Exit print mode Print Data A+ A- Undo all

The Prodigy (2019)

What's wrong with Miles?
The Prodigy (2019)The Prodigy (2019)

Synopsis:

မွေးကတည်းက ဉာဏ်ရည်ထက်မြက်ပြီး ရိုးအေးတဲ့ ကလေးတစ်ယောက် ဖြစ်တဲ့ Miles ဆိုတဲ့ ကောင်လေး၊ မွေးရာပါ မျက်လုံးတွေကလည်း တဖက်ကို တရောင်စီနဲ့ ဖြစ်နေခဲ့တဲ့ Miles ဟာ အရွယ်ရောက်လာပြီး မူမမှန်တဲ့ ဆိုးသွမ်းရက်စက်တဲ့ အပြုအမူတွေ ပြု မူလာပါတယ်။

စိတ်ပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာအာသာကတော့ Miles ဟာ တယောက်ယောက်က လူဝင်စားအနေနဲ့ ဝင်စားတာဖြစ်ပြီး ကိုယ့်ရဲ့အတိတ်ဘ၀ကိုမှတ်မိနေရခြင်းက အရင်ဘ၀တုန်းက မပြီးပြတ်သေးတဲ့ကိစ္စတွေကို ဒီဘ၀မှာအဆုံးသတ်ချင်လို့ဖြစ်ကြောင်းရှင်းပြပါတယ်။

ဒါပေမယ့် Miles ကိုဝင်စားတဲ့သူက သာမန်လူမဟုတ်ပဲ လူသတ်သမားတစ်ဦးဖြစ်နေတဲ့အခါမှာတော့……..

အဲဒီလူရဲ့ ရက်စက်တဲ့ အကျင့်စရိုက်တွေ၊ ဆိုးဝါးတဲ့ လက္ခဏာတွေ ပြလာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ၊

မိခင်ဖြစ်တဲ့သူကရော ထိန်းချုပ်နိုင်ပါ့မလား၊

ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာပါ။

ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့မသင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။

ဒီကားထဲက အဓိကသရုပ်ဆောင် Miles နေရာမှာတော့ ဟောလိဝုဒ် ကလေးသရုပ်ဆောင် Jackson Robert Scott က ပါဝင်ထားပြီးတခြားသရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Taylor Schilling၊ Colm Feore နဲ့ Brittany Allen တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။

(ရုပ်ရှင်အညွန်းကို burmese.dvb.no မှကူးယူဖော်ပြပါသည်)

Original title
The Prodigy
Director
Nicholas McCarthy
Stars
Brittany Allen, Colm Feore, David Kohlsmith, Elisa Moolecherry, Jackson Robert Scott, Oluniké Adeliyi, Paul Fauteux, Paula Boudreau, Peter Mooney, Taylor Schilling
Release Date
08 Feb 2019
Rated
R
Runtime
92 min
Awards
N/A
Country
USA, Canada
Budget
USD $6 000 000,00
Revenue
USD $14 856 291,00
Popularity
38.654
Status
Released
ID IMDb.com
tt4504044
IMDB Rating
5.9
IMDB votes
5,650
ID Themoviedb.org
532671
TMDb Rating
5.9
TMDb votes
181