Burmese Subtitle
BluRay 1080p 6CH The Predator (2018)
Report error

Report error

The Predator က Predator Series မှာစတုတ္ထ မြောက်ဇာတ်ကားဖြစ်ပြီးတော့ ဒါရိုက်တာ Shane Black က
ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို Predator ရဲ့ တတိယမြောက်ဇာတ်ကားအပြီး ၈နှစ်အကြာ
မှာပြန်လည်ရိုက်ကူးတင်ဆက်ခြင်းဖြစ်ပါတယ်။

Plot
Predator တွေဟာ ကမ္ဘာမြေကို ထပ်ရောက်လာခဲ့ပြန်ပါပြီ။ ဒီတစ်ခေါက်ကတော့ အချင်းချင်း သတ်ရင်း၊ ထွက်ပြေးရင်း ယာဉ်ပျံပျက်ကျပြီးရောက်လာတယ်။ သာမန် Predator အချင်းချင်း သတ်တာထက်ကိုပိုပြီး လူသားမျိုးနွယ်စု တစ်ခုလုံးကို ကယ်နိုင်၊ ဖျက်ဆီးနိုင်မဲ့ အခွင့်အရေးဖြစ်နေတာကြောင့် McKenna နဲ့အဖွဲ့ဟာ ကိုယ့်ထက် အစအစအရာရာ သာလွန်ကြမ်းတမ်းလှတဲ့ ရန်သူကို အသက်စွန့်ရင်ဆိုင်ဖို့ဖြစ်လာခဲ့ပါတယ်။

Review

The Predator ရုပ်ရှင်ဟာ reboot ပုံစံ၊ standalone ပုံစံမျိုးမဟုတ်ဘဲ ဟိုးအရင် 1987 က စထွက်ခဲ့တဲ့ Arnold ရဲ့ Predator ကနေစပြီး အကုန်လုံးနဲ့ ပြန်ချိတ်ဆက်ထားပါတယ်။ အခုကားရဲ့ ဒါရိုက်တာ Shane Black ဟာ ပထမဆုံး Predator ကားမှာ ပထမဆုံး အသတ်ခံရတဲ့ စစ်သားတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားခဲ့တယ်။ သူကိုယ်တိုင်ရိုက်တဲ့ 2018 version Predator ကားကတော့ ကောင်းသင့်သလောက် မကောင်းနိုင်ခဲ့ဘူးလို့ ပြောရမှာပါ။

အဖွင့်ပိုင်းနဲ့ ဇာတ်လမ်း ပထမတစ်ဝက်လောက်က တော်တော်လေးကောင်းတယ်။ စကတည်းက လုံးဝအချိန်ဆွဲမနေဘဲ တောက်လျှောက်နီးပါး ကြမ်းထားခဲ့တယ်။ Buildup လုပ်တာလေးလည်း သိပ်မဆိုးဘူး။ (နည်းနည်းလေးတော့ ဟိုမရောက်ဒီမရောက်ဖြစ်တာကလွဲလို့)။ သဘောအကျမိဆုံးကတော့ sound effect နဲ့ action sequence တွေပဲ။ Spaceship ရောက်လာတဲ့အသံ၊ ပျက်ကျတဲ့အသံ၊ တိုက်လေယာဉ်အသံ လန်ထွက်နေသလို သူတို့ရဲ့ ဇာတ်ဝင်ခန်းတွေကလည်း လိုရင်းတိုရှင်းနဲ့ တော်တော်ကောင်းတယ်။ နောက်တစ်ခုက သွေးထွက်သံယိုကိစ္စ။ အရင်ကတည်းက အသတ်အဖြတ်ကြမ်းတာနဲ့ နာမည်ကြီးတဲ့ Predator တွေဟာ ဒီကားမှာလည်း တစ်စက်မှမလျှော့ဘူး။ လုံးဝ အပိုင်းပိုင်းပြတ်၊ တကယ့် gory action scene တွေ အများကြီး။ ဒါပေမဲ့ တစ်ချက်တစ်ချက်မှာတော့ လိုတာထက်ပိုပြီးပြထားသလို သိပ်အဆင်မပြေတာတွေ ပါတယ်။ CGI တွေလည်းမိုက်တယ်။

တစ်ဝက်ပြီးနောက်ပိုင်းမှာတော့ သိပ်အဆင်မပြေခဲ့ဘူး။ ဟိုရောက်ဒီရောက်နဲ့ နည်းနည်းဗြောက်သောက်ဖြစ်နေတဲ့ ဇာတ်ညွှန်းကြောင့် ဇာတ်ရှိန်က ဆက်တက်မလာခဲ့သလို action ခန်းတွေလည်း အနှစ်သာရမရှိဘဲ သတ်လိုက်ဖြတ်လိုက်နဲ့ အရမ်းပေါ့ သွားခဲ့တယ်။ ဇာတ်လမ်းပြီးတဲ့အချိန်မှာ တွေးမိတာက The Predator က 2016 က ထွက်ခဲ့တဲ့ Independence Day: Resurgence အကွက်ပြန်ခင်းထားသလိုပဲ။ ဒီခေတ်က franchise ခေတ်၊ sequel နဲ့ universe ခေတ် ဆိုတော့ ဖန်တီးသူတွေကလည်း အရင်လိုမဟုတ်တော့ဘူး။ တစ်ကားဆိုတစ်ကား ပေါက်အောင်လုပ်၊ အဆင်ပြေရင် ထပ်ဆက်လို့ရအောင် ဇာတ်လမ်းဆင်ထားတာ မျိုးဆိုတာထက် အတွဲလိုက်ရိုက်မယ်ကွ ဆိုပြီး ဇာတ်လမ်းကို မနိုင်မနင်းနဲ့ ဆင်ပြီးမှ ရုပ်ရှင်ပြန်ရိုက်တဲ့ပုံဖြစ်လာကြတယ်။ ဒီကားလည်း ဒီလိုပါပဲ။ တော်တော်လေးကောင်းနိုင်ပေမဲ့ ဒီလို ဆက်ချင်ဆက်လို့ရအောင် အရမ်းလုပ်ယူထားတဲ့ plot တွေကြောင့် ကြောင်တောင်တောင်ဖြစ်သွားတယ်။ ဇာတ်လမ်းက သမရိုးကျ တည်ဆောက်ပုံမျိုးမဟုတ်ဘဲ နည်းနည်းလေး ပွဲစည် ပွဲကြမ်းအောင် ရှုပ်ထားလိုက်ပေမဲ့ သေချာအကိုင်အတွယ်မတတ်တော့ နည်းနည်းကမောက်ကမဖြစ်နေခဲ့တယ်။

ကျန်တဲ့အပိုင်းတွေကတော့ ကောင်းတာမကောင်းတာ mixed ဖြစ်ပြီးရောနေခဲ့တယ်။ သရုပ်ဆောင်ပိုင်းဆိုလည်း ဒီကားမှာ cast တော်တော်လေးစုံတယ်။ Olivia Munn နဲ့ Boyd Brook တို့ နှစ်ယောက်ကတော့ သိပ်ပြီးကြည့်ရအဆင်မပြေဘူး။ ကျန်တဲ့ ဇာတ်ပို့တွေဖြစ်တဲ့ Keegan-Michael Key, Thomas Jane နဲ့ Alfie Allen တို့ကတော့ မဆိုးဘူး။ အချိတ်အဆက်လေး တော်တော်မိတယ်။ ဒါပေမဲ့ တစ်ချက်တစ်ချက် ထထဖေါက်တဲ့ ဇာတ်ညွှန်းကြောင့် သူတို့လည်း သိပ်ကြီး အရာမရောက်ခဲ့ဘူး။ နောက် အရမ်း serious ဖြစ်တဲ့ ကြမ်းပါပေတယ်ဆိုတဲ့ ကားဆိုပေမဲ့ (MCU effect လို့ပြောရမလား) လူတွေက ရယ်ရတာကြိုက်တယ်ဆိုပြီး ဟာသတွေ ကွက်ကွက်ထည့်ထားတယ်။ ကြည့်ရ နည်းနည်းမျှတသလိုလေး ပေါ့ပါးသလိုလေး ဖြစ်ဖြစ်သွားပေမဲ့ ကျွန်တော့်အနေနဲ့ကတော့ သိပ်သဘောမကျဘူး။

The Predator ဟာ အရင်ကားတွေရဲ့ အဆက်ဆိုပေမဲ့ အရင်ကားတွေမကြည့်ဖူးလည်း ကိစ္စမရှိပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ကြည့်ဖူးထားသလောက် ခုဆို ဘာမှမမှတ်မိတော့ဘူးပဲ။ အရင်ကားတွေမှာ လာဖူးလို့ ဒီကားထဲကလူတွေက အကြောင်းနည်းနည်းသိနေတယ်ဆိုတာ သဘောပေါက်ရင် ရပြီ။ အရမ်းကြမ်းတဲ့ action ခန်းတွေပါပေမဲ့ အရမ်းကောင်းတဲ့ ရုပ်ရှင်တော့ မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်တို့လိုလည်း အရမ်းဂျီးများမနေဘဲ ပေါ့ပေါ့ပါးပါးကြည့်ချင်သူတွေအတွက်တော့ ကြည့်ပျော်မဲ့ကားတစ်ကားပါ။

(အညွန်းကိုတော့ Datshin Page မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်)

ဒီဇာတ်ကားအတွက် ဘာသာပြန်ပေးထားတာကတော့ အေးချမ်းအောင်ဖြစ်ပါတယ်။

File Size – 1.7 GB
Quality – Blu-Ray 1080p 6CH
Running Time – 1hr 47min
Format – mkv
Genre – Action, Adventure, Horror
Subtitle – Myanmar (Hard Sub)
Translator – Aye Chan Aung
Encoded By – Htet Aung Moe

The Predator (2018)
The Predator (2018)
The Predator (2018)
The Predator (2018)
The Predator (2018)
The Predator (2018)
The Predator (2018)
The Predator (2018)
The Predator (2018)
The Predator (2018)
The Predator (2018)
The Predator (2018)
The Predator (2018)
The Predator (2018)
The Predator (2018)
The Predator (2018)
The Predator (2018)
The Predator (2018)
The Predator (2018)
No downloads available

Related movies