BS ပရိတ်သတ်ကြီးအတွက်…High School ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်…..
High School ဆိုတဲ့အတိုင်း လူငယ်သဘာဝဆန်ဆန် ရိုက်ကူးထားတာဖြစ်ပြီး…အထိန်းအကွပ်မရှိတဲ့
အထက်တန်းကျောင်းသူလေးတွေနဲ့ ဘာလာလာ ပါတီလုပ်မယ်ဆိုတဲ့ သူတွေနဲ့ ရိုးသားလွန်းတဲ့ေ
ကာင်လေးတစ်ယောက်တို့ရဲ့ အချစ်ဟာသ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်….

ဇာတ်လမ်းသဘောကို ပြောပြမယ်…
အရှက်အကြောက်ကြီးတဲ့သူ..
ငယ်ငယ်ကတည်းကနေ အခုအချိန်ထိ ရည်းစားမထားဘူးသေးတဲ့သူ…ပြောရရင် လူရိုးလေးပေါ့…
အလယ်တန်းကျောင်းကြီးပြီးလို့ အထက်တန်းကျောင်းကိုတက်ရတော့မှာကို သူက ကြောက်နေခဲ့တယ်..
နဂိုကတည်းက ရိုးရိုးသားသားလေးနေခဲ့တာ..အထက်တန်းကျောင်းမှာက စီနီယာ နဲ့ ဂျူနီယာတွေဟာ ရန်အမြဲဖြစ်တတ်ပြီး စီနီယာတွေက အနိုင်ကျင့်တတ်တာကြောင့် အထက်တန်းကျောင်းပြီးမယ့်နေ့ကို ရေတွက်နေခဲ့တယ်….

အထက်တန်းကျောင်းကို စတက်တော့ ပထမနေ့မှာ..သူ့ကိုလူတိုင်းက မခေါ်ကြဘူး အပေါင်းအသင်းမလုပ်ကြဘူး…သူတစ်ယောက်တည်း ကွက်ပြီး ရိုးသားနေတော့ တခြားသူတွေက အမြင်မကြည်ဘူးဖြစ်နေခဲ့တယ်…
နောက်နေ့ရောက်တော့ အမှတ်မထင် ကမြင်းကြောအထဆုံး အဖွဲ့တစ်ဖွဲ့နဲ့ သူငယ်ချင်းဖြစ်သွားတယ်ပြောရမယ်…
ကောင်မလေးတွေကလည်း စပ်စလူးစိန်အပြင် ကောင်လေးတွေကလည်း ကဲမယ်ဆိုတာကြည့်ပဲ….
အငယ်ကတည်းက ရိုးရိုးသားသားလေးနေလာခဲ့တဲ့သူက Sam ဆိုတဲ့ ကောင်မလေးကို ချစ်မိသွားတယ်…တစ်ခါမှရည်းစားမထားဘူးတော့ ဘယ်လိုဖွင့်ပြောရမှန်းမသိဖြစ်နေတယ်….
ဒါပေမယ့် အကုန်လုံးက ရိပ်မိတယ်…သူ့ကို တခြားကောင်မလေးတွေကလည်း ကြိုက်နေတယ်ဆိုတာကို အကုန်လုံးသိတယ်…မသိတာက သူတစ်ယောက်တည်း…..အသေရိုးသားလွန်းကို စော်တွေက ကြွေသွားတယ်ထင်တယ်…….
Translator — Lin Soe Htet
Encoder — Sai Wunna