့သည်းခံနိုင်မှုဟာ ကုန်ဆုံးခဲ့ပြီဖြစ်သလို ဗိုလ်ချုပ် Patridge ရဲ့သည်းခံမှုဟာလည်းကုန်ဆုံးသွားခဲ့ပါပီ။ ဒီအတွက် ဗိုလ်ချုပ်ဟာ Burton ကိုစစ်ဆေးရေးအဖွဲ့ထဲကထုတ်ပြီး လူစားလဲဖို့စီစဉ်ပါတယ်။ ဒီလိုအရှုပ်အထွေးတွေကို စောင့်ကြည့်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးလဲ ရှိနေပါတယ်။ သူကတော့ ဘရက်ဒလေတိုက်ယာဉ်ရဲ့ဖခင် ဗိုလ်ချုပ် Smith ရယ်ပါ။ Smith ဟာမတတ်သာလို့ ခပ်ခွာခွာနေခဲ့ရပေမယ့် သူ့စိတ်ကတော့ ဘရက်ဒလေကို အကောင်းဆုံးဖြစ်စေချင်ခဲ့တာပါ။ ဒီအတွက် သူနဲ့ရည်မှန်းချက်တူတဲ့ Burton ကို ကူညီဖို့ဆုံးဖြတ်ခဲ့ပြီး လက်ရှိအခြေအနေကို မီဒီယာဆီ လက်တို့လိုက်ပါတယ်။ ဘရက်ဒလေပရောဂျက်ရဲ့ ခြစားမှုဖြစ်စဉ် သတင်းစာမှာပါလာတာကို မြင်ရတဲ့ ကာကွယ်ရေးဝန်ကြီးဟာ ဒေါသထွက်ပြီး ပရောဂျက်ခေါင်းဆောင် ဗိုလ်ချုပ် Patridge ကိုကြိတ်ပါတော့တယ်။ ဒါ့အပြင် ဘရက်ဒလေရဲ့ လက်ရှိအနေအထားကို အစီရင်ခံစာတင်ဖို့ ညွှန်ကြားလိုက်ပါတယ်။

ဝန်ကြီးအဆူခံရတဲ့ ဗိုလ်ချုပ် Patridge ဟာဒေါသတွေကြားကပဲ သူရေးရမယ့် အစီရင်ခံစာကို Burton ကိုတစ်ဖက်လှည့်နဲ့ ရေးခိုင်းလိုက်ပါတယ်။ ဒါဟာ Burton အတွက်တော့ မဟာအခွင့်အရေးပါပဲ။ ဘရက်ဒလေနဲ့ ပတ်သတ်တဲ့ အူမချေးခါးအစုံကို အစီရင်ခံစာထဲမှာ ထည့်ရေးပါတော့တယ်။ ဒါကို ဗိုလ်ချုပ်ကလဲ မှန်းပီးသားဖြစ်ပါတယ်။ သူ့ဆီတက်လာတဲ့ အစီရင်ခံစာကို ပြောင်းပြန်နီးပါး အဓိပါယ်ထွက်အောင် ပြန်ပြင်ဖို့ ညွှန်ကြားလိုက်ပါတယ်။ ဒါဟာချက်ကောင်းကို စောင့်နေတဲ့ Burton အတွက်တော့ အခွင့်အရေးဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်းတွေအရ ဒီလိုပြင်ဆင်တဲ့ စာတစ်စောင်ကို သက်ဆိုင်ရာအဖွဲ့ဝင်အားလုံးကို မိတ္တုပေးပို့ပိုင်ခွင့်ရှိတဲ့ Burton ဟာအခွင့်အရေးကို အပြည့်အဝအသုံးချလိုက်ပါတယ်။ Burton ရဲ့လုပ်ရပ်ဟာ အောင်မြင်ခဲ့ပြီး ဘရက်ဒလေသတင်းဟာ မီဒီယာကြားမှာ ပွသွားပါတယ်။ ဒီအတွက် ဗိုလ်ချုပ် Patridge ဟာ House Armed Services Committee ရဲ့ဆင့်ခေါ်ခြင်းခံရပြီး အစစ်ဆေးခံရပါတော့တယ်။ စစ်ဆေးမှုမှာ Patridge အနေနဲ့ အကြောင်းပြချက်မျိုးစုံနဲ့ ရှောင်လွှဲဖို့ကြိုးစားပေမယ့် ဖုံးကွယ်လို့ မရတာက ဘရက်ဒလေပရောဂျက်ဟာ ထုတ်လုပ်မှုအချိန်တွေ ၁၆နှစ်လောက်ကြာမြင့်ပြီး ကုန်ကျစရိတ် သန်းနဲ့ချီသုံးထားခဲ့ပေမယ့် လုံလောက်တဲ့ အကျိုးရလာဒ် မရရှိသေးတာဖြစ်ပါတယ်။ ဒါ့အပြင် Burton ရဲ့မှန်ကန်တိကျတဲ့ ချေပမှုတွေကြောင့် ဘုတ်အဖွဲ့ဝင်တွေဟာ ဘရက်ဒလေယာဉ်ကို တိုက်ပွဲဝင်အနေအထားနဲ့ ပစ်ခတ်စစ်ဆေးဖို့ အမိန့်ချလိုက်ပါတော့တယ်။ မစစ်ဆေးခင် တစ်ညမှာ Burton ဟာစမ်းသပ်မှုဆောင်ရွက်မယ့် စစ်သည်တွေဆီသွားပြီး လက်နက်ခဲယမ်းထုတ်လုပ်သူတွေရဲ့ စောင့်ထိန်းသင့်တဲ့ ဝတ္တရားတွေအကြောင်းကို တော်ကီချွေရင်း ချုပ်ပါတယ်။ စမ်းသပ်မှုဆောင်ရွက်မယ့်နေ့တော့ ရောက်ပါပီ။ ပုံမှန် ဂျင်း ထည့်နေကျအတိုင်း ဆီအတု၊ခဲယမ်းအတုတွေ သုံးထားတယ်လို့ ယုံကြည်ထားတဲ့ Patridge နဲ့အဖွဲ့ကတော့ ယုံကြည်မှုအပြည့်နဲ့ ဖြစ်ပါတယ်။ တကယ်တမ်းလက်တွေ့မှာတော့ Burton ရဲ့စိတ်ဓါတ်ကို လေးစားကြတဲ့ စစ်သည်တွေဟာ ဘရက်ဒလေကို တိုက်ပွဲဝင်အနေအထားအတိုင်း ကျည်စစ်ကျည်မှန်တွေ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ အခမ်းအနား အစီအစဉ်အတိုင်း ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေနဲ့ မီဒီယာတွေရှေ့မှောက်မှာ ဘရက်ဒလေကို တင့်ဖျက်ဒုံးနဲ့ ပစ်ခတ်စစ်ဆေးတဲ့အခါမှာတော့ မြင်မကောင်း၊ ရူမကောင်းလောက်အောင်ပဲ ပေါက်ကွဲပျက်စီးသွားပါတော့တယ်။ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ ဘရက်ဒလေကို ပြန်လည်အဆင့်မြှင့်တင်ဖို့ နောက်ထပ်ဒေါ်လာသန်းချီ အသုံးပြုခဲ့ရပြီး Burton ကတော့ ရာထူးကနေအငြိမ်းစားယူဖို့ တွန်းအားပေးခံခဲ့ရတဲ့အကြောင်း ဖော်ပြရင်း ဇာတ်လမ်းကို အဆုံးသတ်လိုက်ပါတယ်။ ကြာမြင့်ချိန် ၁နာရီ၄၅မိနစ်လောက် ရှိတဲ့ဒီဇာတ်ကားမှာ လက်နက်ခဲယမ်းထုတ်လုပ်သူ လောကထဲက အရှုပ်အထွေးတွေကို မြင်နိုင်မှာဖြစ်သလို တပ်မတော်တစ်ခုရဲ့ သဘောသဘာဝနဲ့ လုပ်ထုံးလုပ်နည်းတွေကို မြင်တွေ့ရမှာပါ။ ဟာသဆန်ဆန် ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးဟာ လက်တွေ့နယ်ပယ်မှာ ဖြစ်ပျက်ကြုံတွေ့နေတဲ့ အကြောင်းအရာတွေကို ဖော်ပြရင်း ရွှင်ရွှင်မြူးမြူးလေးနဲ့ပဲ ခေတ်နဲ့ စနစ်ကို သရော်ထားပါတယ်။ စာဖိုင်အတွက် ကူညီပေးတဲ့ အကိုကြီးကို BS မှအထူးပင်ကျေးဇူးတင်ရှိကြောင်းနဲ့ BS fans တွေ ကြည့်လိုက်ပါဦးဗျာ

အညွန်းနဲ့ ဘာသာပြန်သူကတော့ ကိုဥက္ကာကျော်ပဲဖြစ်ပါတယ်ခင်ဗျာ။

File Size – 845.54MB
Quality – Web-Dl 720p
Running Time – 1h 50min
Format – mp4
Subtitle – Myanmar HardSub
Genre – Comedy, War
Translator – Okkar Kyaw
Encoded By – Sai Wunna

The Pentagon Wars (1998)
No downloads available

Related movies