Exit print mode Print Data A+ A- Undo all

The Terminal (2004)

Life is waiting.
The Terminal (2004)The Terminal (2004)

Synopsis:

Tom Hanks ခေါင်းဆောင်ပါဝင်တဲ့ ဒီကားက ဟာသကားဆိုပေမဲ့ လူငယ် လူရွယ်များ ဗဟုသုတရနိုင်တဲ့ကားမို့ ရုပ်ရှင်ပရိသတ်အတွက် မိတ်ဆက်ပေးလိုပါတယ်။ အရှေ့ ဥရောပသား Viktor Navorski က အမေရိကားကို ထွက်လာစဉ်က ဗီဇာပါလာပေမဲ့ နယူးယောက်လေဆိပ်ကို ရောက်ချိန်မှာ ပြည်ဝင်ခွင့် ငြင်းဆိုခံလိုက်ရပါတယ်။ အကြောင်းက သူ့တိုင်းပြည် မငြိမ်မသက်ဖြစ်ပြီး အမေရိကားက သံတမန်ဆက်ဆံရေး၊ စီးပွားရေး အားလုံး ရုတ်တရက် ပိတ်ဆို့လိုက်ပါတယ်။ ဘယ်အချိန်ပြန်ဖွင့်မယ်ဆိုတာမသိတဲ့အတွက် သူဟာ ဘယ်အချိန်ပြည်ဝင်ခွင့်ရမယ်ဆိုတာ မပြောနိုင်သလို သူ့ပတ်စပို့ကိုလည်း အမေရိကားက လက်မခံတဲ့အတွက် ပြည်တော်ပြန်လို့လည်းမရဘဲ လေဆိပ်ထွက်ခွါဆောင်မှာပဲ နေဖို့ ဖြစ်လာပါတယ်။ လေဆိပ်အုပ်တာဝန်ခံ Frank က သူကို အစပိုင်းမှာ လေဆိပ်ထဲမှာ နေခိုင်းထားပေမယ့်၊ သူရာထူးတို့ဖို့ အတွက် Review လုပ်မယ့် အဖွဲ့တွေလာတဲ့အခါမှာတော့ Viktor တစ်ယောက် လေဆိပ်ထဲမှာ ရှိနေရင် သူ့အတွက် တာဝန်များတာကြောင့် Viktor ကို လေဆိပ်ထဲက မောင်းထုတ်ဖို့ ကြိုးစားပါတယ်။ သူ့ပတ်စ်ပို့က သုံးမရဖြစ်နေတာကြောင့် တိုင်းပြည်ကို ပြန်လို့မရတဲ့အတွက်၊ သူ့ကိုမောင်းထုတ်ဖို့ဆိုရင် အမေရိကားထဲကို ပေးဝင်ရမှဖြစ်ပါတယ်။ အဲ့ဒီအခါမှာ Frank က Viktor ကို လူအများ လက်ခံလောက်တဲ့ တရားရုံးမှာ ထွက်ပြေးဒုက္ခသည်အနေဖြင့် Asylum နေထိုင်ခွင့်ရဖို့ အကြံပေးပေမဲ့ လူရိုးကြီး Viktor က သူ့တိုင်းပြည်ကို ပြန်ဖို့ ၀န်မလေးကြောင်း ပြန်လည်ချေပပြောဆိုခဲ့ပုံကိုလည်း ဟာသနှောပြီးတင်ဆက်ထားပါတယ်။ ကံကြမ္မာအပြောင်းအလဲကြောင့် လေယာဉ်မယ် Catherine Zeta-Jones ကို ကူညီရင်း သံယောဇဉ်တွယ်မိသလို သူ့ကို ကူညီတဲ့ မိတ်ဆွေများ ရရှိခဲ့ပါတယ်။ Viktor ဟာ သူ့အတွက် ဘယ်မှ ခြေချခွင့်မရှိပေမဲ့ ရေခြားမြေခြားတိုင်းတပါးမှာ ဇွဲမလျှော့ စိတ်မပျက်ဘဲ ကြိုးစားနေထိုင်ပုံ၊ ဘာသာစကားမတတ်သော်လည်း မိတ်ဆွေအပေါင်းအသင်းဖွဲ့ကာ အလုပ်ရှာဖွေ လုပ်ကိုင်ပုံတွေကို ဟာသသဖွယ်ကြည့်ရှုရမှာပါ။ ကြည့်သင့်တဲ့ ကားကောင်းတကားပါ။ Tom Hanks ရဲ့ ပီပြင်တဲ့ မအူမလည် သရုပ်ဆောင်ချက်၊ ဒါရိုက်တာရဲ့ ဇာတ်လမ်းဇာတ်ကွက် ဖန်တီးပုံ အံဝင်ခွင်ကျဖြစ်လို့ ကြည့်ရှုသူပရိသတ်များ သဘာဝကျကျ ရယ်မောရမှာပါ။ ဒီကားမှာ Tom Hanks က အင်္ဂလိပ်စကားမကျွမ်းကျင်တဲ့ နိုင်ငံခြားသားတစ်ယောက်အနေနဲ့ အတော် ပီပြင်စွာ သရုပ်ဆောင်ထားတာကို မြင်တွေ့ရမှာပါ။ ဒါအပြင် ဇာတ်လမ်းရဲ့အလှည့်အပြောင်းအနေနဲ့ သူအမေရိကားကို လာရတဲ့ အဓိကရည်ရွယ်ချက်ကို ဇာတ်သိမ်းပိုင်းမှာ ပြထားပြီး သူရဲ့ရည်ရွယ်ချက်က လူအများအတွက် ထူးဆန်းနေပေမယ့် လူရိုးကြီး Viktor ရဲ့ မပီကလာပီကလာ အင်္ဂလိပ်စကားနဲ့ ရှင်းပြတဲ့အခါမှာတော့ မင်းသမီး Catherine Zeta-Jones ကိုသာမက ပရိတ်သတ်ရင်ကိုပါ ထိမှန်စေပါတယ်။ မိသားစုအတူတူ ကြည့်ရှုနိုင်ပါတယ်။

No sex, no nudity, scene of alcoholic and smoking cigarettes can be seen.

Credit to#Jisu (ရုပ်ရှင်မိတ်ဆက်)

File Size – 1.99 GB
Quality – Blu-Ray 1080p 6CH
Running Time – 2hr 08min
Format – mkv
Genre – Comedy, Drama, Romance
Subtitle – Myanmar (Hard Sub)
Translator – Thet Zin
Encoded By – K#/4nt_M1nn_K0

Original title
The Terminal
Director
Ana Maria Quintana, Jessica Lichtner, Steven Spielberg
Stars
Barry Shabaka Henley, Catherine Zeta-Jones, Chi McBride, Diego Luna, Eddie Jones, Jude Ciccolella, Kumar Pallana, Stanley Tucci, Tom Hanks, Zoe Saldana
Release Date
18 Jun 2004
Rated
PG-13
Runtime
128 min
Awards
5 wins & 4 nominations.
Country
USA
Budget
USD $60 000 000,00
Revenue
USD $219 417 255,00
Popularity
8.237
Status
Released
ID IMDb.com
tt0362227
IMDB Rating
7.3
IMDB votes
351,299
ID Themoviedb.org
594
TMDb Rating
7.2
TMDb votes
3134