Burmese Subtitle
BluRay 1080p 6CH The Shallows (2016)
Report error
Report error
[Unicode]
ဒီဇာတ်ကားနဲ့ ပက်သက်ပြီး Trailer စကြည့်တုန်းက ကောင်မလေးတစ်ယောက် ရေလွှာလျှောစီးရင်း ငါးမန်းနဲ့တွေ့တဲ့ဇာတ်ကား ၊ သာမန်ရိုးရိုးဇာတ်ကားလောက်သာထင်ထားခဲ့ပေမဲ့ အခုတကယ်တမ်း ကြည့်လိုက်တဲ့အခါမှာတော့ တစ်ချို့အချက်လေးတွေကိုသတိထားမိပါတယ်။ ငါးမန်းဇာတ်ကားတော်တော်များများကြည့်ဖူးခဲ့ပေမဲ့ အခု The Shallows ဇာတ်ကားမှာသတိထားမိခဲ့တဲ့အချက်ကတော့ Cinematography ပါပဲ။
.
ဒီဇာတ်ကားရဲ့ Director က House of Wax ၊ Unknown ၊ Non-Stop စတဲ့ဇာတ်ကားတွေကိုုရိုက်ကူးထားတဲ့ Jaume Collet-Serra ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအတွက် Location က ကမ်းခြေတစ်ခုထဲမှာပဲရိုက်ကူးထားတယ်ဆိုပေမဲ့ အဲ့ဒီ ကမ်းခြေနဲ့ ရေတွေကိုပဲ Director အနေနဲ့ တော်တော်ကိုလက်စွမ်းပြထားတာတွေ့ရတယ်။ အထူးသဖြင့် ရေထဲကရိုက်ကွက်တွေအတွက်ပါ။ Surfing လုပ်တဲ့အခါမှာ Closeup Shot တွေတော်တော်ထည့်သုုံးထားတာတွေ့ရတယ်။ ရေတွေကိုလုံးဝအနီးကပ်ပြီးဆွဲလိုက်ပြီး ရေပေါ်နဲ့ ရေအောက်ကိုတစ်ခါတည်းပေါ်အောင်ရိုက်ထားတဲ့အကွက်တွေကိုတော့ ကျွန်တော်တော်တော်သဘောကျပါတယ်။ မသိရင်ပဲ ကိုယ်ရေထဲဆင်းပြီးသူတို့ကိုကြည့်နေရသလိုမျိုးရိုက်ထားတာမျိုးပါ။
.
နောက်ပြီးတော့ အပေါ်ကနေ Drone နဲ့ရိုက်ထားတဲ့ရိုက်ကွက်တွေလဲမိုက်တယ်။ Storyline ကနဂိုတည်းကရှင်းရှင်းလင်းလင်းဖြစ်နေလို့ ဘာမှပြောစရာသိပ်မရှိပေမဲ့ တစ်ချို့ ဇာတ်ဝင်ခန်းတွေကတော့ သိပ်ယုတ္တိမရှိဘူးလို့ပြောလို့ရပါတယ်။ ဒီဇာတ်ကားမှာက ငါးမန်းဘယ်လောက်ကြမ်းလဲဆိုတာပြထားတာမဟုတ်ပဲနဲ့ ငါးမန်းလက်ကဘယ်လိုလွတ်အောင်လုပ်ရမလဲဆိုပြီးကြိုးစားနေတဲ့ မင်းသမီးကိုုအဓိကပြထားတာကြောင့် ငါးမန်းဇာတ်ကားဆိုပြီး ငါးမန်းကိုကြည့်ချင်တဲ့လူတွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် ဒီဇာတ်ကားက Tom Hanks ရဲ့ Cast Away ရဲ့ဇာတ်လမ်း ပုံစံကိုသွားယူထားသလိုဖြစ်နေပြီး Cast Away လောက်ဇာတ်လမ်းကသိပ်စိတ်ဝင်စားစရာမကောင်းသလို ၊ သရုပ်ဆောင်မင်းသမီးအနေနဲ့လဲ သိပ်ပီပြင်အောင်သရုပ်မဆောင်နိုင်ဘူးလို့မြင်ပါတယ်။ Tom Hanks နဲ့သွားယှဉ်ပြီး မြင်မိလိုု ့ထင်ပါရဲ
Review Credit to Datshin Facebook Page
[Zawgyi]
.
.
The Shallows (2016)
The Shallows (2016)
The Shallows (2016)
The Shallows (2016)
The Shallows (2016)
The Shallows (2016)
The Shallows (2016)
The Shallows (2016)
The Shallows (2016)
The Shallows (2016)
The Shallows (2016)
The Shallows (2016)
The Shallows (2016)
The Shallows (2016)
The Shallows (2016)
The Shallows (2016)
The Shallows (2016)
The Shallows (2016)
The Shallows (2016)
The Shallows (2016)
The Shallows (2016)
The Shallows (2016)
The Shallows (2016)
The Shallows (2016)
The Shallows (2016)
No downloads available
Related movies