Burmese Subtitle
BluRay 1080p 6CH The Pursuit of Happiness (2006)
Report error

The Pursuit of Happiness (2006)

The Pursuit of Happyness    

PG-13 117 min BiographyDrama

8.0
IMDB: 8.0/10 403,685 votes

, ,

, , , , , , , , ,

Nominated for 1 Oscar. Another 11 wins & 24 nominations.

USA

255

Report error

☘️ ” The Pursuit of Happyness ” မှ ပေးသော ဘဝ သင်ခန်းစာများ ☘️

ကျွန်တော်တို့ Forex Trader တွေအနေနဲ့ မကြည့်မဖြစ် ကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေ အများကြီးရှိပါတယ်။

ကျွန်တော် တစ်ပါတ်တစ်ကားလောက် ” Review ” ရေးပေးသွားမယ် ရည်ရွယ်ထားပါတယ်။

ပထမဆုံးစညွှန်းချင်တာကတော့ ” The Pursuit of Happyness ” ပါ။ ဒီ ဇာတ်ကားကတော့ Financial Market ( Forex & Stock … )

အတွက် ဆိုတာထက် Chris Gardner ဆိုတဲ့ လူတစ်ယောက်ရဲ့ ရုန်းကန်လှုပ်ရှားမှုကနေ ဘဝ သင်ခန်းစာတွေ အများကြီး ရမှာမို့လို့ပါ။

Forex Trader တစ်ယောက်ဟာ အင်မတန်စိတ်ဓာတ်ကြံ့ခိုင်ဖို့၊ အလျှော့မပေးစတမ်း ဇွဲ၊ လုံ့လ ပြင်းထန်ဖို့ အင်မတန် ကို လိုအပ်ပါတယ်။

Chris Gardner ဆီကနေ ရနိုင်တဲ့သင်ခန်းစာတွေကတော့ …

 အမြဲတမ်း ကိုယ့်ကို အားပေးလှုံ့ဆော်ပေးနိုင်မယ့် အရာကို ရှာဖွေပါ

 အခြားသူတစ်ယောက်က ကိုယ့်ကို စိတ်ဓာတ်ကျအောင် လုပ်တာ ဘယ်တော့မှ မခံပါနဲ့

 ကိုယ့်ရဲ့ အတိတ်က ကိုယ့်ရဲ့ ” အနာဂတ် ” ကို ဆုံးဖြတ်ပေးသွားတာမျိုး ဘယ်တော့မှ မဖြစ်ပါစေနဲ့

 တစ်ခါတရံမှာ နောက်တစ်လှမ်းဆုတ်လိုက်တာဟာ ရှေ့တိုးဖို့ တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်တတ်ပါတယ်။

 ယုံကြည်မှုတွေကို ဘယ်တော့မှ မရပ်တန့်ပစ်လိုက်ပါနဲ့။ နောက်ကျသွားပြီဆိုတာ ဘယ်တော့မှ မရှိပါဘူး။

? Chris Gardner ဟာ အရာအားလုံးကို ဆုံးရှုံးခဲ့ရတာပါ။ သူ့ကား၊ သူ့ဇနီး၊ သူ့လုပ်ငန်း၊ သူ့အိမ် … အကုန်ပါပဲ။

သူ မဆုံးရှုံးဘဲ ကျန်နေတာ ” Hope မျှော်လင့်ချက် ” ပါပဲ။

အဲဒီအတွက် ဘာတစ်ခုမှ မရှိဘဲ ဘဝကို ပြန်စ ခဲ့တယ်။ နေ့နေ့ ညည နေပူ မိုးရွာ …

 သူ့ အိပ်မက်တွေအတွက် သူ့ကိုယ်သူ မြှုပ်နှံထားခဲ့တယ်။

ဘာဆင်ခြေမှ မပေးဘဲနဲ့ပေါ့ …

? အကယ်၍ သင့်ဘဝမှာ သင်တကယ် ဖြစ်ချင် တဲ့အရာ တစ်ခုခု ရှိမယ်ဆိုရင် အဲဒီအရာကို ဖြစ်အောင်လုပ်ဖို့ ဘာဆင်ခြေမှ သင့်မှာရှိမှာ မဟုတ်ပါဘူး ?

? အဲဒီ အိပ်မက် အတွက် ဘယ်အရာကိုမဆို၊ ဘယ်လို နည်းနဲ့ မဆို ပေးဆပ်ပါ။

 ကိုယ့်ရဲ့ အိပ်မက်တွေကို ကာကွယ်ပါ။ ” မင်းမလုပ်နိုင်ပါဘူး ” လို့ ဘယ်သူပြောတာကိုမှ လက်မခံပါနဲ့။

 အချိန် နှင့် ငွေကို တန်ဖိုးထားပါ။

 အခက်အခဲဆိုတာ ရှောင်လွှဲလို့ မရတဲ့အရာပါပဲ။

 ဥမင်လှိုဏ်ခေါင်းတစ်ခုကို အဆုံးထိ မမြင်နိုင်ပါဘူး။ အနားနားကိုကြည့်ရင် အမှောင်ကိုပဲ တွေ့ရပါလိမ့်မယ်။ အလင်း ကို တွေ့ချင်ရင် အဆုံးထိသွားရပါလိမ့်မယ် …

ဘဝဆိုတာလည်း ဒီအတိုင်းပါပဲ

? စိုးရိမ်ပူပန်ခြင်း၊ မျှော်လင့်ချက် ပျက်သုဉ်းခြင်း၊ ကြံရာမရ အရူးမီးဝိုင်းဖြစ်ခြင်း ဆိုတာ ဘဝမှာကြုံရနိုင်ပါတယ်။

 ဒါပေမယ့် အလင်းရောင် ကို တွေ့ရဖို့ဆိုတာ အလင်းရောင် ရှိတယ်လို့ သင့်ရင်ထဲ အသည်းထဲက ယုံကြည်နေဖို့ လိုပါတယ်။

” Believe ယုံကြည်ပါ ” ယုံကြည်မှု ဆိုတာ နေရောင်ခြည်မထွက်ခင် ရောင်နီလေးပါပဲ။

☘️ ဘဝဆိုတဲ့ ပြိုင်ပွဲရှည်ကြီးမှာ ကိုယ့်ကိုယ်ကိုယ် ဆုချပါ။ သင်လုပ်ခဲ့သမျှ အရာတိုင်းအတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုပါ။

☘️ အနားယူတတ်ဖို့ သင်ယူပါ။ အနည်းဆုံးတော့ အသက်ဝအောင် ရှူရမယ်လေ။

? သင်လုပ်နိုင်ပါတယ်၊ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။
” ကိုယ့်ကိုယ်ကိုယ်တော့ တစ်ခါလောက်တောင် သံသယမဖြစ်ပါနဲ့ ”

?? အိုးမဲ့အိမ်မဲ့ ဆင်းရဲ ငတ်မွတ် နေတဲ့ Christ Gardner ဟာ မျှော်လင့်ချက်၊ ရိုးသားမှု၊ အပြင်းအထန် ကြိုးစားမှု တွေနဲ့ ဘဝရဲ့ ပျော်ရွှင်မှု ကို ရယူနိုင်ခဲ့ပါတယ်။

The Pursuit of Happiness ဇာတ်ကား ကနေ သင်ဟာ စိတ်ခွန်အားတွေ အများကြီး ရရှိပါလိမ့်မယ်။
အခြားဇာတ်ကားတွေလို Financial Market နဲ့ အများကြီး သက်ဆိုင်တာ မရှိသေးပေမယ့် ” Forex Trader ”

တွေ အကြည့်သင့်ဆုံး ဇာတ်ကားစာရင်းမှာ ထိပ်ဆုံးတန်းမှာ ရှိပါတယ်။

Movie Review ကိုThe Disciplined Trader Facebook Page မှကူးယူထားပါတယ် Thank Bro

The Pursuit of Happiness (2006)
The Pursuit of Happiness (2006)
The Pursuit of Happiness (2006)
The Pursuit of Happiness (2006)
  • Download Links Server Size Quality