ပုံပြင်ပြောတဲ့နေရာမှာ ဆရာကျတဲ့ Guillermo del Toro ရဲ့ နာမည်ကျော်ပုံပြင်တစ်ပုဒ်ကို ရုပ်ရှင်အဖြစ်ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်
1960 ခုနှစ် စစ်အေးကာလအတွင်း အမေရိကမှာရှိတဲ့ ပင်လယ်နားကမြို့ငယ်လေးတစ်မြို့မှာ အယ်လိုင်ဆာဆိုတဲ့ စကားမပြောနိုင်တဲ့
ကောင်မလေးတစ်ယောက်နေထိုင်ပါတယ် အယ်လိုင်ဆာက စကားမပြောနိုင်ဘူးဆိုပေမဲ့ သူများပြောတာကိုတော့ ကြားနိုင်ပါတယ်
သူကတစ်ဦးတည်းနေထိုင်သူဖြစ်ပြီး တိုက်တစ်ခုထဲမှာအတူငှါးနေတဲ့ ဘဝတူမိတ်ဆွေကြီးဂိုင်းစ်ကို အဖော်ပြုပေးရင်း အစိုးရရဲ့
လျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခုမှာ ညဘက်သန့်ရှင်းရေးအဖြစ် လုပ်ကိုင်နေသူပါ ဇယ်ဒါဆိုတဲ့ အမျိုးသမီးကြီးကတော့ အယ်လိုင်ဆာကို
ဆယ်နှစ်ကျော်လောက်ခင်မင်ခဲ့တဲ့ မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ပြီး အလုပ်အတူလုပ်ပါတယ် တရက်မှာ အယ်လိုင်ဆာအလုပ်လုပ်တဲ့
ဓာတ်ခွဲခန်းကို ထူးဆန်းသတ္တဝါတစ်ကောင်ဖမ်းဆီးလာပြီး ဓာတ်ခွဲစစ်ဆေးဖို့ အေးဂျင့်စတွိုက်ကလန်းဆိုသူ ရောက်ရှိလာခဲ့ပါတယ်
ထူးဆန်းသတ္တဝါကြီးကို အယ်လိုင်ဆာမထင်မှတ်ဘဲတွေ့ရှိသွားပြီးနောက် သနားစိတ်ဝင်ကာ ကယ်ထုတ်ဖို့ကြိုးစားတဲ့အခါ………
2018 Golden Globes ဆုပေးပွဲမှာ Best Director နဲ့ Best Original Score ဆုတို့ကို ထိုက်တန်စွာရရှိထားတဲ့
ဇာတ်ကားကောင်းလေးဖြစ်လို့ မကြည့်မိရင် အတော်နှမျောစရာကောင်းပါတယ်
အညွှန်းကိုတော့ mmsubtitles မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်……
Translator — Aung Ko Myint
Encoder — K#/4nt_M1nn_K0